ပါးစပ်နဲ့ မချစ်ပါနဲ့

ပါးစပ်နဲ့ မချစ်ပါနဲ့

ပါးစပ်နဲ့ လိင်ဆက်ဆံတာဟာ ရောဂါပိုးတွေကူးစက်နိုင်ချေ မရှိဘူး ဒါမှမဟုတ် အတော်နည်းပါးတယ်လို့ ထင်နေကြသူတချို့ ရှိပါတယ်။ဒါဟာ မှားယွင်းပါတယ်။တကယ်တမ်းမှာ ဆီးပူညောင်းကျရောဂါ( ဂနို ) နဲ့ လိင်အင်္ဂ ါရေယုန်ရောဂါ တို့ဟာ ပါးစပ်နဲ့လိင်ဆက်ဆံတာကနေ ရရှိလေ့တဲ့ လိင်ပိုင်းဆိုင်ရာရောဂါတွေပဲဖြစ်ပါတယ်။WHO ရဲ့ အဆိုအရ ကမ္ဘာအနှံ့မှာ နေ့စဉ်လိုလို လိင်ကြောင့်ဖြစ်တဲ့ရောဂါကူးစက်ခံနေရသူပေါင်း တစ်သန်းခန့် ရှိတယ်လို့ သိရပါတယ်။ဒါကြောင့် အရွယ်ရောက်ပြီးသူတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာရောဂါတွေရဲ့ ကူးစက်ပြန့်ပွားတတ်ပုံအပြင် ရောဂါပျံ့ပွားမှုတွေကို ဘယ်လိုလျှော့ချကြမလဲဆိုတာကို အနည်းနဲ့အများဆိုသလို သိထားဖို့ လိုပါလိမ့်မယ်။

ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့အခါ ပါးစပ်နဲ့လိင်အင်္ဂ ါကြားထဲမှာ အရမ်းနီးကပ်တဲ့ထိစပ်မှု(Close Contact) ရှိတဲ့အပြင် လူနှစ်ယောက်ရဲ့ အရည်တွေဖလှယ်မှုလည်း ရှိတတ်ပါတယ်။ရိုင်းရိုင်းပြောရရင် သူ့အရည်ကိုယ့်ဆီရောက် ကိုယ့်အရည်သူ့ဆီရောက် ပေါ့ဗျာ။

လိင်ကြောင့်ကူးစက်တဲ့ရောဂါတွေကို STIs လို့ ခေါ်ပါတယ်။STIs တွေဟာ ခန္ဓာကိုယ်အရည်တွေထိတွေ့မှုကနေကူးနိုင်သလို ရောဂါရှိပြီးသား အရေပြားနဲ့ ထိတွေ့မှုကတဆင့်လည်း ကူးနိုင်ပါတယ်။STIs တွေ တခုနဲ့တခုရဲ့ ကူးစက်နှုန်းကတော့ အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။

ဒီဆောင်းပါးမှာတော့ ပါးစပ်နဲ့ လိင်ဆက်ဆံတာကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေအကြောင်း ရှင်းပြပေးသွားပါမယ်။

၁။ လိင်အင်္ဂ ါရေယုန်

လိင်အင်္ဂ ါရေယုန်ဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပြီး ရောဂါရှိသူတဦးနဲ့ မိန်းမကိုယ်အားဖြင့်၊ပါးစပ်အားဖြင့်၊စအိုအားဖြင့် ထိတွေ့မှုရှိရင် ကူးစက်ပါတယ်။ကူးစက်နှုန်း အလွန် လျင်မြန် မြင့်မားတဲ့ရောဂါတခုလည်း ဖြစ်ပါတယ်။

ရောဂါရဲ့အစလက္ခဏာကတော့ လိင်အင်္ဂါအနားတဝိုက်မှာ အရည်ကြည်ဖုလိုအနာလေးတွေထွက်လာတာပါပဲ။ဒီအဖုလေးတွေဟာ တဖြေးဖြေးနဲ့ ပေါင်၊တင်ပါးနဲ့ တခြားသောနီးစပ်ရာနေရာတွေကို ပြန့်သွားတတ်ပါတယ်။ကူးစက်ခံရတဲ့ဗိုင်းရပ်စ်ပေါ်မူတည်ပြီး ပါးစပ်၊လျှာနဲ့ နှုတ်ခမ်းတွေအထိ ဖြစ်တတ်တာမျိုးလည်း တွေ့နိုင်ပါတယ်။

ကွန်ဒုံးအပါအဝင်အခြားသောအတားအဆီးပစ္စည်းများသုံးရင်လည်း ဒီဗိုင်းရပ်စ်ကို တားဆီးနိုင်ဖို့ မလွယ်ဘူးလို့ သိရပါတယ်။ပါးစပ်မှာ ရေယုန်ပေါက်နေတဲ့သူရဲ့ ပါးစပ်နဲ့ ဆက်ဆံခံရတဲ့ လိင်အင်္ဂ ါမှာလည်း ပိုးကူးစက်နိုင်ပါတယ်။

ရေယုန်ဗိုင်းရပ်စ်ဟာ လူ့ခန္ဓာကိုယ်ထဲမှာ ဘာလက္ခဏာမှ မပြဘဲ နှစ်ပေါင်းများစွာနေနိုင်ပါတယ်။ဒါကြောင့် ဖြစ်ဖူးတဲ့သူရော မဖြစ်ဖူးတဲ့သူပါ အားလုံးမှာ ရေယုန်ဗိုင်းရပ်စ် ရှိနေနိုင်တယ်လို့ ယူဆထားသင့်တယ်။ပြီးတော့ကာ ရေယုန်ဟာ ပျောက်အောင် ကုလို့ မရပါဘူး။ထကြွမလာအောင်ပဲ နှိမ်နင်းထားလို့ရတဲံ အမျိုးပါ။

၂။ ဆီးပူညောင်းကျရောဂါ ( ဂနို )

Gonorrhea လို့ ခေါ်တဲ့ ဆီးပူညောင်းကျရောဂါ ( ဂနို ) ဟာ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာရောဂါ တခုဖြစ်ပြီး ရောဂါပိုးရှိတဲ့သူတယောက်ရဲ့ လိင်တံ၊ မိန်းမကိုယ်၊စအို၊ ပါးစပ် စတာတွေနဲ့ ထိတွေ့မှုကတဆင့် ကူးစက်နိုင်ပါတယ်။များသောအားဖြင့် ရောဂါပိုးရှိနေသူတွေမှာ ထူးထူးခြားခြား လက္ခဏာပြလေ့မရှိပါဘူး။ပြပြီဆိုရင်တော့ ဒါမျိုးလက္ခဏာတွေ ပြတတ်ပါတယ်။

– လိင်အင်္ဂ ါမှ အရည်တစက်စက် ကျဆင်းခြင်း
– ဗိုက်အလွန်အမင်းနာကျင်ခြင်း
– ဆီးသွားစဉ် ပူလောင်ခြင်း (သို့) ယားယံခြင်း
– လိင်တံမှ အဖြူ၊အဝါ ၊ အစိမ်း အရည်များ စီးကျခြင်း
– ရာသီစက်ဝန်းကြားထဲတွင် သွေးဆင်းခြင်း

ဂနိုရောဂါဟာ ကုသပျောက်ကင်းနိုင်တဲ့ရောဂါတခုဖြစ်ပေမဲ့ မကုပဲထားမိရင်တော့ ပြင်းထန်တဲ့နောက်ဆက်တွဲ ပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။အမျိုးသမီးတွေမှာဆို ကလေးမရနိုင်တဲ့အထိဖြစ်နိုင်ပြီး အမျိုးသားတွေမှာတော့ ဒီလောက်ထိဖြစ်တာ ရှားပါတယ်။

၃။ ကာလသားရောဂါ ( ဆစ်ဖလစ် )

ကာလသားရောဂါဟာ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပြီး မိန်းမကိုယ်၊ပါးစပ်၊လိင်တံ၊စအို နဲ့ ဆစ်ဖလစ်အနာရှိတဲ့ အရေပြားတွေနဲ့ ထိတွေ့မှုတွေကတဆင့် ကူးစက်စေပါတယ်။အနာလေးတွေဟာ ရှိလို့ရှိမှန်းတောင် မသိတဲ့အထိ သေးငယ်နေနိုင်ပါတယ်။ဒါကြောင့် ကာလသားရောဂါ ရှိ မရှိ သိနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ သွေးစစ်တာပါပဲ။

ကာလသားရောဂါဟာလည်း ကုသလို့ရတဲ့ရောဂါတခုဖြစ်ပါတယ်။ဒါပေမဲ့ မကုလိုက်မိရင် တော်တော်ဆိုးဆိုးရွားရွား ပြဿနာတွေကြုံရနိုင်ပါတယ်။

အစပိုင်းမှာ ရောဂါစတင်ဝင်ရောက်တဲ့နေရာမှာ အရည်ကြည်ဖုသေးသေးလေးတွေ ထွက်လာပါတယ်။ဒါကြောင့် လိင်အင်္ဂ ါတဝိုက် ပါးစပ်နားတဝိုက်မှာ ဒီလိုအဖုလေးတွေကို တွေ့ရတတ်ပါတယ်။တဖြေးဖြေးနဲ့ ရောဂါရင့်လာတဲ့အခါ အနီစက်အနီကွက်တွေ စတင်ထွက်လာပါတယ်။ပြီးရင် တခြားခန္ဓာကိုယ်က နှလုံးနဲ့ဦးနှောက်တို့လိုနေရာမျိုးတွေအထိပါ ထိခိုက်မှုရှိလာနိုင်ပါတယ်။

အခုပြောခဲ့တဲ့ ရောဂါ ၃ ခုကတော့ ပါးစပ်နဲ့ လိင်ဆက်ဆံတာကတဆင့် ကူးစက်နိုင်တဲ့ STIs တွေဖြစ်ပါတယ်။ ဖြစ်နိုင်ချေအတော်လေးနည်းပါးပေမဲ့ အခန့်မသင့် ကံမကောင်း အကြောင်းမလှရင် ကူးစက်သွားနိုင်တဲ့ ပါးစပ်ကြောင့်ဖြစ်တဲ့ STIsတချို့ ရှိပါသေးတယ်။ဒါတွေကတော့

– HIV
– Chlamydia
– အသည်းရောင် ဘီ ပိုး ၊ စီ ပိုး စတာတွေပဲဖြစ်ပါတယ်။

ပါးစပ်နဲ့ ချစ်ရင် HIV ဘယ်လို ဖြစ်သလဲ

HIV ကူးစက်ဖို့ဆိုရင် ရောဂါရှိနေသူတယောက်ရဲ့ ခန္ဓာကိုယ်ကထွက်တဲ့အရည်တခုခုဟာ တခြားတယောက်ရဲ့ သွေးလမ်းကြောင်းနဲ့ ထိတွေ့မှု ရှိဖို့ လိုပါမယ်။ပါးစပ်နဲ့ လိင်ဆက်ဆံတာဟာ သွေးလမ်းကြောင်းနဲ့ တိုက်ရိုက်ထိတွေ့မှုတော့ မရှိပါဘူး။ဒါပေမဲ့ ရောဂါပိုးရှိသူရဲ့ ခန္ဓာကိုယ်အရည်တခုခုဟာ လိင်ဆက်ဆံဖော်မှာရှိနေတဲ့ ဒဏ်ရာအနာတရတွေကနေတဆင့် ကိုယ်ထဲဝင်ရောက်သွားရင်တော့ ကူးစက်မှုရှိလာနိုင်ပါတယ်။ဥပမာ ပါးစပ်မှာအနာတရ ရှိနေတာ ၊လိင်အင်္ဂ ါတဝိုက်မှာ ဒဏ်ရာရှိနေတာမျိုးဆိုရင် ပါးစပ်နဲ့ လိင်မဆက်ဆံတာ အကောင်းဆုံးပါပဲ။

လိင်ဆက်ဆံရာကနေ ကူးစက်တဲ့ရောဂါတွေ မဖြစ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဘယ်နည်းလမ်းနဲ့မှ လိင်ဆက်ဆံခြင်းမပြုလုပ်တာပါပဲ။ဒါပေမဲ့ လောကီသားတွေပဲ သွေးနဲ့သားနဲ့ကိုယ်တွေပဲပေမို့ ရှောင်နိုင်ဖို့ရာ မလွယ်ရေးချမလွယ်လှပါဘူး။ဒါကြောင့် အတတ်နိုင်ဆုံးသတိထားကာကွယ်သင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါမယ်။

– STIs ရှိ မရှိ ပုံမှန်စစ်ဆေးမှု ခံယူပါ။ ဆက်ဆံဖော်တွေကိုလည်း စစ်ဆေးဖို့ တိုက်တွန်းပါ
– STIs စစ်ဆေးမှုခံယူထားပြီးသားသူတစ်ယောက်ထဲနဲ့သာ စွဲစွဲမြဲမြဲ ဆက်ဆံဖို့ ကြိုးစားပါ
– ကွန်ဒုံးသုံးပါ
– မျက်စိနဲ့မြင်နိုင်အောင် ပါးစပ်မှာရေယုန်ပေါက်နေသူ လိင်အင်္ဂါမှာရေယုန်ပေါက်နေသူတွေ နဲ့ လုံးဝ လိင်မဆက်ဆံပါနဲ့
– ရောဂါရှိနေရင်လည်း မှန်ကန်တဲ့နည်းနဲ့ အမြန်ဆုံးကုသမှုခံယူတာဟာ အကောင်းဆုံးပါပဲ။

Dr.Banana

ဆက်စပ် ဆောင်းပါးများ