ခုထိကလေးမရနိုင်သေးခြင်းရဲ့   အမှား (၇) ခု

ခုထိကလေးမရနိုင်သေးခြင်းရဲ့   အမှား (၇) ခု

အိမ်ထောင်တစ်ခုတည်ဆောက်ပြီးနောက် အိမ်ရဲ့ဆည်းလည်းသံလေးကို မျော်လင့်ကြပါတယ်။အချိန်အတန်ကြာသည်ထိ မရောက်လာသော် စိုးရိမ်တတ်ကြ၊စိတ်ပူတတ်ကြပါတယ်။ထိုအခါမျိုးတွင် ဘာလို့မရတာလဲ?ဟူရျ်တယောက်နဲ့တယောက်သံသယပွား ပျော်ရွှင်မူမရှိတော့ပါ။နှစ်ဦးသားဆက်ဆံရာတွင်အနေအထားမမှန်လို့လား စသည်ဖြင့်အမှားကို လိုက်ရှာကြပါတော့တယ်။အိမ်ထောင်သည်များ ကလေးလိုချင်စိတ်ဖြင့် အမှားများထပ်တလဲလဲကျုးလွန်တတ်ကြပါတယ်။

အမှား(1)လုံလောက်သောလိင်ဆက်ဆံမှုမရှိခြင်း

အခုလိုမိန်းမရောယောကျာၤးရော အလုပ်လုပ်သောခေတ်ကြီးတွင် တစ်ဦးနှင့်တစ်ဦးအပေးအယူညီမျှစွာဆက်ဆံရန် အချိန်မပေးနိုင်ကြပါ။ထို့ကြောင့်မမျိုးဥကြွေနေချိန် ရှိနေချိန်တွင်ဆက်ဆံရန် လွဲချော်တတ်ကြပါတယ်။မမျိုးဥကြွေချ်န်ဆက်ဆံမှသာ သုတ်ပိုးနှင့်တွေ့ရှိရျ် ကိုယ်ဝန်ရနိုင်သောကြောင့်လုံလောက်သောဆက်ဆံမူလည်းအထူးလိုအပ်ပါတယ်။

အမှား(2)ဆက်ဆံမှုလွန်ကဲခြင်း

ဆက်ဆံမူအကြိမ်ရေနည်းခြင်းသည် အကြောင်းရင်းတစ်ခိက်ဖြစ်သလို အကြိမ်ရေများနေခြင်းသည်လည်း အမှားတစ်ခုဖြစ်စေပါတယ်။သို့သော် လွန်ကဲစွာအကြိမ်ရေများများဆက်ဆံခြင်းသည် အမျိုးသားသုတ်ပိုးရဲ့စွမ်းဆောင်မူလျော့နည်းလာသည်ကိုတွေ့ရှိရပါတယ်။တစ်ရက်တည်းအကြိမ်ရေများများဆက်ဆံခြင်းသည် လွန်ကဲမူတစ်ခုဖြစ်ပါတယ်။ထိုအခါမျိုးတွင်တစ်ဦးနင့်တစ်ဦး စိတ်ဝင်စားမူလျော့ပါးလာပြီး ကိုယ်ဝန်ရနိုင်ချေနည်းပါးပါတယ်။

အမှား(3)ဆက်ဆံမှုအနေအထားအယူအဆ

လိင်ဆက်ဆံရာတွင် သုတ်ပိုးသည် မိန်းမအင်္ဂါထဲကူးခတ်ကာ ပြွန်ထဲအလွယ်ရောက်သောနည်းလမ်းအဖြစ် ပက်လက်အနေအထားသည်သာမှန်ကန်သည်ဟူသောအယူအဆသည်မှားပါတယ်။ကျန်သောအနေအထားများသည်လည်း ကလေးရလွယ်ပါတယ်။တသတ်မှတ်တည်းအနေအထားကိုသာသုံးစားမလိုပါ။သုတ်ပိုးဝင်ပြီး မမျိုးဥပေါင်းချိန်သည် စက္ကန့်အနည်းငယ်သာကြာရျ် အနေအထားကို ထည့်စဉ်းစားစရာမလိုပါ။

အမှား(4)အမျိုးသမီးများတွင်သာ တာဝန်ရှိသည်ဟုထင်ခြင်း

ကိုယ်ဝန်မရခြင်းအကြောင်းများရှာဖွေရာ အမျိုးသမီးများတွင်သာအမြဲရှာဖွေတတ်ကြပါတယ်။အမျိုးသားများအနေဖြင့် မိမိတွင်ချို့ယွင်းချက်ရှိပြီး လူမပီသမည်ကို စိုးရိမ်တတ်ကြပါတယ်။အမျိုးသားများသည် ဆကိဆံစဉ် သုတ်ရည်ထွက်သည်ကိုစွမ်းဆောင်ရည်ရှိသည်ဟု ယုံကြည်ထားကြပါတယ်။သို့သော်အဆိုပါ သုတ်ရည်တွင် သုတ်ပိုးသည် အောင်မြင်သောသုတ်ပိုးပါရှိမှသာ ကိုယ်ဝန်ရနိုင်သည်ကိုအမျိုးသားတိုင်းလက်မခံကြပါ။ထို့ကြောင့်ကလေးမရလျှင်အမျိုးသားရောအမျိုးသမီးများပါ စစ်ဆေးရှာဖွေရပါမယ်။ကိုယ်ဝန်မရခြင်းအကြောင်းရင်း ၅၀%သည်အမျိုးသမီးနှင့်ဆိုင်သော်လည်း ၄၀%သည်အမျိုးသားနှင့်ဆိုင်ရျ် ၁၀%သည်အခြားသောအခြေအနေများကြောင့်ဟု တွေ့ရှိရပါတယ်။

အမှား(5)”မ”မျိုးဥ  ကြွေရက်တွင် ဆက်ဆံခြင်း

မျိုးဥကြွေစစ်တံ သို့မဟုတ် ရက်တွက်ရျ် လိင်ဆက်ဆံခြင်းသည် ကိုယ်ဝန်ရနိုင်သော်လည်းနောက်ကျတတ်ပါတယ်။မမျိုးဥကြွေပြီးသည့်နောက် ၂၄နာရီအတွင်းသာ ကိုယ်ဝန်ရနိုင်ပါတယ်။နောက်ကျပါက နောက်လတဖန်စောင့်ရပါမယါ။သုတါပိုးသည် မိန်းမအင်္ဂါထဲတွင် ၃ရက်နှင့်၅ရက်အကြာသေဆုံးပါတယ်။ထို့ကြောင့် မမျိုးဥကြွေရက်နေခြင်းထက် မမျိုးဥကြွေရက်ထက်အနည်းငယ်ရက်စောနေခြင်းက ကိုယ်ဝန်ရရန်အခွင့်အလမ်းများပါတယ်။

အမှား(6)အလျင်စလို ဆေးကုသမှုခံယူခြင်း

အိမ်ထောင်ကျပြီး ၂လမှ ၃လခန့်ကြာသည်အထိ ကိုယ်ဝန်မဆောင်ခြင်းသည် အလျင်စလို ဆေးကုသခြင်းကိုမလုပ်သင့်ပါ။ချို့ယွင်းချက်မရှိသောစုံတွဲများသည်ပင် အချိန်အတန်ကြာသည်အထိ အချိန်ယူရနိုင်ပါတယ်။အလျင်စလိုဆေးခန်းပြခြင်းသည် စိတ်ဖိစီးမူအပြည့်အဝဖြစ်စေပါတယ်။ကိုယ်ဝန်ရရန် အခက်အခဲဖြစ်စေပါတယ်။

အမှား(7)မိမိရဲ့ကျန်းမာရေးအခြေအနေကို သတိမမူမိခြင်း

ကလေးမရသေးသောစုံတွဲများသည် ကိုယ်ဝန်မရသောကြောင့်  မျိုးပွားအင်္ဂါအဖွဲ့အစည်းလုပ်ဆောင်မူကိုသာ အထူးဂရုစိုက်ရှာဖွေကြသော်လည်း မိမိတို့ရဲ့ကျန်းမာရေးအခြေအနေကို လစ်လျူရှုတတ်ကြပါတယ်။ပုံမှန်အားဖြင့် မိမိရဲ့ကျန်းမာရေးအခြေအနေကိုအထူးဂရုစိုက်ကြပါတယ်။ဥပမာ ကိုယ်အလေးချ်န်။ဆေးလိပ်သောက်ခြင်း။အရက်သောက်ခြင်းနင့်စိတ်ဖိဆီးမူ
ထို့ကြောင့် ကိုယ်ဝန်ဆောင်နိုင်ရန် မိမိကျန်းမာရေးကောင်းမွန်စေရန် အပြုအမူအနေအထိုင်များကို ဂရုစိုက်ပါ။

ဆက်စပ် ဆောင်းပါးများ