ယောက်ျားရဲ့ပြဿနာဖြစ်ပေမယ့် ဖြစ်ရတဲ့အကြောင်းတွေနဲ့ကုသမှုအပေါ်အမျိုးသမီးကလည်းပတ်သက်လို့ ရတယ်။
ဒီလိုပြဿနာမျိုး ခံစားလာရတဲ့ အမျိုးသားတွေရဲ့ ဇနီးသည်တွေက ဒီအပြစ်ကို သူတို့အပေါ်မှာ ဒါမှမဟုတ် သူတို့ရဲ့အဖော်တွေအပေါ်မှာ တင်ကြတယ်။ အမှန်မှာတော့ ဒီလိုအခက်အခဲမျိုးနဲ့ ရင်ဆိုင်နေရတဲ့ ယောကျာ်းအတွက် ဒီပြဿနာရဲ့ တိကျမှန်ကန်တဲ့ အခြေခံဗဟုသုတ ရှိထားတဲ့ အမျိုးသမီးတစ်ယောက်ဟာ အကြီးမားဆုံးအကူအညီဖြစ်တယ်။ ယောက်ျားမစွမ်းနိုင်မှု (ပန်းသေခြင်း) နဲ့ ပတ်သက်လို့ အမြော်အမြင်ရှိတဲ့ အမျိုးသမီးအနေနဲ့ ဘာတွေကို နားလည်ဖို့လိုသလဲ။ ပထမအနေနဲ့ကတော့ပန်းသေတာဟာအကြောင်းအမျိုးမျိုးနဲ့ ပေါ်လာတတ်တယ်။ ယောက်ျားလိင်တံမတ်ခြင်းမဖြစ်နိုင်တာဟာကြာရှည်မထိန်းထားတာမျိုးလည်းဖြစ်နိုင်တယ်။ ပိုပြီး ဖြစ်လေ့ဖြစ်ထရှိတာ ကတော့ သုတ်လွှတ်မြန်တာဖြစ်တယ်။ အခြေခံ ပန်းသေတာနဲ့ ဆင့်ပွှားပန်းသေတာဆိုပြီး စိတ်ပညာရှင်အများစုက အမျိုးအစားခွဲခြားတယ်။အခြေခံပန်းသေတာကတော့အတော်ကလေးရှားပါတယ်။ ယောက်ျားတစ်ယောက်ဟာလိင်အားဖြင့်ထိုးသွင်းဝင်ရောက်ခြင်းနဲ့အားရကျေနပ်မှုလုံးဝမရရှိခြင်းပင်ဖြစ်တယ်။ဆင့်ပွှားပန်းသေတဲ့ အမျိုးအစားမှာကတော့လိင်ကိစ္စဆောင်ရွက်မှုမှာအချိန်တာရှည်အောင်မြင်လာခဲ့ပြီးမှအခက်အခဲတွေဖြစ်ပေါ်လာတာ ဖြစ်တယ်။ ရုပ်ပိုင်းအခြေအနေတွေကို ဖော်ပြရရင် ခါးပိုင်းအရိုးနုလွှာအက်ခြင်း၊ ဆီးချိုရောဂါ၊ အတက်ရောဂါနဲ့ ပိုးသတ်ဆေးအမျိုးမျိုးနဲ့ ထိတွေ့ခြင်းကြောင့် ဖြစ်ပေါ်လာတတ်ပေမယ့် အများစုကတော့ ရုပ်ပိုင်းဆိုင်ရာ အကြောင်းတွေထက် စိတ်ပိုင်းဆိုင်ရာ အမြစ်တွယ်ခြင်းက ပိုပြီးများတယ်။ ဆင့်ပွှားပန်းသေမှုကို လေ့လာလိုက်ရင် လက်ရှိစိုးရိမ်ပူပန်မှုတွေနဲ့ ပဋိပက္ခ္ခတွေ သို့ အဖြေရှာမရတဲ့ ဒုက္ခ္ခ္ခကြောင့်နဲ့ဆက်နွယ်နေတယ်။ ယောက်ျားအတော်များများက လိင်ကိစ္စဟာ ရင်းနှီးမှုနဲ့ ချစ်ခင်ကြင်နာ ယုယခြင်း ဝေမျှခံစားခြင်းထက် စွမ်းဆောင်မှုတစ်ခုလို့ သဘောထားကြတယ်။ ဒီစွမ်းဆောင်မှုအပေါ် ကြီးစွာ သောစိုးရိမ်မှုကြောင့်လည်း ထိရောက်မှုကို အနှောက်အယှက်ပြုလာတယ်။ အိပ်စက်လို့ရအောင် သက်တောင့်သက်သာရှိဖို့လိုအပ်သလို ယောက်ျားအဖော်တစ်ယောက်ဟာအချိန်မရွေးစွမ်းဆောင်နိုင်မယ် သို့ အခြေအနေတိုင်းမှာ စွမ်းဆောင်နိုင်မယ်ဆိုတာ မဖြစ်နိုင်ဘူးဆိုတဲ့အချက်ကို လက်ခံရမယ်။ ဒီလိုလက်ခံလိုက်တယ်ဆိုရင်ပဲစွမ်းဆောင်နိုင်မှုဟာအများအားဖြင့်ပြန်ဖြစ်လာတယ်။စွမ်းဆောင်နိုင်မှုပြဿနာအများစုကိုနားလည်တဲ့အမျိုးသမီးကအကူအညီပေးနိုင်သလိုနားမလည်တဲ့အမျိုးသမီးကပိုပြီးဆိုးရွားအောင်လုပ်နိုင်တယ်။ဒီလိုမျိုးအချိန်တွေမှာဆိုရင်စဉ်းစဉ်းစားစားလုပ်ကိုင်တတ်တဲ့မိန်းမသားတစ်ယောက်အနေနဲ့ ရှောင်ရန်အချက်အလက်အချို့ကို ဖော်ပြလိုက်ပါတယ်။ နောက်ဆုံးပေါ်လိင်နဲ့ပတ်သက်တဲ့ စာအုပ်တွေကို အားမကိုးပါနဲ့။ အရောင်းရအသွက်ဆုံး လိင်ကိစ္စဆိုင်ရာ စာအုပ်တွေဟာ ဗဟုသုတမပေးတဲ့အပြင် မှန်ကန်ခြင်းလည်းမရှိကြဘူး။ အိမ်ထောင်ရေးမှာ ပျော်ရွှင်တဲ့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုဟာ နောက်ဆုံးအနေနဲ့ ဆန်းစစ်တဲ့အခါမှာ အင်မတန်မှ သီးသန့်ဆန်ပြီး တစ်ယောက်ခြင်းနဲ့ ပတ်သက်တဲ့ ကိစ္စဖြစ်တယ်။ သင့်ရဲ့ လိင်ပိုင်းဆိုင်ရာဆက်ဆံမှုကို သတ်မှတ်ချက်တစ်ခုနဲ့ အံဝင်ခွင်ကျရန် ကြိုးပမ်းခြင်းဟာ တကယ့်ကို စဉ်းစားဉာဏ်မရှိတဲ့ လုပ်ရပ်ဖြစ်တယ်။ သင့်ခင်ပွန်းသည်ကို ပိုက်ဆံလုံလုံလောက်လောက်မရှာဖွေနိုင်ဘူးလို့ မပြောနဲ့။ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုမှာ ထိရောက်မှုရှိတယ်ဆိုတဲ့ခံစားမှုဟာအများအားဖြင့်စီးပွားရေးအောင်မြင်မှုနဲ့ နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့မိမိကိုယ်ကိုတန်ဖိုးထားတာတို့နဲ့ဆက်နွယ်နေတယ်။လုပ်ငန်းရှင်တစ်ဦးဟာစီးပွားရေးကောင်းနေတဲ့အခါ သူ့အနေနဲ့ လိင်ပိုင်းဆိုင်ရာအခက်အခဲကို ရင်ဆိုင်မခံစားရဘူး။ လုပ်ငန်းကိုင်ငန်းမကောင်းတဲ့အခါမှာ သူဟာ စွမ်းဆောင်နိုင်မှုမရှိဘဲ ဖြစ်တတ်တယ်။ သူဟာ လိင်ကိစ္စကို ဆုလာဘ်အဖြစ်ခံယူခြင်းကို မိမိကိုယ်ကို ခွင့်မပြုဘဲ နေတတ်တယ်။ ဒီနေရာမှာ လိမ္မာပါးနပ်တဲ့ ဇနီးသည်ဆိုရင် စီးပွားရေးဖိအားတွေကို တတ်နိုင်သမျှ လျော့နည်းအောင်ကြိုးစားဆောင်ရွက်ကာသူ့ခင်ပွန်းသည်ဟာမြို့ရဲ့အအောင်မြင်ဆုံးလုပ်ငန်းရှင် မဟုတ်ပေမယ့် သူဂုဏ်ယူနိုင်တဲ့ အခြားအောင်မြင်မှုတွေရှိသေးတာကို ထောက်ပြရမယ်။ စိတ်အားငယ်တာ၊စိတ်ဓါတ်ကျတာကိုအများအားဖြင့်တခြားဝေဒနာလိုမှားပြီး ဖော်ပြတတ်ကြတယ်။ ယောက်ျားမပီသတဲ့ စိတ်အားငယ်ခြင်းမျိုးလို့ ဆရာဝန်ကိုပြောပြကြတာ အလွန်ရှားတယ်။ ဇနီးသည် တစ်ယောက်ဟာ ဒီလိုမျိုးစိတ်အားငယ်ခြင်းကို သူ့ခင်ပွန်းနာမည်မတပ်ခင်သိပြီးဖြစ်နေနိုင်တယ်။ မရည်ရွယ်၊သတိမမူမိတဲ့မနာလိုဖြစ်ခြင်းနဲ့လျစ်လျူရှူခြင်းခံနေရတဲ့ရလဒ်တွေဟာထိရောက်မှုအခက်အခဲဖြစ်တာကို ဖြစ်ပေါ်လာစေတယ်။ ဒီလိုအဖြစ်မျိုး ကိုယ့်ခင်ပွန်းသည် မဖြစ်ရလေအောင် ဇနီးသည်က သတိပြုဖို့လိုတယ်။ ခင်ပွန်းသည်ရဲ့ဒေါသကို ချုပ်တည်းမထားစေနဲ့။ နွေးထွေးပွင့်လင်းမှုမရှိဘဲ ဒေါသကို မျိူသိပ်ထားပြီးလျှို့ဝှက်ထားရင်ပန်းသေသွားတတ်ပါတယ်။ကိုယ်လက်နှီးနှောတဲ့အခါမှာလည်း ပြုသမျှနုရတဲ့အနေအထားမျိုးမှာ မနေပါနဲ့။ အမျိုးသမီး တော်တော်များများ ဟာ ဘယ်တော့မှ တက်ကြွမှု ထက်သန်မှုကို ထုတ်ဖော်မပြရရန် ငယ်စဉ်ကတည်းက သင်ကြားခြင်း ခံခဲ့ရတာ ကြောင့် လိင်ကိစ္စ လှုပ်ရှားမှုကို စတင်ဖို့ အခက်အခဲတွေ့ကြရတယ်။ ကိုယ်လက်နှီးနှောတဲ့ကိစ္စကို ကိုယ်က ဦးဆောင်တဲ့အခါရှိသလို အဖော်ကိုလည်း ဦးဆောင်စေနိုင်တဲ့ သိမ်မွေ့တဲ့နှစ်ဖက်ညီမျှမှုကို လုပ်နိုင်တတ်ဖို့ အမျိုးသမီးအနေနဲ့ ကြိုးပမ်းဖို့လိုတယ်။ အလွန်ကျေနပ်အားရဖွယ်ရာကောင်းတဲ့ လိင်မှုကိစ္စဟာ အပြန်အလှန်အပေးအယူလုပ်တဲ့အပေါ်မှာမူတည်နေတယ်လို့စိတ်ပညာရှင်တွေက ပြောကြတယ်။ ကျေနပ်ပြီဆိုတဲ့ အပြုအမူမျိုး ဟန်ဆောင်ပြီးမပြပါနဲ့။ ဇနီးသည်တစ်ယောက်ဟာ လိင်ကိစ္စတွေမှာ ခင်ပွန်းသည်အပေါ် အားသာချက်တစ်ခုရှိတယ်။ သူမဟာ ကိုယ်လက်နှီးနှောတဲ့အခါ ပထမတွင် စိတ်မပါပေမယ့်ဆက်လက်လုပ်ဆောင်သွားနိုင်တယ်။အမျိုးသမီးတော်တော်များများဟာမရှိတဲ့ခံစားမှုတွေကို ခံစားရ သယောင် ဟန်ဆောင်တတ်ကြတယ်။ သင့်ခင်ပွန်းသည် ကျွမ်းကျင်တယ်၊ သန်စွမ်းတယ်ဆိုတာ ဖြစ်အောင်ကူညီရမယ်။သင့်အနေနဲ့လည်းဘာကိုသဘောကျတယ်၊ဘာဆိုရင် စော်ကားတယ်လို့ ထင်တယ်ဆိုတာ တွေကိုလည်း ခင်ပွန်းသည် သိပါစေ။ တစ်ဦးနဲ့တစ်ဦးဆက်ဆံဖို့ ကြိုးပမ်းတဲ့အခါမှာ အန္တရာယ် အနည်းငယ် တော့ ရှိနိုင်တယ်။ ဆက်ဆံမှုလုံးဝမရှိဘူးဆိုရင်တော့ နှစ်ဦးဆက်ဆံမှု ပျက်ပြား သွားနိုင်တယ်။ ခရေစေ့ တွင်းကျ လိုက်သူမဖြစ်ပါစေနဲ့။ လိင်ကိစ္စဟာ အမြဲတမ်းနှစ်လိုဖွယ်ရာ ကောင်းရမယ်လို့ လူတော်တော် များများ က ခံယူထားကြတယ်။ အသင့်အတင့်အနေအထားမှာ အမြဲတမ်း ကောင်းရမယ်လို့ ခံယူထားကြတယ်။ လိင်ဆက်ဆံမှုမှာ အမြဲစင်းလုံးချောဖြစ်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ဟာစိတ်မချမ်းမသာ ဖြစ်စေနိုင်တယ်။မစွမ်းဆောင်နိုင်ခြင်းပြဿနာနဲ့ရင်ဆိုင်လာရတဲ့အမျိုးသားတွေအတွက်သူတို့ရဲ့လိင်ကိစ္စစွမ်းဆောင်နိုင်မှု ပြန်လည်ရရှိနိုင်ဖို့ သို့ထိန်းထားနိုင်ဖို့ချစ်ခင်ကြင်နာပြီးပူပန်တတ်တဲ့အမျိုးသမီးဟာအလိုအပ်ဆုံးဖြစ်တယ်။ ယောကျာ်းပီသခြင်းအပေါ် ခင်ပွန်းသည်ရဲ့ ယုံကြည်မှုကို စိုးရိမ်ကြောင့်ကြခြင်းနဲ့ စိတ်ပူပန်မှုတို့က ဖုံးလွှမ်း သွားခဲ့ရင် သူ့ဇနီးသည်ရဲ့ ကူညီမှုကြောင့် ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။
AUTHOR – မောင်ချမ်းသာ
Credit to Health Care Journal (Vol-7, No-20)