လိင်ဆက်ဆံပြီးပြီးချင်း လုံးဝမလုပ်သင့်တဲ့ အချက် ၂ ချက်

 

လိင်ဆက်ဆံပြီးပြီးချင်း လုံးဝမလုပ်သင့်တဲ့ အချက် ၂ ချက်

လိင်ဆက်ဆံတာနဲ့ ပတ်သက်လို့ ခင်ဗျားတို့အနေနဲ့ ဟိုဖတ်ဒီဖတ်နဲ့ စာအချို့ ဒါမှမဟုတ် တော်တော်များများ ဖတ်ဖူးကောင်းဖတ်ဖူးပါလိမ့်မယ်။ပွေ့ဖက်ပူးကပ်နေတာဟာ ဆက်ဆံရေးကို ပိုကောင်းစေကြောင်း ရာသီမလာခင် တစ်ရက်လောက်အလိုမှာ လိင်ဆက်ဆံတာဟာ အမျိုးသမီးကို ပိုပြီးစိတ်ကျေနပ်မှုရစေကြောင်း ဘယ်လိုဘယ်ပုံလေ့ကျင့်ခန်းတွေလုပ်ရင်တော့ဖြင့် လိင်မှုကိစ္စမှာ ဘယ်လိုစွမ်းဆောင်နိုင်မှာဖြစ်ကြောင်း အစရှိသဖြင့် အမျိုးမျိုးပေါ့။

ဒါပေမဲ့ လိင်ဆက်ဆံပြီးပြီးချင်း ဘာတွေကတော့ဖြင့် မလုပ်သင့်ပါဘူးရယ်လို့ ရေးထားတာမျိုးကို ဖတ်ပြီးသွားပြီလား။များသောအားဖြင့် ဒါမျိုးနဲ့ပတ်သက်လို့ ရေးသားဖော်ပြထားတဲ့ အချက်အလက်တွေက နည်းပါတယ်။ဒါကြောင့် ဒီဆောင်းပါးမှာ လိင်ဆက်ဆံပြီးတိုင်း ဘယ်တော့မှ မလုပ်သင့်တဲ့အချက်၂ချက်ကို ပြောပြပေးသွားပါမယ်။ ခင်ဗျားတို့ အံ့သြကောင်းအံ့သြသွားနိုင်မယ်လို့တော့ ကြိုပြောထားပါရစေ။

၁။ကိစ္စပြီးပြီးချင်း ရေမချိုးပါနဲ့။

တော်တော်များများက ကိစ္စဝိစ္စတွေပြီးရင် ရေတန်းချိုးပစ်ပြီး ဆေးကြောသန့်စင်ချင်လေ့ရှိပါတယ်။ဒါဟာ သဘာဝကျတယ်လို့ ထင်ရပေမဲ့ တကယ့်အမှားကြီးပါ။အမျိုးသမီးရဲ့ မိန်းမကိုယ်ဟာ သူ့ဘာသာသူအလိုအလျောက်သန့်စင်မှုပြုလုပ်တတ်တဲ့အင်္ဂါတခုဖြစ်တာကြောင့် လိင်ဆက်ဆံပြီးတာနဲ့ ဝုန်းခနဲထပြီး ရေသွားဆေးတာ ရေပြေးချိုးတာမျိုးတွေ လုပ်စရာမလိုပါဘူး။နာမည်ကြီးမီးယပ်ဆရာဝန်တဦးရဲ့ အဆိုအရဆိုရင် လိင်ဆက်ဆံတဲ့အတောအတွင်းနဲ့ ပြီးပြီးချင်းအချိန်တွေမှာ  မိန်းမကိုယ်အတွင်းသားတွေဟာ ပတ်ဝန်းကျင်အခြေအနေကို တုန့်ပြန်ပုံပြောင်းလဲသွားတတ်တာကြောင့် ရေတန်းချိုးတာဟာ မလိုလားအပ်တဲ့အကျိုးဆက်တွေရနိုင်တယ်လို့ သိရပါတယ်။

၂။ကိုယ့်ရဲ့အဖော်နဲ့  ရေအတူတူမချိုးပါနဲ့။

ရုပ်ရှင်တွေထဲမှာ မင်းသားနဲ့မင်းသမီး ချစ်တင်းနှောပြီးသကာလ ရေချိုးဇလုံကြီးတွေထဲမယ် နှစ်ယောက်သား ချစ်ကြည်နူးတစ်တီတူးပြီး ရေတူတူချိုးကြတာမျိုး တွေ့ဖူးကြည့်ဖူးကြပါလိမ့်မယ်။အားမကျလိုက်ပါနဲ့။တကယ် ရှော့ခ်ရှိတဲ့ကိစ္စပါ။လိင်ဆက်ဆံပြီးကာစ အခြေအနေမှာ မိန်းမကိုယ်ရဲ့အပေါက်ဟာ ပွင့်နေဆဲပဲ ရှိနေနိုင်တာမို့ ရောဂါပိုးတွေအများကြီး အလွယ်တကူ ဝင်ရောက်သွားနိုင်လို့ပါ။ဒါကြောင့် ရုပ်ရှင်တွေကြည့်ပြီး သိပ် မရို ကြပါနဲ့လို့ပဲ ပြောပါရစေ။

ကဲ ခုဆို ဘာဘာညာညာတွေလုပ်ပြီးသွားရင် ဘာဘာညာညာတွေ မလုပ်ရဘူးဆိုတာကို သိရှိသွားပြီလို့ ထင်ပါတယ်။ပြောလက်စနဲ့ မထူးပါဘူး။လိင်ဆက်ဆံပြီးရင် အမျိုးသမီးတွေလုပ်သင့်တဲ့အချက်လေးတစ်ချက်ပါ ပြောပြပေးလိုက်ပါမယ်။ဒါကတော့ ရှုရှုးပေါက်တာပါပဲ။ဆက်ဆံပြီးပြီးချင်းပေါက်ချင်လို့ပဲဖြစ်ဖြစ် မပေါက်ချင်သေးတာပဲဖြစ်ဖြစ်  လိင်ဆက်ဆံပြီး တစ်နာရီလောက်အတွင်း ရှုရှုးပေါက်လိုက်တာဟာ သန့်ရှင်းရေးလုပ်လိုက်သလိုပဲဖြစ်တာမို မိန်းမကိုယ်ကျန်းမာရေးအတွက် အထူးသင့်တော်ပါသတဲ့။

အားလုံး ကျန်းကျန်းမာမာ ချစ်နိုင်ကြပါစေ။

Dr.KG

 

 

ဆက်စပ် ဆောင်းပါးများ