အချစ်ကြောင့် မနာကျင်ရဖို့   နည်းလမ်းကောင်းများ

အချစ်ကြောင့် မနာကျင်ရဖို့   နည်းလမ်းကောင်းများ

လိင်ဆက်ဆံရာတွင်အခက်အခဲတစ်ခုကြုံတွေ့ရသော်လည်း ဖြေရှင်းအကူအညီတောင်းရန်ရှက်စရာဟူရျ် ကြိတ်မှိတ်ခံစားရတတ်ပါတယ်။အမျိုးသားရောအမျိုးသမီးပါ ကြုံတွေ့ရသောကြောင့် စိတ်ဒုက္ခရောက်နေရတတ်ပါတယ်။ပုံမှန်အားဖြင့် ဆက်ဆံရာတွင် စိတ်ဆန္ဒရှိလျှင်အမျိုးသမီးအင်္ဂါသည် အလွယ်တကူလက်ခံနိုင်လေ့ရှိပါတယ်။သို့သော် တခါတရံမိမိကိုယ်ခန္ဓာသည် လိင်ဆက်ဆံရန်ကျန်းမာရေးကောင်းမွန်သည်ဟု ယုံကြညသော်လည်း စတင်ဆက်ဆံစဉ် အင်္ဂါထိုးဖောက်စဉ် နာကျင်မူခံစားရတတ်ပါတယ်။
လိင်ဆက်ဆံမူစတင်သည်နှင့်နာကျင်မူသည်တောက်လျောက်ခံစားရပြီး အမျိုးသားအနေဖြင့်လည်း နာကျင်မူရှိပြီး စိတ်ကျေနပ်မူမရရှိဘဲ စ်တါအနှောက်အယှက်ဖြစ်တတိပါတယ်။အချို့မှာမူ စတင်ရန်ပင်ခက်ခဲနေတတ်ပြီး ဆက်ဆံခြင်းကိုရပ်ပစ်ရသည်အထိ ဆိုးရွားတတ်ပါတယ်။ထိူ့ကြောင့်အိမ်ထောင်သည်များအနေဖြင့် လင်မယားဆက်ဆံရေးပြဿနာများရင်ဆိုင်ရကာ ကလေးမရနိုင်မည်ကိုစိုးရိမ်ပူပန်လာကြပါတယ်။
ပထမအကြိမ်လိင်ဆက်ဆံမူတိုင်းသည် မိန်းမအင်္ဂါသည် နာကျင်မူခံစားရသည်မှာပုံမှန်ပင်ဖြစ်ပါတယ်။သွေးထွက်ခြသ်းသည်လည်းပုံမှနိပင်ဖြစ်ပ့တယ်။သို့သော် ခဏတာသာနာကျင်မူဖြစ်ပါတယ်။ပထမဆုံူအကြိမ်ထိုးသွင်းမူတွင်အပျိုအမြှေးပါးသည် ထိုးဖောက်မူခံစားရသောကြောင့်ဖြစ်ခြင်း မိန်းမကိုယ်ကြွက်သားများ အလိုက်သင့်လူပ်ရှားမူမရှိခြင်းတို့ကြောင့်နာကျင်မူဖြစိစေခြင်းဖြစ်ပါတယ်။

(1)အရည်အထွက်နည်းခြင်း

အမျိုးသမီးအများစုသည် လိင်ဆက်ဆံရန်စိတ်ဖြစ်လာပါက မိန်းမအင်္ဂါမှ အရည်များထွက်ကာ မိန်းမအင်္ဂါကို စိုစွတ်စေပြီး ယောကျာၤးအင်္ဂါ အလွယ်တကူ ဝင်ရောက်ရန်အကူအညီပေးပါတယ်။အဆိုပါအရည်မထွက်ခြင်းသည် အီစထဂျင်ဟော်မုန်းလျော့နည်းခြင်းကြောင့်ဖြစ်နိုင်ပြီး မိန်းမအင်္ဂါကြွက်သားနံရံများပျော့ပျောင်းမူ အားနည်းနိုင်ပါတယ်။ထိုအခြေအနေသည် ကလေးနို့တိုက်သူများနှင့် ရင်သားကင်ဆာဆေးသောက်နေသူများတွင်အဖြစ်များပါတယ်။ထို့ကြောင့် လိင်ဆက်ဆံမူစတင်စဉ် ချောမွေ့စေရန်အဆီသုံးခြင်း ကွန်ဒုံးသုံးခြင်းပြုလုပ်နိုင်ပါတယ်။

(2)မိူပိုးကူးစက်ခြင်း

အမျိုးသမီးအနေဖြင့်မည်သည့်လက္ခဏာမှခံစားရမူမရှိသော်လည်း လိင်ဆက်ဆံစဉ် လက်ဖြင် နိူးဆွခြင်း လိင်တံထိုးသွင်းခံရခြင်းကြောင့် ပိုးကူစက်မူသည် ပိုမိုကြွတက်လာကာ ယားယံမူ နာကျင်မူခံစားရတတ်ပါတယ်။

(3)လိင်တံအရွယ်အစား

အချို့အမျိုးသားများသည် လိင်တံအရွယ်အစားကြီးမားပြီး မိန်းမကိုယ်အင်္ဂါသည်သေးငယ်သောအခါ နာကျင်မူဖြစ်စေပါတယ်။အမျိုးသမီးကိုယ်ခန္ဓာအရွယ်အစားသည် မိန်းမအင်္ဂါအရွယ်အစာနှင့် မသက်ဆိုင်ပါ။
အမျိုးသမီးများသည် လိင်ဆက်ဆံမူအစပိုင်းတွင် မသိစိတ်ဖြင့်မိန်းမကိုယ်အတွင်းကြွက်သားများ တောင့်တင်းကျပ်သိပ်နေခြင်းဖြစ်နေတတ်ပါတယ်။တခါတရံ ထိုးသွင်းမူသည် သားအိမ်ကိုထောက်ပံ့မူပြုနေသော အကြောများ နာကျင်သည်အထိတင်ပါးခွင်တခုလုံးနာကျင်ခြင်းခံစားရတတ်ပါတယ်။လက်သည်ဖြင့်မွေးထားသူများ။ကလေးဖျက်ချထားသူများ။ခွဲစိတ်မူပြုလုပ်ထားသူများ။သားအိမ်ခေါင်းရောင်သူများ။သားအိမ်ရောဂါရှိသူများ။သားအိမ်အတွင်းအလုံးအကျိတ်ရေအိတ်ရှိသူများနှင့်မွေးရာပါမိန်းမကိုယ်ကျဉ်းသုူများတွင် အခက်အခဲပိုမိုဖြစ်စပါတယ်။
အချို့သူများတွင်အကြောင်းရင်းအသေချာမရှိဘဲ မိန်းမကိုယ်အပေါက်သည် ထိလိုက်သည်နှင့်နာကျင်မူကို ဖြစ်စေပါတယ်။
လိင်ဆက်ဆံမူစတင်ရန်ပင်ခက်ခဲမူကိုသက်သာစေရန် အောက်ပါနည်းလမ်းများကိုပြုလုပ်ပါ။

-တင်ပါကြွက်သားကောင်းစေသေားလေ့ကျင့်ခန်း
-ဟော်မုန်လိမ်းဆေးများ
-ချောဆီသုံးခြင်း
-စိတ်ဖိဆီးမူသက်သာစေသောဆေးဝါး
အကူအညီဖြင့် နာကျင်မူသက်သာရန်ပြုလုပ်နိုင်ပါတယ်။

Dr.Kyaw

ဆက်စပ် ဆောင်းပါးများ