ကိုကြီးဖြစ်ချင်သူရဲ့ဒုက္ခ

ကိုႀကီးျဖစ္ခ်င္သူရဲ႕ဒုကၡ

မိမိလိင္အဂၤါ ေသးငယ္သည္။ အမ်ိဳးသမီးအတြက္ စိတ္ခ်မ္းသာမူမေပးႏိုင္သည္ဟု ထင္သူမ်ားႏွင့္မိမိအဂၤါႀကီးမွ ေယာက်ာၤးပိုပီသသည္ဟုထင္သူမ်ားအတြက္ OnDoctor မွမွာေဆးနည္းမ်ိဳးစုံလာေတာင္းၾကပါတယ္။ မလုပ္သင့္ပါဟုအေျဖကိုလည္းေက်နပ္ပုံမရၾကပါ။ ဒါဆိုႀကီးေအာင္ႀကိဳးစားသူမ်ားရဲ႕ေနာက္ဆက္တြဲဒုကၡရင္ဆိုင္ရႏိုင္ေသာျပသနာမ်ားကို ရွင္းလင္းစြာေရးသားရန္တာဝန္ရွိပါတယ္။

လိင္အဂၤါအေရျပားေအာက္သို႔ အလွဆီ၊ သတၱဳဆီ၊ ဆီလီကြန္စသည့္တို႔ကို အထဲသို႔နာက်င္မူအနည္းဆုံးျဖင့္ ထိုးသြင္းတတ္ၾကပါတယ္။ ကိုယ္တိုင္လည္းထိုးသြင္းတတ္ၾကပါတယ္။ ေဂၚလီလုံးကဲ့သို႔အမာမ်ားလည္းထိုးသြင္းတတ္ၾကပါတယ္။ ကုန္က်စရိတ္နည္းၿပီး အခ်ိန္ယူစရာမလိုေသာေၾကာင့္အလြယ္တကူျပဳလုပ္ၾကပါတယ္။ အစပထမပိုင္းတြင္မိမိကိုယ္ကို လိင္အဂၤါႀကီးလာ၍ ေက်နပ္မူရရွိႏိုင္ေသာ္လည္း ေနာင္အခါတြင္ျဖစ္ေပၚလာသည့္ဆိုးက်ိဳးမလြဲမေသြႀကဳံေတြ႕ရႏိူင္ေသာေၾကာင့္ မည္ကဲ့သို႔ျပန္ထုတ္ရမည္နည္းက ေၾကာက္႐ြံ႕စြာေမးလာၾကပါတယ္။

(1)ပထမဦးဆုံးအေနျဖင့္ ခ်က္ခ်င္းႀကဳံေတြ႕ရေသာဆိုးက်ိဳးမ်ားအေနျဖင့္

-ပိုးဝင္ျခင္းေသာေၾကာင့္ လိင္တံျပည္က်ျခင္း
-ထိုးသြင္းေသာအရာျဖင့္ဓာတ္မတည့္မူျဖစ္ျခင္း
-အေရျပားအနာျဖစ္ျခင္း
-ေနရာလြဲ၍ဆီးလမ္းေၾကာင္းထိႏိုင္ျခင္း
-ထိုးသြင္းရာတြင္ေသြးေၾကာထဲတိုက္႐ိုက္ဝင္၍ အသက္ေသသည္အထိ အႏၲရာယ္ ျဖစ္ေစႏိုင္စသည္တို႔ျဖစ္ပါတယ္။
ေနာက္ဆက္တြဲဆိုးက်ိဳးအေနျဖင့္ အမ်ိဳးမ်ိဳးေသာလကၡဏာမ်ားျဖစ္လာတတ္ၿပီး လိင္အဂၤါပုံစံလည္းေျပာင္းလဲလာပါလိမ့္မယ္။
-ဆီးသြားရခက္ျခင္း
-မၾကာခဏဖ်ားျခင္း
-ဆက္ဆံရာတြင္ခက္ခဲျခင္း
-သုတ္လႊတ္ျပသနာမ်ားခံစားရျခင္းစသည္တို႔အျပင္ ကေလးရရန္ခက္ခဲတတ္ပါတယ္။

ထိုးသြင္းလိုက္ေသာအဆီရည္သည္ စုခဲလာၿပီး အထဲတြင္ အက်ိတ္ကဲ့သို႔ျဖစ္လာႏိုင္ၿပီး အဂၤါရဲ႕ပုံစံေပ်ာက္လာႏိုင္ပါတယ္။ ပန္းေသပန္းညိွဳးေရာဂါခံစားရၿပီး အေရျပားေပၚတြင္အနာမ်ားျဖစ္လာႏိုင္ပါတယ္။ အဆိုး႐ြားဆုံးအေနျဖင့္ လိင္အဂၤါကင္ဆာအျဖစ္သို႔ေရာက္ရွိႏိုင္ပါတယ္။

(2)အဆိုပါ လကၡဏာမ်ားျဖစ္လာပါက ေဆးၿမီတိုျဖင့္ကုသပါက ပိုမိုဆိုး႐ြားေသာအေျခအေနသို႔ေရာက္ရွိႏိုင္ေသာေၾကာင့္ ေသခ်ာနားလည္တတ္ကြၽမ္းေသာဆရာဝန္ႏွင္ျပသရန္ဝန္မေလးသင့္ပါ။

(3) ကုသနည္းကေတာ့ ျဖစ္ေပၚေနေသာေရာဂါအေျခအေနေပၚမူတည္ရ်္ ကုသမူခံယူရပါမယ္။
-ပိုးသတ္ေဆးျဖင့္ကုသျခင္းအျပင္ ပိုမိုဆိုး႐ြားလာပါက ခြဲစိတ္ကုသျခင္းျပဳလုပ္ရပါလိမ့္မယ္။
-အဆိုပါ မာခဲေနေသာအရာမ်ားကိုျခစ္ထုတ္ျခင္း
-လိင္တံ တစ္ဝက္ျဖတ္ထုတ္ျခင္း
-လိင္တံတခုလုံးျဖတ္ထုတ္ရျခင္းစေသာ ပိုမိုဆိုး႐ြားေသာအဆင့္သို႔ေရာက္ရွိႏိုင္ပါတယ္။
ထို႔ေၾကာင့္ လိင္အဂၤါႀကီးခ်င္၍ ေဆးလိမ္း၊ ေဆးထိုးခ်င္၊ ပစၥည္းထည့္ခ်င္သူမ်ားအတြက္ ေနာက္ဆုံးဆိုးက်ိဳးသည္ လူျဖစ္႐ႈံးသည္အထိဆိုး႐ြားၿပီး အသက္ငယ္ငယ္ႏွင့္ပန္းေသပန္းညိွဳးသည့္ဘဝေရာက္ရွိႏိုင္ေၾကာင္း အသိပညာေပးေရးသားလိုက္ပါတယ္။

Dr.ေက်ာ္

(Unicode)

ကိုကြီးဖြစ်ချင်သူရဲ့ဒုက္ခ

မိမိလိင်အင်္ဂါ သေးငယ်သည်။ အမျိုးသမီးအတွက် စိတ်ချမ်းသာမူမပေးနိုင်သည်ဟု ထင်သူများနှင့်မိမိအင်္ဂါကြီးမှ ယောကျာၤးပိုပီသသည်ဟုထင်သူများအတွက် OnDoctor မှမှာဆေးနည်းမျိုးစုံလာတောင်းကြပါတယ်။ မလုပ်သင့်ပါဟုအဖြေကိုလည်းကျေနပ်ပုံမရကြပါ။ ဒါဆိုကြီးအောင်ကြိုးစားသူများရဲ့နောက်ဆက်တွဲဒုက္ခရင်ဆိုင်ရနိုင်သောပြသနာများကို ရှင်းလင်းစွာရေးသားရန်တာဝန်ရှိပါတယ်။

လိင်အင်္ဂါအရေပြားအောက်သို့ အလှဆီ၊ သတ္တုဆီ၊ ဆီလီကွန်စသည့်တို့ကို အထဲသို့နာကျင်မူအနည်းဆုံးဖြင့် ထိုးသွင်းတတ်ကြပါတယ်။ ကိုယ်တိုင်လည်းထိုးသွင်းတတ်ကြပါတယ်။ ဂေါ်လီလုံးကဲ့သို့အမာများလည်းထိုးသွင်းတတ်ကြပါတယ်။ ကုန်ကျစရိတ်နည်းပြီး အချိန်ယူစရာမလိုသောကြောင့်အလွယ်တကူပြုလုပ်ကြပါတယ်။ အစပထမပိုင်းတွင်မိမိကိုယ်ကို လိင်အင်္ဂါကြီးလာ၍ ကျေနပ်မူရရှိနိုင်သော်လည်း နောင်အခါတွင်ဖြစ်ပေါ်လာသည့်ဆိုးကျိုးမလွဲမသွေကြုံတွေ့ရနိူင်သောကြောင့် မည်ကဲ့သို့ပြန်ထုတ်ရမည်နည်းက ကြောက်ရွံ့စွာမေးလာကြပါတယ်။

(1)ပထမဦးဆုံးအနေဖြင့် ချက်ချင်းကြုံတွေ့ရသောဆိုးကျိုးများအနေဖြင့်

-ပိုးဝင်ခြင်းသောကြောင့် လိင်တံပြည်ကျခြင်း
-ထိုးသွင်းသောအရာဖြင့်ဓာတ်မတည့်မူဖြစ်ခြင်း
-အရေပြားအနာဖြစ်ခြင်း
-နေရာလွဲ၍ဆီးလမ်းကြောင်းထိနိုင်ခြင်း
-ထိုးသွင်းရာတွင်သွေးကြောထဲတိုက်ရိုက်ဝင်၍ အသက်သေသည်အထိ အန္တရာယ် ဖြစ်စေနိုင်စသည်တို့ဖြစ်ပါတယ်။
နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် အမျိုးမျိုးသောလက္ခဏာများဖြစ်လာတတ်ပြီး လိင်အင်္ဂါပုံစံလည်းပြောင်းလဲလာပါလိမ့်မယ်။
-ဆီးသွားရခက်ခြင်း
-မကြာခဏဖျားခြင်း
-ဆက်ဆံရာတွင်ခက်ခဲခြင်း
-သုတ်လွှတ်ပြသနာများခံစားရခြင်းစသည်တို့အပြင် ကလေးရရန်ခက်ခဲတတ်ပါတယ်။

ထိုးသွင်းလိုက်သောအဆီရည်သည် စုခဲလာပြီး အထဲတွင် အကျိတ်ကဲ့သို့ဖြစ်လာနိုင်ပြီး အင်္ဂါရဲ့ပုံစံပျောက်လာနိုင်ပါတယ်။ ပန်းသေပန်းညှိုးရောဂါခံစားရပြီး အရေပြားပေါ်တွင်အနာများဖြစ်လာနိုင်ပါတယ်။ အဆိုးရွားဆုံးအနေဖြင့် လိင်အင်္ဂါကင်ဆာအဖြစ်သို့ရောက်ရှိနိုင်ပါတယ်။

(2)အဆိုပါ လက္ခဏာများဖြစ်လာပါက ဆေးမြီတိုဖြင့်ကုသပါက ပိုမိုဆိုးရွားသောအခြေအနေသို့ရောက်ရှိနိုင်သောကြောင့် သေချာနားလည်တတ်ကျွမ်းသောဆရာဝန်နှင်ပြသရန်ဝန်မလေးသင့်ပါ။

(3) ကုသနည်းကတော့ ဖြစ်ပေါ်နေသောရောဂါအခြေအနေပေါ်မူတည်ရျ် ကုသမူခံယူရပါမယ်။
-ပိုးသတ်ဆေးဖြင့်ကုသခြင်းအပြင် ပိုမိုဆိုးရွားလာပါက ခွဲစိတ်ကုသခြင်းပြုလုပ်ရပါလိမ့်မယ်။
-အဆိုပါ မာခဲနေသောအရာများကိုခြစ်ထုတ်ခြင်း
-လိင်တံ တစ်ဝက်ဖြတ်ထုတ်ခြင်း
-လိင်တံတခုလုံးဖြတ်ထုတ်ရခြင်းစသော ပိုမိုဆိုးရွားသောအဆင့်သို့ရောက်ရှိနိုင်ပါတယ်။
ထို့ကြောင့် လိင်အင်္ဂါကြီးချင်၍ ဆေးလိမ်း၊ ဆေးထိုးချင်၊ ပစ္စည်းထည့်ချင်သူများအတွက် နောက်ဆုံးဆိုးကျိုးသည် လူဖြစ်ရှုံးသည်အထိဆိုးရွားပြီး အသက်ငယ်ငယ်နှင့်ပန်းသေပန်းညှိုးသည့်ဘဝရောက်ရှိနိုင်ကြောင်း အသိပညာပေးရေးသားလိုက်ပါတယ်။

Dr.ကျော်

ဆက်စပ် ဆောင်းပါးများ