အာသာဖြေခြင်းနှင့် စိတ်ဓာတ်ကျဝေဒနာ

အာသာဖြေခြင်းနှင့် စိတ်ဓာတ်ကျဝေဒနာ

အာသာဖြေခြင်းကို အမျိုးသားတိုင်းပြုလုပ်ကြပါတယ်။ အာသာဖြေခြင်းသည် ကျန်းမာရေးအတွက်ရော စိတ်ကျေနပ်မူပါ များစွာကောင်းကျိုးပေးနိုင်သော အချက်များရှိပါတယ်။အာသာဖြေခြင်းနှင့် စိတ်ဓာတ်ကျရောဂါ ဆက်စပ်မူရှိပါသလား? ဟု လူအများစိတ်ဝင်စားကြပါတယ်။ အချို့လူများသည် အာသာဖြေခြင်းသည် စိတ်ကျန်းမာရေးချို့တဲ့စေသည်ဟု ယူဆကြပါတယ်။ သို့သော်အပြန်အလှန်အားဖြင့် စိတ်ဓာတ်ကျခြင်းသည် အာသာဖြေခြင်းနှင့် လိင်ဆက်ဆံမအပေါ်သက်ရောက်မှုဖြစ်စေသည်ဟုလည်း ပြောကြပါတယ်။

အာသာဖြေခြင်းသည် စိတ်ဓာတ်ကျရောဂါဖြစ်စေသလား?

အာသာဖြေခြင်းသည် စိတ်ဓာတ်ကျရောဂါကိုမဖြစ်စေပါ။ အာသာဖြေခြင်းအပြုအမူသည်  စိတ်ကျေနပ်မှုရစေသောအပြုအမူတစ်ခုဖြစ်ပါတယ်။ မိမိကိုယ်မိမိ လိင်ဆက်ဆံရာတွင် အထောက်အကူပြုပါတယ်။ အချို့လူများအဖို့ကတော့ အာသာဖြေခြင်းသည် စိတ်တိုဒေါသထွက်မှုကို ဖြစ်သေည်ဟုယူဆကြပါတယ်။ 1800 ခုနှစ်အစောပိုင်းကာလတွင် အာသာဖြေခြင်းသည် စိတ်ကျန်းမာရေးရောဂါများနှင့် ဆက်စပ်မှုရှိသည်ဟု ယူဆကြပါတယ်။1900 ခုနှစ်ရောက်လာသောအခါ အဆိုပါဆက်စပ်မှုကို ရှာဖွေလေ့လာခဲ့ကြပါတယ်။ အာသာဖြေခြင်းသည် လိင်ဆက်ဆံမှုနှင့် ဆက်စပ်သော ကျန်းမာရေးကောင်းကျိုးအများအပြားပေးပါတယ်။ သို့သော် အချို့ဘာသာတရားနှင့် ယဉ်ကျေးမူအရတားမြစ်မူတွေရှိနေပါတယ်။

အာသာဖြေခြင်းသည် စိတ်ဓာတ်ကျရောဂါကို ဖြစ်စေမူမရှိသော်လည်း လူတစ်ဦးချင်းစီရဲ့ ကိုးကွယ်မှုဘာသာတရား၊ ယဉ်ကျေးမှုထုံးစံနှင့် လူမှုပတ်ဝန်ကျင်အနေအထားအရ ဆိုးရွားမှုတစ်ခုဟု အဆိုးမြင်ထားပါတယ်။

၂၀၁၈ခုနှစ် လေ့လာချက်အရ စိတ်ဓာတ်ကျရောဂါရှိသူ အမျိုးသားဦးရေ ၆၂.၅ ရာခိုင်းနှုန်းသည် အချို့သောလိင်ဆက်ဆံမှု ပြဿနာများနှင့် ရင်ဆိုင်နေကြောင်းတွေ့ရှိရပါတယ်။ စိတ်ဓာတ်ကျရောဂါရှိသူအများစုတွင် အာသာဖြေခြင်းနှင့်ပတ်သတ်သော ပြဿနာများစွာတွေ့ရှိနိုင်သည်ဟု ယူဆနေကြပါတယ်။ အာသာဖြေခြင်းသည် စိတ်ဓာတ်ကျရောဂါရှိသူမျာအပေါ်တွင် မည်သည့်သက်ရောက်မှုမှ မရှိနိုင်ပါ။ သို့သော်စိတ်ဓာတ်ကျရောဂါရှိသူများတွင် လိင်ဆက်ဆံလိုစိတ်နည်းပါးကာ ဆက်ဆံခြင်းကို စိတ်မဝင်စားသလို အာသာဖြေခြင်းကိုလည်း စိတ်ဝင်စားမှုမရှိကြပါ။

စိတ်ဓာတ်ကျရောဂါသည် လိင်ဆက်ဆံချင်စိတ်အပေါ်သက်ရောက်မှု

စိတ်ဓာတ်ကျရောဂါရှိသူသည် လိင်ဆက်ဆံခြင်းအပါအဝင် မည်သည့်လူပ်ရှားမှု အပြုအမူမဆို စိတ်ဝင်စားမှုမရှိတော့ပါ။ ထိုအခါမျိုးတွင် လိင်ဆက်ဆံဖော်ရဲ့ အကူအညီအပေါ် များစွာမူတည်ပါတယ်။ မိမိဆက်ဆံဖော်တွင် စိတ်ဓာတ်ကျပြီး လိင်ဆက်ဆံမှုမရှိသောအခါ အကြောင်းအရင်းကို သေချာရှာဖွေထိန်းသိမ်းရန် အထူးလိုအပ်ပါတယ်။ စိတ်ဓာတ်ကျရောဂါကု ဆေးဝါးသောက်သုံးခြင်းသည်လည်း ဆေးဝါးများဆိုးကျိုးကြောင့် ဆက်ဆံမှုကိုထိခိုက်စေပါတယ်။

လိင်ဆက်ဆံမှုအပေါ် စိတ်ဝင်စားမှုနည်းခြင်းအပြင် စိတ်ဓာတ်ကျနေသူသည် ဝမ်းနည်းမှု၊ အားငယ်မှု၊ မျော်လင့်ချက်နည်းမှု စသောခံစားမှုများပါ ခံစားကြရပါတယ်။စိတ်ဓာတ်ကျသူသည် မဖော်ပြနိုင်သော နာကျင်ခက်ခဲမှုပါ ခံစားရပါတယ်။

စိတ်ဓာတ်ကျခြင်းကို သက်သာပျောက်ကင်းစေရန် လူနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် စိတ်ဖိဆီးမှုပျောက်စေသော အပြုအမူလျော့စေရန် အောက်ပါနည်းလမ်းများကိုလိုက်နာပါ။

– လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း
– လုံလောက်စွာအိပ်စက်ခြင်း
– ကျန်းမာရေးနှင့်ကိုက်ညီသော အာဟာရပြည့်ဝသော အစာအစားစားခြင်း
– အရက်သောက်ခြင်းကို ရှာင်ခြင်း
– တရားထိုင်ခြင်း
– ခရီးထွက်ခြင်းနှင့်
– သူငယ်ချင်းများနှင့်အချိန်ပေးခြင်း စသည်တို့ဖြစ်ပါတယ်။

အာသာဖြေခြင်းရဲ့ကျန်းမာရေးအကျိုးရလဒ်များမှာ ……

– အိပ်ရေးဝဝအိပ်စက်နိုင်ခြင်း
– လိင်ဆက်ဆံရာတွင်ကျေနပ်မှုရရှိခြင်း
– လိင်ဆက်ဆံမှု စိတ်ဝင်စားမှုပိုခြင်း
– မိမိကိုယ်ကို ယုံကြည်မှုရရှိစေခြင်း
– ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုနှုန်း လျော့ခြင်းတို့ ဖြစ်ပါတယ်။

Dr. Pyae Shin

ဆက်စပ် ဆောင်းပါးများ