အမျိုးသားများ ဆီးထဲမှာ သုတ်ရည်ပါနေခဲ့ပြီဆိုရင်

အမျိုးသားများ ဆီးထဲမှာ သုတ်ရည်ပါနေခဲ့ပြီဆိုရင်

ဆီးထဲ သုတ်ရည်ပါခြင်းကိစ္စသည် အမျိုးသားများအတွက်ပြသနာတစ်ရပ်ဖြစ်ပါတယ်။ သုတ်ရည်ဆိုသည်မှာ ပုံမှန်အားဖြင့် လိင်ဆက်ဆံနေစဉ်နှင့်အာသာဖြေမှသာ လိင်တံမှထွက်ခြင်းဖြစ်ပါတယ်။ သို့သော် လိင်စိတ်မရှိသူများတွင် သုတ်ရည်သည် လိင်တံတွင်ကျန်ရှိနေတတ်ပါတယ်။

သုတ်ရည်ထွက်ကျခြင်းသည် လိင်ဆက်ဆံနေစဉ်အတောအတွင်းဖြစ်ခြင်းသည် အများဆုံးဖြစ်လေ့ရှိပါတယ်။ သုတ်ရည်ထွက်ကျခြင်းဖြစ်စေသောအကြောင်းရင်းများစွာရှိသော်လည်း ကုသစရာလိုအပ်သော အခြေအနေဖြစ်နိုင်သော်လည်း အချို့ကတော့ မလိုအပ်ပါ။

ဖြစ်စေနိုင်သောအကြောင်းရင်းများမှာ

-လိင်စိတ်နည်းပါးသူများ
ငယ်ရွယ်သူများတွင် သုတ်ရည်ဆီးထဲပါနေခြင်းမှာ လိင်စိတ်နည်းပါးခြင်းကြောင့်ဟု ယူဆ၍ရနိုင်ပါတယ်။ သုတ်ရည်ပုံမှန်လမ်းကြောင်းမထွက်ဘဲ နောက်ပြန်နေခြင်းဖြစ်နိုင်ပါတယ်။ ထို့ကြောင့် လိင်ဆက်ဆံစဉ်သုတ်ရည်မထွက်ဘဲ အရည်ကြည်ထွက်သောအခါတွင်လည်း ကိုယ်ဝန်ရနိုင်သည်ဆိုခြင်းမှာ အဆိုပါအရည်တွင် သုတ်ပိုးပါလာသောကြောင့်ဖြစ်ပါတယ်။ ထို့ကြောင့် စဆက်ဆံစဉ်ကတည်းက ကွန်ဒုံးသုံးပါ။

-ညဘက်သုတ်လွှတ်တတ်သူများ
အရွယ်ရောက်သူများ အထူးသဖြင့်အသက်၂၀ ဝန်းကျင်ရှိသူများအနေဖြင့် ညအိပ်ပျော်နေစဉ် သူ့အလိုလို့သုတ်ရည်ထွက်ကျနေတတ်ပါတယ်။ ထို့သို့ဖြစ်ရခြင်းမှာ မိမိစိတ်ပူးအိပ်မက်ကြောင့်ဖြစ်နိုင်ပါတယ်။ အထွေအထူးကုသရန်မလိုသော်လည်း အိပ်ရာဝင်ခါနီး လိင်စိတ်ပြင်ထန်စေသောအကြောင်းအရာများမကြည့်မိအောင်ရှောင်ပါ။

-ဆေးဝါးဆိုးကျိုးများ
အချို့စိတ်ရောဂါအတွက် ကုသသောဆေးများနှင့်ဟော်မုန်းဆေးများသည် သုတ်ရည်မထိန်းနိုင်မူဖြစ်စေပါတယ်။ လိင်စိတ်နည်းပါးခြင်း၊ သုတ်လွှတ်နောက်ကျခြင်းနှင့် ပန်းညိူးခြင်းစသည်တို့ကိုဖြစ်စေနိုင်ပါတယ်။ ထိုအခါသေချာဆရာဝန်နှင့်တိုင်ပင်ကုသမူခံယူပါ။

-ဆီးကြိတ်ပြဿနာများ
ဆီးကြိတ်သည် သုတ်ရည်သည် လိင်တံမှထွက်ရန် ကူညီပေးသောဂလင်းဖြစ်ပါတယ်။ ပိုးကူးစက်ခြင်းနှင့် အာရုံကြောထိခိုက်ခြင်းတို့ကြောင့် ဆီးကြိတ်ရောင်ခဲ့သော် သုတ်လွှတ်ရာတွင် ထိခိုက်နိုင်ပါတယ်။ ဆီးကြိတ်ရောင်ခြင်းအပြင် ဆီးကြိတ်ကင်ဆာဖြစ်ပါကလည်း ဆီးသွားရခက်ခဲခြင်း၊ သုတ်လွှတ်အဆင်မပြေခြင်းနှင့် သုတ်ရည်ထဲသွေးပါခြင်းစသည့်တို့ကိုပါ ခံစားရနိုင်ပါတယ်။ ထို့ကြောင့် သေချာကုသမူခံယူသင့်ပါတယ်။

-အာရုံကြောထိခိုက်ဒဏ်ရာရခြင်း
အကြောင်းတစုံတရာကြောင့် အာရုံကြောထိခိုက်ခဲ့လျှင် သုတ်လွှတ်ပြသနာနှင့် သုတ်ရည်မထိန်းနိုင်ခြင်းစသည်တို့ကိုခံစားရပါလိမ့်မယ်။ အသက်ကြီးခြင်း၊ အာရုံကြောမကြီးပိုးဝင်ခြင်း၊ ဒဏ်ရာရခြင်း၊ ခွဲစိတ်မူခံယူရခြင်းစသည်တို့ကြောင့်ဖြစ်ပါတယ်။

ဆီးသွားပြီးနောက်သုတ်ရည်ထွက်လာခြင်းသည် ပုံမှန်အားဖြင့် အန္တရာယ်မရှိပါ။ သို့သော် သုတ်ရည်ချည်းမဟုတ်ဘဲ လိင်ဆက်ဆံခြင်းကြောင့်ရောဂါကူးစက်မူကြောင့်ဖြစ်ခဲ့လျှင် ကုသမူခံယူရန်လိုအပ်ပါတယ်။ သုတ်ရည်သည်ပုံမှန်လမ်းကြောင်းအတိုင်းမဆင်းဘဲ ဆီးအိမ်ထဲပြန်ဝင်မူကြောင့် ဆီးအရောင်နောက်နေတတ်ပါတယ်။ ဆီးသွားပြီးနောက်သုတ်ရည်ထွက်ခြင်းသည်စိတ်ပူရန်မလိုဟုဆိုသော်ငြားလည်းအောက်ပါလက္ခဏာများဖြစ်လာပါက အမြန်ဆုံးဆေးကုသရန်လိုအပ်ပါတယ်။

-သုတ်ရည် သို့မဟုတ် ဆီးထဲသွေးပါခြင်း
-သုတ်ရည်အနံဆိုးနံခြင်း
-သုတ်လွှတ်ရာတွင်ခက်ခဲခြင်း
-သုတ်ရည်လွှတ်ရာနှင့်ဆီးသွားရာတွင်နာကျင်ခြင်း
-ပုံမှန်သုတ်ရည်အရောင်မဟုတ်ခြင်း တို့ဖြစ်လာပါက သေချာဆီးနှင့်ကျောက်ကပ်အထူးကုဆရာဝန်နှင့်သေချာကုသမူခံယူရန်လိုအပ်ပါတယ်။

Dr.Ei Cho