ေအာ္ဒါ မလိုက္ပါ

( Zawgyi )

မိဦးတို႔မိသားစုက ဟသၤာတၿမိဳ႕ေပၚမွာေနပါသည္။ အေဖကနယ္မွာစပါးပြဲစားလုပ္သည္။ မိသားစုကို အခ်မ္းသာႀကီးမဟုတ္ေပမယ့္ တင့္ေကာင္းတင့္တယ္ ထားႏိုင္ခဲ့ပါသည္။ ဒါေပမယ့္ ဒီႏွစ္ပိုင္းအတြင္း မိဦးတို႔နယ္မွာ မိုးတြင္းဆို ေရႀကီးသည္။ မႏွစ္ကဆိုလွ်င္ မိဦးတို႔ ၿမိဳ႕တစ္ဝက္ေလာက္ ေရႀကီးသည္။ အိမ္ေတြထဲေရေတြဝင္သည္။ မိဦးတို႔အိမ္လဲ ေရေတြဝင္ေသာ္အခါ မိသားစုလိုက္ ဘုန္းေတာ္ႀကီးေက်ာင္းကို ေျပာင္းေနခဲ့ရသည္။ ေရမက်မခ်င္းအိမ္ကိုမျပန္ႏိုင္ခဲ့ပါ။ ဒုကၡေရာက္လိုက္သည့္ႏွစ္ျဖစ္သည္။ အဲ့ဒီႏွစ္ ေႏြမွာပဲ မိဦး ဆယ္တန္းေျဖသည္။ ဆယ္တန္းေအာင္ေတာ့ မိဦးကရန္ကုန္မွာေက်ာင္းဆက္တက္ခ်င္သည္။ ဒါေပမယ့္ မိဘေတြက ပို႔ႏိုင္သည့္ အင္အားမရွိခဲ့။ စပါးခင္းေတြေရျမဳပ္လို႔ အေရာင္းအဝယ္ မေကာင္းတာက အဓိကအေၾကာင္းအရင္း ျဖစ္ေနသည္။ ဒီလိုနဲ႔ မိဦးတစ္ေယာက္ ရန္ကုန္မွာပဲ အေဝးသင္တက္ရင္း အလုပ္ေလးဘာေလးလုပ္ရင္း ႐ုန္းကန္မည္ဟု ဆုံးျဖတ္ၿပီး မိဘေတြကိုခြင့္ပန္သည္။ မိဘေတြကလည္း သေဘာတူခဲ့ပါသည္။
ဒီလိုနဲ႔ မိဦးတစ္ေယာက္ရန္ကုန္ေရာက္ခဲ့သည္။ သြားခါနီး အေမက မိန္းကေလးတစ္ေယာက္ အေနႏွင့္ ကိုယ့္ကိုကိုယ္ ထိန္းထိန္းသိမ္းသိမ္း ေနဖို႔မွာသည္။ က်န္းမာေရးဂ႐ုစိုက္ဖို႔ ရန္ကုန္ရွိ အေဒၚရဲ႕ ဆုံးမ မႈကို လက္ခံဖို႔ ေျပာရွာသည္။ ရန္ကုန္မွာ မိဦးအဖို႔ အရာအားလုံးက အသစ္အဆန္းေတြခ်ည္း။ ကုန္တိုုက္ႀကီးေတြ၊ ေဈးဝယ္စင္တာႀကီးေတြ၊ မိုးေမွ်ာ္တိုက္ေတြ၊ ကားလွလွေလးေတြ။ တစ္လေလာက္ေနေတာ့ စတိုးဆိုင္တစ္ဆိုင္ မွာ မိဦးအလုပ္ရသည္။ လခက ကိုးေသာင္းရသည္။ တစ္ပတ္တစ္ရက္ အနားရသည္။ လုပ္ရတဲ့ ရက္ေတြမွာေတာ့ အလုပ္ခ်ိန္က ညရွစ္နာရီခြဲအထိ။ အလုပ္ရေတာ့ အလုပ္နဲ႔နီးတဲ့ အေဆာင္ေလးတစ္ခုကို ေျပာင္းေနသည္။ အေဆာင္လခက တစ္လႏွစ္ေသာင္း။ စတိုးဆိုင္ကလဲ အနီးအနားမွာမို႔ လမ္းစရိတ္မကုန္ ေပမယ့္ စားစရိတ္က တစ္လကို အနည္းဆုံး သုံးေသာင္း၊ တခါတစ္ေလ ေလးေသာင္း။ အိမ္ကို တစ္လ ႏွစ္ေသာင္း ေလာက္ပဲျပန္ပို႔ႏိုင္သည္။ ဒါေတာင္ အေဝးသင္မတက္ရေသးတဲ့အခ်ိန္မို႔ျဖစ္သည္။

စတိုးဆိုင္မွာ မနီ ဆိုတဲ့ အစ္မတစ္ေယာက္ရွိသည္။ သူကလည္း နယ္မွတက္လာၿပီး ရန္ကုန္တြင္ ႐ုံးကန္ေနရေသာ အမ်ိဳးသမီးတစ္ဦးျဖစ္ေပသည္။ ရန္ကုန္ေရာက္ေနတာေတာ့ မိဦးထက္ ၾကာၿပီ။ သုံးေလးႏွစ္ ေလာက္ပင္ရွိေတာ့မည္။ မိဦးနဲ႔လည္းဘဝတူျဖစ္သည္။ နယ္မွမိသားစုကို တတ္ႏိုင္သေလာက္ ေထာက္ပံ့ေန ရသူ။ တစ္ေန႔ မနီက မိဦးကိုေမးသည္။ အိမ္ကိုတစ္လဘယ္ေလာက္ျပန္ပို႔ ႏိုင္သလဲဟုေမးသည္။ သူကေတာ့ တစ္လ တစ္သိန္းခြဲေလာက္ျပန္ပို႔ႏိုင္တယ္လို႔ေျပာေတာ့ မိဦးအံ့ၾသရသည္။ မနီရေသာ လခက မိဦးထက္မ်ားရင္ သုံးေလးေသာင္းပဲျဖစ္မည္။ ဒါနဲ႔ မနီကိုေမးၾကည့္ေတာ့ မနီကစတိုးဆိုင္မွာအျပင္ အခ်ိန္ပိုင္းအလုပ္တစ္ခု လုပ္တယ္လို႔ေျပာျပပါသည္။ မိဦးစိတ္ဝင္စားသြားသည္။ သူလည္းလုပ္ခ်င္ေၾကာင္းေျပာေတာ့ မနီက သူ႔ဘဝအေၾကာင္းႏွင့္ သူ႔အလုပ္ အေၾကာင္းကို ေသေသခ်ာခ်ာရွင္းျပပါ သည္။

မနီမွာ အေဖမရွိေတာ့ပါ။ အေမကလည္းနာတာရွည္ရင္က်ပ္ေရာဂါသည္ျဖစ္သည္။ ညီမငယ္ ႏွစ္ေယာက္ ရွိသည္။ ထိုအငယ္ ႏွစ္ေယာက္ကို ဘြဲ႕ရပညာတတ္ျဖစ္ေအာင္ ထားေပးခ်င္သည့္စိတ္ မနီမွာ ရွိသည္။ ထို႔ေၾကာင့္ပင္ ရန္ကုန္ကို အရဲစြန႔္ ထြက္လာခဲ့ျခင္းျဖစ္ေပသည္။ ရန္ကုန္တြင္ႀကိဳးစားအလုပ္လုပ္သည္။ အစားအေသာက္ တတ္ႏိုင္သေလာက္ ၿခိဳးၿခံေႁခြတာ၍ အိမ္ကိုေငြပို႔သည္။ အလတ္မက ကိုးတန္းႏွင့္ အငယ္မက ခုႏွစ္တန္း ေရာက္ေနေပၿပီ။ ေက်ာင္းလခ၊ စာအုပ္ဖိုး၊ မုန႔္ဖိုးက ကုန္ေဈးႏႈန္းႏွင့္အညီ လိုက္တက္သည္။ မနီကဆယ္တန္းသာ ေအာင္ခဲ့သည္။ ရန္ကုန္မွာကအလုပ္ေပါသည္ဆိုေပမယ့္ ဘြဲ႕ရေတြ အတြက္သာေပါျခင္းျဖစ္သည္။ မနီတို႔လို ဆယ္တန္း ေအာင္ေတြ အတြက္ေတာ့ အလုပ္ရလွ်င္ေတာင္မွ လစာ ေခါက္ခ်ိဳးေလာက္ကြာတတ္သည္။ ဒီလိုနဲ႔ မနီ စတိုးဆိုင္မွာ အလုပ္လုပ္ေနတုန္း အတူေနသည့္အေဆာင္က အစ္မတစ္ေယာက္က မနီရဲ႕အခက္အခဲကို ရိပ္မိၿပီး အလုပ္တစ္ခုကမ္းလွမ္းခဲ့သည္။ အခ်ိန္ပိုင္းအလုပ္လို႔ ေခၚႏိုင္ပါသည္။ ထိုအလုပ္အတြက္က စကားလုံးရွာမရပါ။ ၾကားထဲခ်ိတ္ဆက္ေပးသည့္ ပြဲစားေတြနဲ႔ ဆက္ထား ရသည္။ ေဖာက္သည္ေတြက လိုလွ်င္လိုသလိုမနီက အျပင္ထြက္ၿပီး ဧည့္ခံေပးရသည္။ စကား႐ိုင္း႐ိုင္း သုံးရလွ်င္ေတာ့ ေအာ္ဒါလိုက္သည္ လို႔ဆိုရမည္ပင္။ လခစားအလုပ္ေလးလည္း ဟန္မပ်က္လုပ္သည္။ အားလပ္သည့္ အခ်ိန္ေလးမ်ားမွာလည္း အပိုဝင္ေငြၿမိဳးၿမိဳးျမက္ျမက္ရသည့္ အလုပ္ဆိုေတာ့ မနီ ထိုေလာကထဲ ေရာက္ခဲ့သည္။ အေမ့ေဆးဖိုးလည္းမပူရ၊ ကေလးေတြလည္း စာေျဖာင့္ေျဖာင့္သင္ႏိုင္ေအာင္ မနီေထာက္ပံ့ ႏိုင္ခဲ့သည္။

မိဦးစဥ္းစားသည္။ အေမ့စကားေတြျပန္ၾကားေယာင္လာသည္။ တစ္ဖက္က အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ဘဝ။ တစ္ဖက္က အလြယ္တကူရႏိုင္ေသာ မက္ေလာက္စရာေငြေၾကး။ ဒါ့အျပင္ မိဦးကိုးတန္းေလာက္က နယ္မွာ HIV/AIDS ေရာဂါပညာေပးေဟာေျပာပြဲတစ္ခုတက္ဖူးတာ ျပန္အမွတ္ရသည္။ အမွတ္ရေတာ့ ေၾကာက္စိတ္ဝင္လာသည္။ ရွက္စိတ္ဝင္လာသည္။ ငယ္စဥ္ကတည္းက စာဖတ္သည့္အေလ့အက်င့္ရွိခဲ့သည့္ မိဦး ဆရာျမသန္းတင့္ ေရးခဲ့သည့္ အခ်စ္မိုးေကာင္းကင္ ဝတၱဳနဲ႔ ဆရာသုေမာင္ ေရးတဲ့ ေက်းဇူးပဲ AIDS စာအုပ္ ေတြ ကိုျပန္ေတြးမိျပန္သည္။ ဒါအျပင္ ဟိုတစ္လာကမွ Facebook တြင္ “ကြၽန္ေတာ့္တြင္ HIV ပိုးရွိေနၿပီ” ဆိုတဲ့ေဆာင္းပါးကိုလည္းဖတ္ထားေသာ မိဦး HIV ေရာဂါရမည္ကို လန႔္ေပသည္။

ဒီလိုနဲ႔ မိဦး ထိုအလုပ္ကိုျငင္းခဲ့သည္။ ျငင္းဖို႔ သတၱိေတြက မိဘေတြဆီက၊ စာအုပ္ေတြ ဆီက၊ ေဆာင္းပါးေတြဆီက လာသည္။ သို႔ေပမယ့္ အင္အားမရွိ၊ မတြန္းလွန္ႏိုင္သည့္ သူေတြကေတာ့ ရွိေနဦးမည္ပင္။ မိသားစုအတြက္အနစ္နာခံမည့္ မိန္းကေလးေတြ ဘယ္ေလာက္မ်ားေနလဲဆိုတာေတာ့ မည္သူမွ် မသိႏိုင္ပါ။ ဘဝဇာတ္ခုံေပၚမွာ ေလာကဓံကို အံတုရင္း တိုက္ပြဲဝင္ေနၾကေသာ မိန္းကေလးမ်ားအားလုံး အဆင္ေျပၾက ပါေစလို႔ပဲ မိဦးတစ္ေယာက္ အၿမဲဆုေတာင္းေပးေနေပေတာ့သည္။

AUTHOR – ေဒါက္တာေအးခ်မ္းမိုး

(Unicode)

မိဦးတို့မိသားစုက ဟင်္သာတမြို့ပေါ်မှာနေပါသည်။ အဖေကနယ်မှာစပါးပွဲစားလုပ်သည်။ မိသားစုကို အချမ်းသာကြီးမဟုတ်ပေမယ့် တင့်ကောင်းတင့်တယ် ထားနိုင်ခဲ့ပါသည်။ ဒါပေမယ့် ဒီနှစ်ပိုင်းအတွင်း မိဦးတို့နယ်မှာ မိုးတွင်းဆို ရေကြီးသည်။ မနှစ်ကဆိုလျှင် မိဦးတို့ မြို့တစ်ဝက်လောက် ရေကြီးသည်။ အိမ်တွေထဲရေတွေဝင်သည်။ မိဦးတို့အိမ်လဲ ရေတွေဝင်သော်အခါ မိသားစုလိုက် ဘုန်းတော်ကြီးကျောင်းကို ပြောင်းနေခဲ့ရသည်။ ရေမကျမချင်းအိမ်ကိုမပြန်နိုင်ခဲ့ပါ။ ဒုက္ခရောက်လိုက်သည့်နှစ်ဖြစ်သည်။ အဲ့ဒီနှစ် နွေမှာပဲ မိဦး ဆယ်တန်းဖြေသည်။ ဆယ်တန်းအောင်တော့ မိဦးကရန်ကုန်မှာကျောင်းဆက်တက်ချင်သည်။ ဒါပေမယ့် မိဘတွေက ပို့နိုင်သည့် အင်အားမရှိခဲ့။ စပါးခင်းတွေရေမြုပ်လို့ အရောင်းအဝယ် မကောင်းတာက အဓိကအကြောင်းအရင်း ဖြစ်နေသည်။ ဒီလိုနဲ့ မိဦးတစ်ယောက် ရန်ကုန်မှာပဲ အဝေးသင်တက်ရင်း အလုပ်လေးဘာလေးလုပ်ရင်း ရုန်းကန်မည်ဟု ဆုံးဖြတ်ပြီး မိဘတွေကိုခွင့်ပန်သည်။ မိဘတွေကလည်း သဘောတူခဲ့ပါသည်။
ဒီလိုနဲ့ မိဦးတစ်ယောက်ရန်ကုန်ရောက်ခဲ့သည်။ သွားခါနီး အမေက မိန်းကလေးတစ်ယောက် အနေနှင့် ကိုယ့်ကိုကိုယ် ထိန်းထိန်းသိမ်းသိမ်း နေဖို့မှာသည်။ ကျန်းမာရေးဂရုစိုက်ဖို့ ရန်ကုန်ရှိ အဒေါ်ရဲ့ ဆုံးမ မှုကို လက်ခံဖို့ ပြောရှာသည်။ ရန်ကုန်မှာ မိဦးအဖို့ အရာအားလုံးက အသစ်အဆန်းတွေချည်း။ ကုန်တိုုက်ကြီးတွေ၊ ဈေးဝယ်စင်တာကြီးတွေ၊ မိုးမျှော်တိုက်တွေ၊ ကားလှလှလေးတွေ။ တစ်လလောက်နေတော့ စတိုးဆိုင်တစ်ဆိုင် မှာ မိဦးအလုပ်ရသည်။ လခက ကိုးသောင်းရသည်။ တစ်ပတ်တစ်ရက် အနားရသည်။ လုပ်ရတဲ့ ရက်တွေမှာတော့ အလုပ်ချိန်က ညရှစ်နာရီခွဲအထိ။ အလုပ်ရတော့ အလုပ်နဲ့နီးတဲ့ အဆောင်လေးတစ်ခုကို ပြောင်းနေသည်။ အဆောင်လခက တစ်လနှစ်သောင်း။ စတိုးဆိုင်ကလဲ အနီးအနားမှာမို့ လမ်းစရိတ်မကုန် ပေမယ့် စားစရိတ်က တစ်လကို အနည်းဆုံး သုံးသောင်း၊ တခါတစ်လေ လေးသောင်း။ အိမ်ကို တစ်လ နှစ်သောင်း လောက်ပဲပြန်ပို့နိုင်သည်။ ဒါတောင် အဝေးသင်မတက်ရသေးတဲ့အချိန်မို့ဖြစ်သည်။

စတိုးဆိုင်မှာ မနီ ဆိုတဲ့ အစ်မတစ်ယောက်ရှိသည်။ သူကလည်း နယ်မှတက်လာပြီး ရန်ကုန်တွင် ရုံးကန်နေရသော အမျိုးသမီးတစ်ဦးဖြစ်ပေသည်။ ရန်ကုန်ရောက်နေတာတော့ မိဦးထက် ကြာပြီ။ သုံးလေးနှစ် လောက်ပင်ရှိတော့မည်။ မိဦးနဲ့လည်းဘဝတူဖြစ်သည်။ နယ်မှမိသားစုကို တတ်နိုင်သလောက် ထောက်ပံ့နေ ရသူ။ တစ်နေ့ မနီက မိဦးကိုမေးသည်။ အိမ်ကိုတစ်လဘယ်လောက်ပြန်ပို့ နိုင်သလဲဟုမေးသည်။ သူကတော့ တစ်လ တစ်သိန်းခွဲလောက်ပြန်ပို့နိုင်တယ်လို့ပြောတော့ မိဦးအံ့သြရသည်။ မနီရသော လခက မိဦးထက်များရင် သုံးလေးသောင်းပဲဖြစ်မည်။ ဒါနဲ့ မနီကိုမေးကြည့်တော့ မနီကစတိုးဆိုင်မှာအပြင် အချိန်ပိုင်းအလုပ်တစ်ခု လုပ်တယ်လို့ပြောပြပါသည်။ မိဦးစိတ်ဝင်စားသွားသည်။ သူလည်းလုပ်ချင်ကြောင်းပြောတော့ မနီက သူ့ဘဝအကြောင်းနှင့် သူ့အလုပ် အကြောင်းကို သေသေချာချာရှင်းပြပါ သည်။

မနီမှာ အဖေမရှိတော့ပါ။ အမေကလည်းနာတာရှည်ရင်ကျပ်ရောဂါသည်ဖြစ်သည်။ ညီမငယ် နှစ်ယောက် ရှိသည်။ ထိုအငယ် နှစ်ယောက်ကို ဘွဲ့ရပညာတတ်ဖြစ်အောင် ထားပေးချင်သည့်စိတ် မနီမှာ ရှိသည်။ ထို့ကြောင့်ပင် ရန်ကုန်ကို အရဲစွန့် ထွက်လာခဲ့ခြင်းဖြစ်ပေသည်။ ရန်ကုန်တွင်ကြိုးစားအလုပ်လုပ်သည်။ အစားအသောက် တတ်နိုင်သလောက် ခြိုးခြံခြွေတာ၍ အိမ်ကိုငွေပို့သည်။ အလတ်မက ကိုးတန်းနှင့် အငယ်မက ခုနှစ်တန်း ရောက်နေပေပြီ။ ကျောင်းလခ၊ စာအုပ်ဖိုး၊ မုန့်ဖိုးက ကုန်ဈေးနှုန်းနှင့်အညီ လိုက်တက်သည်။ မနီကဆယ်တန်းသာ အောင်ခဲ့သည်။ ရန်ကုန်မှာကအလုပ်ပေါသည်ဆိုပေမယ့် ဘွဲ့ရတွေ အတွက်သာပေါခြင်းဖြစ်သည်။ မနီတို့လို ဆယ်တန်း အောင်တွေ အတွက်တော့ အလုပ်ရလျှင်တောင်မှ လစာ ခေါက်ချိုးလောက်ကွာတတ်သည်။ ဒီလိုနဲ့ မနီ စတိုးဆိုင်မှာ အလုပ်လုပ်နေတုန်း အတူနေသည့်အဆောင်က အစ်မတစ်ယောက်က မနီရဲ့အခက်အခဲကို ရိပ်မိပြီး အလုပ်တစ်ခုကမ်းလှမ်းခဲ့သည်။ အချိန်ပိုင်းအလုပ်လို့ ခေါ်နိုင်ပါသည်။ ထိုအလုပ်အတွက်က စကားလုံးရှာမရပါ။ ကြားထဲချိတ်ဆက်ပေးသည့် ပွဲစားတွေနဲ့ ဆက်ထား ရသည်။ ဖောက်သည်တွေက လိုလျှင်လိုသလိုမနီက အပြင်ထွက်ပြီး ဧည့်ခံပေးရသည်။ စကားရိုင်းရိုင်း သုံးရလျှင်တော့ အော်ဒါလိုက်သည် လို့ဆိုရမည်ပင်။ လခစားအလုပ်လေးလည်း ဟန်မပျက်လုပ်သည်။ အားလပ်သည့် အချိန်လေးများမှာလည်း အပိုဝင်ငွေမြိုးမြိုးမြက်မြက်ရသည့် အလုပ်ဆိုတော့ မနီ ထိုလောကထဲ ရောက်ခဲ့သည်။ အမေ့ဆေးဖိုးလည်းမပူရ၊ ကလေးတွေလည်း စာဖြောင့်ဖြောင့်သင်နိုင်အောင် မနီထောက်ပံ့ နိုင်ခဲ့သည်။

မိဦးစဉ်းစားသည်။ အမေ့စကားတွေပြန်ကြားယောင်လာသည်။ တစ်ဖက်က အမျိုးသမီးတစ်ယောက်ရဲ့ ဘဝ။ တစ်ဖက်က အလွယ်တကူရနိုင်သော မက်လောက်စရာငွေကြေး။ ဒါ့အပြင် မိဦးကိုးတန်းလောက်က နယ်မှာ HIV/AIDS ရောဂါပညာပေးဟောပြောပွဲတစ်ခုတက်ဖူးတာ ပြန်အမှတ်ရသည်။ အမှတ်ရတော့ ကြောက်စိတ်ဝင်လာသည်။ ရှက်စိတ်ဝင်လာသည်။ ငယ်စဉ်ကတည်းက စာဖတ်သည့်အလေ့အကျင့်ရှိခဲ့သည့် မိဦး ဆရာမြသန်းတင့် ရေးခဲ့သည့် အချစ်မိုးကောင်းကင် ဝတ္တုနဲ့ ဆရာသုမောင် ရေးတဲ့ ကျေးဇူးပဲ AIDS စာအုပ် တွေ ကိုပြန်တွေးမိပြန်သည်။ ဒါအပြင် ဟိုတစ်လာကမှ Facebook တွင် “ကျွန်တော့်တွင် HIV ပိုးရှိနေပြီ” ဆိုတဲ့ဆောင်းပါးကိုလည်းဖတ်ထားသော မိဦး HIV ရောဂါရမည်ကို လန့်ပေသည်။

ဒီလိုနဲ့ မိဦး ထိုအလုပ်ကိုငြင်းခဲ့သည်။ ငြင်းဖို့ သတ္တိတွေက မိဘတွေဆီက၊ စာအုပ်တွေ ဆီက၊ ဆောင်းပါးတွေဆီက လာသည်။ သို့ပေမယ့် အင်အားမရှိ၊ မတွန်းလှန်နိုင်သည့် သူတွေကတော့ ရှိနေဦးမည်ပင်။ မိသားစုအတွက်အနစ်နာခံမည့် မိန်းကလေးတွေ ဘယ်လောက်များနေလဲဆိုတာတော့ မည်သူမျှ မသိနိုင်ပါ။ ဘဝဇာတ်ခုံပေါ်မှာ လောကဓံကို အံတုရင်း တိုက်ပွဲဝင်နေကြသော မိန်းကလေးများအားလုံး အဆင်ပြေကြ ပါစေလို့ပဲ မိဦးတစ်ယောက် အမြဲဆုတောင်းပေးနေပေတော့သည်။

AUTHOR – ဒေါက်တာအေးချမ်းမိုး

ဆက်စပ် ဆောင်းပါးများ