ယောက်ျားပီပီသသ ခေါင်းထောင်နိုင်စေမဲ့ အစားအစာများ

ယောက်ျားပီပီသသ ခေါင်းထောင်နိုင်စေမဲ့ အစားအစာများ

လိုအပ်တဲ့အချိန်မှာ ထောင်မတ်နိုးကြားနိုင်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ ယောကျ ်ားပီသမှုရဲ့ လက္ခဏာတရပ်ပါပဲ။ဒီလို မဖြစ်လာဘဲ ပျော့ခွေခေါက်နေမယ်ဆိုရင်တော့ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။

ယောကျ ်ားပီပီ ခေါင်းထောင်နိုင်ဖို့အရေး ကြိုးစားကြတဲ့နေရာမှာ ဆေးသောက်တာ ပြောင်းကလေးတွေနဲ့ဆွဲပြီး လေ့ကျင့်တာ ခွဲစိတ်တာတွေ လုပ်လေ့ရှိပါတယ်။ဒါပေမဲ့ အဆိုပါ အရာတွေထက် ငွေကုန်ကြေးကျလည်း သက်သာ ဘေးထွက်ဆိုးကျိုးလည်း နည်းစေမဲ့ နည်းလမ်းတခု ရှိပါသေးတယ်။ဒါကတော့ အစားအစာ တွေပဲ ဖြစ်ပါတယ်။ယောကျ ်ားပီပီသသ ခေါင်းထောင်နိုင်ဖို့ စားရမဲ့အစားအသောက်အချို့ ရှိနေပါတယ်။လေ့လာကြည့်ရအောင်။

၁။ ဖရဲသီး

ချိုမြပြီး အရည်ရွှမ်းရွှမ်းနဲ့ စားလို့အလွန်ကောင်းတဲ့ ဖရဲသီးမှာ လိင်အားတိုးဆေးတွေမှာပါဝင်တဲ့ဓာတ်တမျိုးလည်း ရှိတယ်လို့ ဆိုကြပါတယ်။ဖရဲသီးမှာ ရေက အဓိကပါဝင်ပေမဲ့ ကျန်တဲ့အပိုင်းတွေမှာ lycopene ဆိုတဲ့ antioxidant တမျိုးပါပြီး နှလုံး ၊အရေပြားနဲ့ ဝှေးစေ့ဂလင်းတွေအတွက် ကောင်းမွန်ပါတယ်။

၂။ ကမာ

ဒီအခွံမာ ပင်လယ်စာဟာ ယောက်ျားဟော်မုန်းပမာဏကိုတိုးပွားစေပြီး လိင်စိတ်ဆန္ဒထကြွအောင် ကူညီပေးပါတယ်။ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ ဇင့်ဓာတ်လည်း အလျှံအပယ် ပါဝင်ပါတယ်။စားတဲ့အခါမှာတော့ သေချာ ကျက်အောင် ချက်ပြုတ်စားဖို့တော့ လိုပါလိမ့်မယ်။

၃။ ကော်ဖီ

တနေ့ကို ကော်ဖီနှစ်ခွက်လောက်သောက်တဲ့ အမျိုးသားတွေမှာ လိင်တံမထောင်မတ်နိုင်တဲ့ပြဿနာဖြစ်ဖို့ အခွင့်အလမ်းပိုနည်းပါးပါသတဲ့။ကဖိန်းဓာတ်ဟာ သွေးစီးဆင်းမှုကို ပိုမိုကောင်းမွန်စေပါတယ်။ကော်ဖီမကြိုက်တဲ့သူတွေအတွက် လက်ဘက်ရည် ၊ ဆိုဒါ နဲ့ အားဖြည့်အချိုရည်စတဲ့ ကဖိန်းပါတဲ့ အခြားသော သောက်စရာတွေကို ရွေးချယ်နိုင်ပါတယ်။

၄။ ချောကလက်အမည်း

တခါစားရင် တအောင်စလောက် တပတ်ကို နှစ်ခါသုံးခါ စားပေးရင် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါသတဲ့။နှလုံးကိုကောင်းစေတာကြောင့် နှလုံးကပို့လွှတ်မဲ့သွေးတွေကို လက်ခံမဲ့လိင်တံအတွက်လည်း ကောင်းမွန်စေပါတယ်။သွေးတိုးလည်း ကျစေပါတယ်။ခန္ဓာကိုယ်ကနေ nitric oxide များများ ထွက်စေပြီး အထူးတောင်မတ်စေနိုင်ပါသတဲ့။

၅။ အခွံမာသီး

သစ်ကြားသီးလိုမျိုး အခွံမာသီးတွေမှာ arginine လို့ ခေါ်တဲ့ amino acid ကြွယ်ဝပြီး အဆိုပါ acid က တဆင့် တောင်မတ်မှုအတွက် အရေးကြီးတဲ့ nitric oxide ထွက်ပေါ်စေပါတယ်။ဒါ့အပြင် အခွံမာသီးတွေမှာ Vit E , Folic acid နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝပါတယ်။

၆။ စပျစ်သီးဖျော်ရည်

စပျစ်သီးမှာပါတဲ့ အဟာရတွေကလည်း nitric oxide တွေ အထွက်များပြီး တောင်မတ်မှုကို အားပေးပါသတဲ့။

၇။ ကြက်သွန်ဖြူ

အနံ့ ပြင်းတဲ့ကြက်သွန်ဖြူကလည်း အိပ်ယာပေါ်က စွမ်းဆောင်ရည်ကို မြင့်မားစေပါသတဲ့။သွေးကြောတွေထဲမှာ အညစ်အကြေးအမှိုက်သရိုက်တွေ မရှိအောင် ရှင်းပေးလို့ စွမ်းဆောင်ရည်က အတားအဆီးမရှိပါပဲ။

၈။ ငါး

ဆော်လ်မွန်လိုမျိုး အဆီများများပါတဲ့ငါးတွေမှာ Omega 3 ပါရှိပြီး Nitric oxide ထွက်အောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ဒါကြောင့် တောင်မတ်မှုအတွက် အထောက်အကူဖြစ်စေပါတယ်။ဒါ့အပြင် သွေးတိုးကို သက်သာစေပြီး သွေးစီးဆင်းမှုကို ပိုမိုကောင်းမွန်စေပါတယ်။

၉။ အစိမ်းရောင်ဟင်းသီးဟင်းရွက်

ကိုက်လံ လိုမျိုး အစိမ်းရောင်အရွက်တွေမှာ nitric oxide အထွက်များစေတဲ့ ဓာတ်တွေပါသလို ဗီတာမင်တွေလည်း ကြွယ်ဝပါတယ်။ယောကျ ်ားလို ထောင်ထောင်မတ်မတ် ရှိနေစေဖို့ အရေးကြီးတဲ့အစားအစာတမျိုးပါပဲ။

၁၀။ ငရုတ်သီးအနီတောင့်

ငရုတ်သီးဟာ သင့်ကို ရှုးရှုးရှဲရှဲ ဖြစ်စေယုံသာမက သင့်ရဲ့အရေးကြီးတဲ့ အစိတ်အပိုင်းကိုလည်း ရှုးရှုးရှဲရှဲဖြစ်စေပါလိမ့်မယ်။သူက သွေးလှည့်ပတ်မှု စီးဆင်းမှုကို ကောင်းစေပြီး လိင်တံဆီကို သွေးရောက်မှုနှုန်း မြင့်မားစေပါတယ်။

ကဲ အခုပြောခဲ့တဲ့ ငွေကုန်ကြေးကျလည်းမများ ၊ အန္တရာယ်လည်းကင်းမဲ့ အစားအသောက်တွေ စားပြီး ယောက်ျားပီပီသသ ခေါင်းထောင်နိုင်အောင် ကြိုးစားကြပါစို့။

Dr.Nyein