ကလေးအချင်းချင်းဖြစ်တဲ့ မုဒိမ်း

ကလေးအချင်းချင်းဖြစ်တဲ့ မုဒိမ်း

ကလေးအချင်းချင်း လိင်ပိုင်းဆိုင်ရာ ကျူ းလွန်မှုဆိုတာ ရှိသလား? တကယ်ရော ဖြစ်နိုင်ရဲ့လား? ဆိုတဲ့မေးခွန်းတွေဟာ မိဘတွေနဲ့ ကလေးသူငယ်စောင့်ရှောက်ခြင်းဆိုင်ရာအလုပ်တခုခု လုပ်ကိုင်တဲ့သူတွေအတွက် စိတ်ဝင်စားစရာမေးခွန်းတွေပါပဲ။စိတ်မကောင်းစရာလို့ပဲပြောရမလားတော့ မသိ။ကလေးသူငယ်လိင်ကျူ းလွန်မှုအားလုံးရဲ့ ၃၀% ကျော်ကျော်လောက်မှာ တရားခံတွေက အသက်၁၈ နှစ်အောက် ကလေးတွေပဲ ဖြစ်နေတယ်လို့ လေ့လာမှုတွေကဆိုပါတယ်။ဒါကြောင့်မို့လို့ ကလေးသူငယ်အချင်းချင်းလိင်ပိုင်းဆိုင်ရာကျူ းလွန်မှုဟာ လက်မခံချင်လည်း လက်ခံရမဲ့ အလေးအနက်ထားပြီး ဖြေရှင်းရမဲ့ ကိစ္စတရပ်ပဲဖြစ်ပါတယ်။

အတိုကောက် COCSA ( Child On Child Sexual Abuse)လို့ခေါ်တဲ့ ကလေးသူငယ်အချင်းချင်းလိင်ကျူ းလွန်မှုကို ခုလိုဖွင့်ဆိုထားပါတယ်။

” သဘောတူညီမှုမပါဘဲ ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ သို့မဟုတ် အသက်အပိုင်းအခြားအရဖြစ်စေ တူညီမျှတမှုမရှိဘဲ ကလေးသူငယ်အချင်းချင်း လိင်ပိုင်းဆိုင်ရာကျူ းလွန်မှုကို ဆိုလိုပါသည်။”
အများအားဖြင့်တော့ အသက်ပိုကြီးတဲ့ ခွန်အားပိုကြီးတဲ့ကလေးတွေက အသက်ငယ်တဲ့ သေးကွေးတဲ့ကလေးငယ်တွေပေါ်မှာ ကျူ းလွန်လေ့ရှိကြပါတယ်။

နောက်တခုက လူကြီးက ကျူ းလွန်လို့ရတဲ့ဒဏ်ရာပမာဏမျိ ု း ရနေရင်တောင် ဒီအမှုမျိ ု းဟာ စခန်းရောက် ဂါတ်ရောက်မဖြစ်တော့ဘဲ တိတ်တဆိတ်ပဲ ပြီးဆုံးသွားလေ့ရှိပါတယ်။အကြောင်းကတော့

– ကလေးအချင်းချင်း ဖြစ်တာပဲဆိုပြီး သိပ်အလေးအနက် မထားတတ်ကြတာ
– အဖြစ်အပျက်ကို လူတွေ သိသွားကြရင် ခံရတဲ့ကလေး(သို့မဟုတ်) လုပ်တဲ့ကလေး(သို့မဟုတ်)နှစ်ဖက်စလုံး နစ်နာထိခိုက်မှုရှိလာမှာကို ကြောက်လို့ ဖုံးကြကွယ်ကြတာ စသဖြင့်ပဲ ဖြစ်ပါတယ်။

တကယ်တမ်း လူကြီးတွေ သေချာမသိတဲ့အချက်က ဒီကိစ္စမျိ ု းဟာ ခံရတဲ့ကလေးသာမက ကျ ူ းလွန်တဲ့ကလေးကိုပါ ပြင်ဆင်ဆောင်ရွက်ပေးဖို့လိုအပ်တယ်ဆိုတာကိုပါ။

အကျ ူ းလွန်ခံရတဲ့ကလေးအနေနဲ့ မှန်ကန်သင့်တော်တဲ့ စောင့်ရှောက်မှုမျိ ု း ရရှိဖို့ အရမ်းအရေးကြီးပါတယ်။ဒီလိုငယ်ရွယ်စဉ်အချိန်မှာ လိင်ပိုင်းဆိုင်ရာအကျူ းလွန်ခံရတာရဲ့ သက်ရောက်မှုဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအနေနဲ့ အလွန်ကြီးမားပါတယ်။

ကျ ူ းလွန်တဲ့ကလေးအဖို့လည်း သင့်တော်မှန်ကန်တဲ့စောင့်ရှောက်ပဲ့ပြင်မှုမျိ ု း အရေးတကြီးလိုအပ်တယ်လို့ ပြောရင် အံ့သြကောင်း အံသြသွားနိုင်ပါတယ်။မအံ့သြပါနဲ့။အချက်အလက်တွေနဲ့ ပြောတာပါ။ဒီလိုမျိ ု း ကျ ူ းလွန်ဖူးတဲ့ကလေးဟာ နောင်ကြီးလာတဲ့အခါမှာလည်း ထပ်မံကျ ူ းလွန်ဖို့ ဝန်မလေးတော့ကြလို့ပါ။မုဒိမ်းတရားခံတွေကို လိင်ပိုင်းကျ ူ းလွန်သူအများစုကို ကြည့်လိုက်ရင် အသက် ၁၈ နှစ်အောက်အရွယ်ထဲက အလားတူကိစ္စမျိ ု းကို ကျ ူ းလွန်ခဲ့ကြဖူးတယ်လို့ သိရပါတယ်။

ကလေးသူငယ်အချင်းချင်း လိင်ပိုင်းဆိုင်ရာကျ ူ းလွန်မှုနဲ့ ပတ်သက်လို့ မသိမဖြစ် သိထားရမဲ့အချက် ၅ ချက် ကို ပြောပြပါမယ်။

၁။အသက် ၁၂ နှစ် နဲ့ ၁၄ နှစ်ကြား အရွယ်ကလေးငယ်တွေဟာ ကလေးသူငယ်ဆိုင်ရာလိင်ပိုင်းဆိုင်ရာကျ ူ းလွန်မှုလုပ်နိုင်ချေအရှိဆုံး အရွယ်တွေပါပဲ။

ဒီအရွယ်ဟာ ကြီးကောင်ဝင်စ အရွယ်ဖြစ်ပြီး ခန္ဓာကိုယ်အပြောင်းအလဲတွေ စဖြစ်ပေါ်ကာ အရာရာကို လက်တည့်စမ်းချင်နေတတ်တဲ့ အရွယ်တွေပဲဖြစ်ပါတယ်။သူတို့ဟာ သူတို့ထက် အသက်ငယ်တဲ့ ခန္ဓာကိုယ်အရွယ်အစားသေးငယ်တဲ့ကလေးတွေကို လိင်ပိုင်းဆိုင်ရာကျ ူ းလွန်တာမျိ ု း ပြု လုပ်နိုင်ပါတယ်။ဒါကြောင့်ကိုယ့်ကလေးနဲ့နှစ်ယောက်ထဲအတူတူရှိနေနိုင်သူတွေ အားလုံးကို သတိထားပါ။လူကြီးတွေသာမက ကလေးတွေပါ အပါအဝင်ပေါ့။

၂။ လိင်ပိုင်းဆိုင်ရာကျ ူ းလွန်တတ်သူတွေရဲ့ ၇၀ % လောက်မှာ သားကောင် ၁ယောက်ကနေ ၉ ယောက်အထိ ရှိနေတတ်ပါတယ်။ဆက်တိုက်ကျ ူ းလွန်တတ်တဲ့သဘောပါ။

ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုလုပ်တတ်တဲ့ကလေးတယောက်ကို တားဆီးပြီး ပထမအကြိမ်ကျ ူ းလွန်မှုအပြီးမှာတင် ပညာပေးဆုံးမမှုတွေပြုလုပ်လိုက်ရင် ဒီကလေး ကြီးပြင်းလာတဲ့အခါ နောက်ထပ်ကျ ူ းလွန်လာနိုင်မဲ့အမှုအခင်းတွေကိုပါ ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

၃။လိင်ပိုင်းဆိုင်ရာကျ ူ းလွန်မှုခံရတဲ့ကလေး ၄၀% လောက်ဟာ သူတို့ထက် ပိုအသက်ကြီးတဲ့ သူတို့ထက် ခွန်အားကြီးတဲ့ကလေးတွေရဲ့ ကျ ူ းလွန်မှုကို ခံရတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် သံသယဖြစ်ဖွယ်စာရင်းမှာ ကလေးတွေကိုလည်း မဖြစ်မနေထည့်သွင်း စဉ်းစားထားရမှာပဲ ဖြစ်ပါတယ်။

၄။ကလေးသူငယ်ပိုင်းဆိုင်ရာလိင်ကျ ူ းလွန်မှုအများစုကို သူစိမ်းတယောက်ယောက်က ပြု လုပ်ဖို့ရာ အင်မတန် ခဲယဉ်းပါတယ်။

လူကြီးအမှုတွေမှာလိုပဲ ကလေးသူငယ်အချင်းချင်း လိင်ကျ ူ းလွန်ဖို့ဆိုတာ ခုမှတွေ့ဖူးတဲ့ သူစိမ်းတယောက်အနေနဲ့ ၊ မရင်းနှီးတဲ့သူတယောက်အနေနဲ့ ကျ ူ းလွန်ဖို့ရာ အလွန်ခဲယဉ်းပြီး ကလေးရဲ့သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင် ဒါမှမဟုတ် ဝင်ထွက်သွားလာနေကျရင်းနှီးသူတွေကသာ ကျ ူ းလွန်လေ့ရှိတာတွေ့ရပါတယ်။

၅။ကျ ူ းလွန်မှုခံရအပြီး တစ်လအတွင်း ထုတ်ဖော်ပြောဆိုတဲ့ ကလေးငယ်တွေမှာဆိုရင်တော့ နောက်နောင်ကြုံတွေ့ရမဲ့ စိတ်ကျရောဂါဖြစ်နိုင်ချေနည်းပါးသွားတာ တွေ့ရပါတယ်။

ဒါကြောင့် လိင်ပိုင်းဆိုင်ရာ ကျ ူ းလွန်မှုနဲ့ ပတ်သက်လို့ ကိုယ့်ကလေးငယ်က ပြောလာခဲ့ပြီဆိုရင် သူတို့ကို ယုံပါ။သေချာနားထောင်ပါ။

လိင်ပိုင်းဆိုင်ရာ ကျ ူ းလွန်မှုတွေဟာ စက်ဆုပ်ရွံရှာဖွယ်ရာ ကောင်းလွန်းတာကြောင့် တွေးတောင်မကြည့်ချင်စရာဖြစ်သလို ဆွေးနွေးဖို့ရာလည်း မလွယ်ကူလှပါဘူး။ဒါပေမဲ့ ဒီကိစ္စဟာ အလွန်အရေးကြီးပါတယ်။သင်ကိုယ်တိုင်သေချာနားလည်ထားမှ သင့်ကလေးငယ်ကိုလည်း ဆောင်ရန်ရှောင်ရန်တွေ ပြောပြနိုင်မှာပါ။ဒါကြောင့် ကလေးသူငယ်လိင်ပိုင်းဆိုင်ရာကျ ူ းလွန်မှုနဲ့ပတ်သက်လို့ သင်လုပ်ဆောင်နေတာတွေ ပြောဆိုနားထောင်နေတာတွေအားလုံးဟာ ကိုယ့်ရင်သွေးငယ်ကို ဒီလိုအဖြစ်ဆိုးမျိ ု းကနေ ကာကွယ်နေတာပါပဲ။

Dr.K

ဆက်စပ် ဆောင်းပါးများ