ဆယ်ကျော်သက်နှင့် စိတ် ၂ မျိုး

ဆယ်ကျော်သက်နှင့် စိတ် ၂ မျိုး

ဆယ်ကျော်သက်အရွယ်တွင် စိတ်ဓာတ်အတက်အကျမမှန်မှုသည် စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပါတယ်။ စိတ် ၂ ခွဖြစ်နေသူသည် စိတ်ဓာတ်ကျလိုက်၊ မိမိကိုယ်မိမိအထင်ကြီးခြင်း အစရှိသည့်အခြေအနေကိုဆိုလိုပါတယ်။

ဆယ်ကျော်သက်အရွယ်တွင် ဟော်မုန်းပြောင်းလဲမူကြောင့် စိတ်အခြေအနေပြောင်းလဲမှု အလွယ်တကူဖြစ်စေတတ်သည်ကိုလည်း သတိထားသင့်ပါတယ်။ စိတ် ၂ ခွဖြစ်သူသည် စိတ်ဓာတ်အခြေအနေပြောင်းလဲမှုမြန်ဆန် တည်ငြိမ်မူမရှိခြင်းကြောင့် နေ့စဉ်နေထိုင်မူကို အနှောက်အယှက်ဖြစ်စေနိုင်သောကြောင့် ကုသမူခံယူရန်လိုအပ်ပါတယ်။

ကုသမူပေးသူများအနေဖြင့် ……..

စိတ်အတက်အကျမမှန်ခြင်းနှင့် ဆယ်ကျော်သက်အရွယ်ဆက်စပ်မူကို သေချာလေ့လာပြီး အခြားသောဆယ်ကျော်သက်အရွယ် စိတ်ပြောင်းလဲမူနှင့် ကွာခြားကို သိရှိရန်လိုအပ်ပါတယ်။

စိတ် ၂ ခွဖြစ်နေသူသည် နာတာရှည်အခြေအနေဖြစ်ပြီး လူတစ်ယောက်စိတ်အခြေအနေနှင့် ခွန်အားပေါ်မူတည်၍ ပြောင်းလဲမူဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် စိတ်ဓာတ်တက်ကြွခြင်းနှင့် စိတ်ဓာတ်ကျခြင်း၊ နှစ်ခွဖြစ်နိုင်သည်။ သို့သော် အချို့လူများတွင် စိတ်ဓာတ်တက်ကြွခြင်း၊ မိမိကိုယ်မိမိအထင်ကြီးလွန်ခြင်းသည်သာဖြစ်ပြီး စိတ်ဓာတ်ကျခြင်းမရှိပါ။

စိတ်ဓာတ်တက်ကြွသောအချိန်တွင် လူတစ်ယောက်သည် ပုံမှန်ထက်အားအင်ပြည့်သလိုခံစားရခြင်း၊ ပိုမိုစိတ်လူပ်ရှားခြင်းများ ဖြစ်နေပါတယ်။ ပုံမှန်ထက် တက်ကြွနေတတ်ပါတယ်။
အဆိုပါလူများသည် ၎င်းတို့ကိုယ်တိုင် အလွန်အမင်းပျော်ရွှင်ပြီး ဘဝရဲ့ စိတ်ကျေနပ်မူအမြင့်ဆုံး အခြေအနေကို ဖော်ပြပါတယ်။

စိတ်ဓာတ်ကျသောအချိန်တွင် အရာအားလုံးကို စိတ်ဝင်စားမူမရှိဘဲ မျော်လင့်ချက်မဲ့ကာ ဝမ်းနည်းလွယ် ခံစားလွယ်သောအခြေအနေကိုဖြစ်စေပါတယ်။

အဆိုပါ အခြေအနေ ၂ ခုကြားတွင် ပုံမှန်စိတ်အခြေအနေ အပြုအမူသို့ ပြန်ပြောင်းနိုင်ပါတယ်။ စိတ် ၂ ခွဖြစ်နေခြင်းအတွက် ပျောက်ကင်းအောင်ကုသမူမရှိသော်လည်း ဆေးဝါးကုသမှုနှင့် လူနေထိုင်မူပြောင်းလဲခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

စိတ်ဓာတ်ပြောင်းလဲမူသည် မည်သည့်အတွက်ကြောင့်ဖြစ်နိုင်သည်ဟု ဆရာဝန်များ သေချာအကြောင်းရင်းမသိပါ။ မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်အခြေအနေများ၊ ဦးနှောက်ဓာတ်များစသည်တို့ အားလုံးကြောင့်ဖြစ်နိုင်ပါတယ်။

ဆယ်ကျော်သက်အရွယ်တွင်ဖြစ်ခြင်းသည် အသက်အရွယ်ကြီးသူများတွင်ဖြစ်ခြင်းထက် ရောဂါရှာဖွေရန် ခက်ခဲပါတယ်။ သွေးဖောက်စစ်ဆေးခြင်း၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း စသည့်နည်းလမ်းများဖြင့် ရှာဖွေခြင်းပြုလုပ်၍ မရပါ။ လူနာနှင့်ဆရာဝန်အပြန်အလှန် မေးခွန်းများမေးခြင်းဖြင့် ရောဂါရာဇဝင်ကို ရှာဖွေရပါတယ်။ စိတ်ရောဂါအထူးကုဆရာဝန်နှင့်ပြသကာ လိုအပ်ပါကဆေးရုံတက်ကုသမူခံယူရသည်အထိပြင်းထန်နိုင်ပါတယ်။

ကုသမူအနေဖြင့် ဆေးဝါး၊ လူနေမှုပုံစံပြောင်းလဲခြင်းဖြင့် ကုသရပါတယ်။ ဆေးဝါးဖြင့်ကုသခြင်းအပြင် စိတ်ကုသမှု၊ မိသားစုစောင့်ရှောက်မှု၊ တစ်ဦးနဲ့ တစ်ဦးအပြန်အလှန်ဂရုစိုက်ခြင်း စသည့်နည်းလမ်းများပါဝင်ပါတယ်။ ဆယ်ကျော်သက်လူငယ်ရဲ့ လိုအပ်သောစိတ်အခြေအနေကို ဖြည့်ဆည်းကုသမူသည် အရေးကြီးပါတယ်။ ခံစားချက်များကို နားထောင်ခြင်း၊ အားပေးခြင်း စသည်တို့ကိုပြုလုပ်ပါ။

စိတ် ၂ ခွဖြစ်နေသော ဆယ်ကျော်သက်လူငယ်များကို ကျန်းမာပျော်ရွှင်သော လူနေထိုင်မူစနစ်ရရှိအောင် အားပေးကူညီပါ။ မိသားစု၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်များမှ ဖေးမကူညီစောင့်ရှောက်မူဖြင့် စိတ်ပျော်ရွှင်ဘဝကိုပိုင်ဆိုင်နိုင်ရန်ကူညီပေးကြပါ …………

Dr. Pyae Shin