ယောကျ်ားတွေလည်း သားကြောဖြတ်သင့်သလား        

 

ယောကျ်ားတွေလည်း သားကြောဖြတ်သင့်သလား

ကလေးမရအောင်ကိုယ်ဝန်တားခြင်းသည် အမျိုးသမီးတစ်ယောက်သာလျှင်တာဝန်ယူပြုလုပ်ရသောနည်းလမ်းများသာရှိသည်ဟု သင်ယူဆထားပါသလား?အချို့အမျိုးသမီးများအတွက် ဟော်မုန်းဆေးတားနည်းများသည် နှစ်ရှည်သုံးစွဲခြင်းကြောင့်ဆိုးကျိုးများသည်ကို အမျိုးသားများကူညီဖြေရှင်းနိုင်သည်ကို သင်သိပါသလား?
သွေးမဆုံးမှီထိ အမျိုးသမီးများ တားဆေးမသုံးစွဲရဘဲ တားသောနည်းလမ်းမှာ သားကြောဖြတ်ခြင်းဖြစ်ပါတယ်။ထို့အပြင် အမျိုးသားများလည်း သားကြောဖြတ်ရျ် ရသည်ကို သင်သိပါသလား?အမျိုးသမီးများသားကြောဖြတ်ခြင်းသည် လူတိုင်းနီးပါးနားလည်သော်လည်း အမျိုးသားများသားကြောဖြတ်ခြင်းကို အမျိုးသားများပြုလုပ်ရန် တွန့်ဆုတ်တတ်ကြပါတယ်။ယောကျာၤးသားကြောဖြတ်လျှင် ယောကျာၤးစွမ်းဆောင်မူလျော့ကျသွားမလားစိတ်ပူတတ်ပါတယ်။
(1)အမျိုးသား သားကြောဖြတ်ခြင်းဆိုသည်မှာ
အမျိုးသားများသားကြောဖြတ်ခြင်းသည် တက်စတိထဲသို့သုတ်ပိုးဝင်ရောက်မူတားခြင်းဖြစ်ပြီး သုတ်ပိုးသည် မိန်းမအင်္ဂါထဲသို့မဝင်ရောက်ခြင်းကြောင့် ကိုယ်ဝန်မရအောင်းပြုလုပိသောနည်းလမ်းဖြစ်ပါတယ်။အမျိုးသားများစိတ်ပူနေသော လိင်စွမ်းဆောင်ရည်ကျဆင်းခြင်း မရှိပါ။ပုံမှန်အတိုင်းပင်ဖြစ်ပါတယ်။
အမျိုးသား သားကြောဖြတ်ခြင်းသည် 100%အောင်မြင်နိုင်ပါတယ်။ပြန်ဆက်ရန်မှာ အလွန်ရှားပါးသောကိစ ္စတစ်ရပ်ဖြစ်ပါတယ်။သားကြောဖြတ်ပြီးနောက်သုတ်ပိုးအနည်းငယ်ထွက်တတ်ပါတယ်။
(2)သားကြောဖြတ်တယ်ဆိုတာဘယ်လိုလဲ?
ခွဲစိတ်ဆရာဝန်သည် လိင်တံအောက် ကယ်ပယ်အိတ်ကိုအနည်းငယ်ခွဲရျ် vas deferensလို့ခေါ်တဲ့ပြွန်ကို ဖြတ်ခြင်း ချည်ခြင်းဖြင့် ပြွန်ကိုပိတ်လိုက်ပါတယ်။ပြီးနောက်ခွဲကြောင်းကိုပိတ်ပြီး သားကြောဖြတ်ခြင်းပြီးဆုံးပါပြီး။
(3)သားကြောဖြတ်ပြီးနောက် ဘာတွေခံစားရမလဲ?
သားကြောဖြတ်ပြီး ရက်အနည်းငယ်ထိ  အနည်းငယ်နာတတ်ပါတယ်။တရက်ခန့်ကောင်းစွာအနားယူပါ။တစ်ပတ်ကျော်ထိ အနာမသက်သာဆေးခန်းပြန်ပြပါ။သောကြာနေ့တွင်သားကြောဖြတ်ပါက တနလာၤနေ့တွင်အလုပ်ပြန်ဆင်းနဖုင်ပါပြီ။
(4)သားကြောဖြတ်ပြီးနောက်လိင်ဆက်ဆံရမည့်အချိန်?
သားကြောဖြတိပြီး ရက်အနည်းငယ်အကြာတွင်လိင်ဆက်ဆံမူပြုလုပ်နိုင်ပါတယ်။သုတ်ပိုးအနည်းငယ်ထွက်နေနိုင်သောကြောင့် အခြားတားနည်းတခုခုတော့အသုံးပြုပါ။သားကြောဖြတ်ပြီး သုတ်ရည်လွှတ်သည့်အကြိမ် ၁၀မှ၂၀ကြိမ် ပြုလုပ်ခဲ့ပြီးနောက် တားနည်းသုံးရန်မလိုအပ်တော့ပါ။
(5)ဆိုးကျိုးများ
သားကြောဖြတိခြင်သည် အသေးစားခွဲစိတ်မူတစ်ခုဖြစ်သောကြောင့် လွယ်ကူလျင်မြန်ပါတယ်။ဆိုးကျိုးအထွေအထူးမဖြစ်တတ်ပါ။သို့သော် ရောင်ရမ်းခြင်း။ပိုးဝင်ခြင်းစသည့်တို့ တခါတရံဖြစ်လေ့ရှိသော်လည်း မပြင်းထန်တတ်ပါ။
သားကြောဖြတ်ခြင်းကြောင့် ဟော်မုန်းပြောင်းလဲခြင်း။လိင်တံထောင်မတ်မူအားနည်းခြင်း။စွမ်းဆောင်မူလျော့နည်းခြင်းများ မဖြစ်စေပါ။
သားကြောဖြတ်ခြင်းကြောင့် ဆီးကျိတ်ကင်ဆာဖြစ်စေမူသည် ဆက်စပ်မူမရှိသောကြောင့် ကင်ဆာဖြစ်စေသောယူဆချက်များကို သံသယမဖြစ်သင့်ပါ။
(6)သားကြောဖြတ်ခြင်းသည် ကူးစက်ရောဂါများကာကွယ်နိုင်သလား?
သားကြောဖြတ်ခြင်းကြောင့် လိင်ဆက်ဆံမူကြောင့်ကူးသောကူးစက်ရောဂါများ မကာကွယ်နိုင်ပါ။ထို့ရောဂါများမကူးစက်ရန် ကွန်ဒုံးသုံးပါ။
ထို့ကြောင့်မိမိအမျိုးသမီးကို ရေရှည်တားဆေးသုံးစွဲမူသက်သာစေရန် အမျိုးသားများသားကြောဖြတ်ခြင်းသည် အကောင်းဆုံးနည်းလမ်းတစ်ခုသာဖြစ်ပါတယ်။

ဆက်စပ် ဆောင်းပါးများ