အမျိုးသားများနဲ့ ပေါင်ကြားကအယားပြဿနာ

 

အမျိုးသားများနဲ့ ပေါင်ကြားကအယားပြဿနာ

အမျိုးသားတစ်ယောက်အနေဖြင့် လူလယ်ကောင်မှာ ဘောင်းဘီခွကြား ကုတ်နေရရင်တော့ ရုပ်ပျက်စရာပါ။အင်္ဂါမှာ မိူပိုးစွဲခြင်းရောဂါသည် အမျိုးသမီးများတွင် ဖြစ်လေ့ရှိသော်လည်းအမျိုးသားများတွင်လည်း ဖြစ်တတ်ပါတယ်။လိင်တံမိူပိုးစွဲခြင်းကို သင်သေချာသတိထားမကုသခဲ့ရင် နာကျင်ခြင်း၊ယားယံခြင်းစသည့်အရှက်ရဖွယ် လက္ခဏာများဖြစ်လာပါလိမ့်မယ်။သွေးထဲထိပြန့်နှံ့ခဲ့သော် နောက်ဆက်တွဲဆိုးကျိုးများစွာ ဖြစ်လာပါလိမ့်မယ်။

(1)လိင်တံမိူပိုးစွဲခြင်း လက္ခဏာများမှာ

လိင်တံမိူပိုးစွဲခြင်း ပထမဦးဆုံးလက္ခဏာများမှာ နီရဲသောအကွက်များနှင့်တခါတရံ လိင်တံပေါ်တွင်အဖြူကွက်များထခြင်းစသည်တို့ဖြစ်ပါတယ်။လိင်တံအရေပြားသည် စိုစွတ်နေပြီး အရေပြားအတွန့်များအကြား အဖြူဖတိတွေဖြစ်နေပါလိမ့်မယ်။ယားယံခြင်းနှင့် လိင်တံပူစပ်စပ်လက္ခဏာများခံစားရပါလိမ့်မယ်။လိင်တံ နီရဲယားယံနာကျင်ခြင်းသည် အခြားသောလိင်ဆက်ဆံခြင်းကြောင့်ကူးစက်နိုင်သောရောဂါများကြောင့်လည်းဖြစ်နိုင်သောကြောင့် မပေါ့ဆသင့်ပါ။
(2)လိင်တံမိူပိုးစွဲခြင်းဖြစ်စေသောပိုး

Candidaလို့ခေါ်သော မိူပိုးကြောင့် လိင်တံမိူပိုးစွဲခြင်းဖြစ်စေပါတယ်။အများအားဖြင့် ကိုယ်ပေါ်တွင် Candidaသည် ရှိနေနိုင်သော်လည်း ပေါက်ပွားများလာသောအခါ ရောဂါဖြစ်စေပါတယ်။အရေပြားစိုစွတ်မူကြောင့်ပိုဆိုးစေပါတယ်။လိင်တံမိူပိုးစွဲခြင်း ဖြစ်စေသောအဓိကအကြောင်းရင်းများမှ အချက်တချက်မှာ မိူပိုးစွဲနေသောအမျိုးသမီးနှင့်အကာကွယ်မဲ့လိင်ဆက်ဆံခြင်းကြောင့်ဖြစ်ပါတယ်။လိင်ဆက်ဆံခြင်းကြောင့်မဟုတ်ဘဲ တကိုယ်ရည်သန့်ရှင်းမူအားနည်းခြင်းကြောင့်လည်း ဖြစ်စေပါတယ်။

(3)လိင်တံမိူပိုးစွဲခြင်းဖြစ်စေသောအချက်များ

လိင်ဆက်ဆံမူများခြင်းသည် မိူစွဲရန်ဖြစ်စေသောအကြောင်းဖြစ်သည့်အပြင် လိင်တံအရေပြားရှည်သည်ကို ဖြတ်ခြင်းမပြုလုပ်ပါက အဆိုပါ အရေပြားအတွန့်များအကြားမိူပိုးပေါက်ရန် အခြေအနေဖြစ်စေပါတယ်။ရေချိုးတိုင်းသန့်ရှင်းရေးမပြုလုပ်ပါက ပိုမိုပေါက်နိုင်ပါတယ်။အခြားသောအချက်များမှာ ပိုးသတ်ဆေးအချိန်ကြာလွန်ကြူးသုံးခြင်း။ဆီးချိုနှင့်အဝလွန်ရောဂါရှိခြင်းစသည်တို့ဖြစ်ပါတယ်။ခုခံအားကျဆင်းသောရောဂါရှိခြင်းနှင့်ခုခံအားကျစေသောကင်ဆာကုထုံးခံယူနေသောအခြေအနေများကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။

(3)ရောဂါရှာဖွေမူ

ဆရာဝန်နှင့်သေချာစမ်းသပ်မူခံယူပြီး လိင်တံအရေပြားကိုခြစ်ရျ် မိူပိုးမွေးခြင်းစသည့်နညိးဖြင့် ရောဂါရှာဖွေကုသပါ။စောစီးစွာစမ်းသပ်ရှာဖွေကုသလျှင်နောက်ဆက်တွဲဆိုးကျိုးများရှောင်ရှားနိုင်ပါလိမ့်မယ်။

(4)ကုသမူ

လိင်တံမိူပိုးစွဲခြင်းရောဂါခံစားသူအများစုသည် မိူပိုးသတ်ဆေးများလိမ်းရုံဖြင့်သက်သာစေနိုင်ပါတယ်။အလွယ်တကူဝယ်ယုရရှိနိုင်သောလိမ်းဆေးများ ဥပမာ miconazole;imidaxole;clotrimazole အသုံးပြုနိုင်ပါတယ်။သောက်ဆေးလိုအပ်သူများအနေဖြင့် အိမ်ထောင်သည်ဖြစ်ပါက ၂ယောက်စလုံးကုသမူခံယူသင့်ပါတယ်။လိင်တံမိူပိုးစွဲခြင်းသည် လိမ်းဆေးနှင့်မသက်သာပါက အရေပြားဖြတ်ခြင်းပြုလုပ်သင့်ပါတယ်။လိမ်းဆေးသောက်ဆေးအပြင် တကိုယ်ရည်သန့်ရှင်းမူဂရုစိုက်ခြင်း။ဆီးချို ထိန်းခြင်းအစရှိသည်တို့ကိုပါ အထူးဂရုစိုက်ပါ။

(5)နောက်ဆက်တွဲဆိုးကျိုးများ

လိင်တံမိူပိုးစွဲခြင်းကိုသေချာမကုသပါက လိင်တံထိပ်ရောင်ရမ်းနာဖြစ်ခြင်း။ဆီးသွားခြင်းပြဿနာများဖြစ်နိုင်ပါတယ်။ကိုယ်ခံအားနည်းရောဂါရှိသူများသည် မိူပိုးရောဂါသည် သွေးကြောထဲသို့ပြန့်နှံ့ကာ အခြားအင်္ဂါများသို့ ရောက်ရှိနိုင်ပါတယ်။မိူပိုးစွဲကပ်သောရောဂါသည် သေချာရက်ရှည်ကုသရန်အထူးလိုအပ်ပါတယ်။

Dr.ပြည့်ရှင်း