(Zawgyi)
ျပင္ပေလာက၌ တြဲဖက္အသုံးျပဳရာတြင္ အဆင္ေျပေသာ၊ သဘာဝက်ေသာ စကားလုံးတခ်ိဳ႕ ရွိသည္။ “ပိန္ပိန္ရွည္ရွည္”၊ “ဝဝပုပု” စသည္ျဖင့္ ျဖစ္သည္။ “ဝဝရွည္ရွည္”၊ “ပိန္ပိန္ပုပု” ဟုဆိုလွ်င္ သုံးရတာ ကတ္သီးကတ္သတ္ႏိုင္သည္။ ေခၚ၍လည္း မေကာင္းေပ။ ကြၽန္ေတာ္ ေဆးေက်ာင္းသားဘဝႏွင့္ ဆရာဝန္ျဖစ္စက ကိုယ္အေလးခ်ိန္မွာ ၉၃ ေပါင္သာ ရွိၿပီး အရပ္မွာ ၅ေပသုံးလက္မ နီးပါးသာ ရွိသည္။ ထို႔ေၾကာင့္ ကြၽန္ေတာ့္ကို ၫႊန္းမည္ဆိုလွ်င္ “ပုပုပိန္ပိန္” ဟုသာ ေျပာဆိုႏိုင္မည္ ျဖစ္သည္။
ကြၽန္ေတာ္သည္ ေဆးေက်ာင္းသားဘဝကပင္ အရပ္ရွည္ေသာ သူငယ္ခ်င္းမ်ားကို အားက်မိခဲ့သည္။ အရပ္ရွည္ခ်င္ခဲ့သည္။ သို႔ေသာ္ အရပ္ရွည္လာေအာင္ အားကစားလုပ္ျခင္းမွအစ ဘာတစ္ခုမွ် မျပဳလုပ္ခဲ့မိေပ။ ေဆးေက်ာင္းအေခၚ “ဟိုက္ပါ” (Hyper) စာၾကမ္းပိုးဘဝျဖင့္သာ ကုန္ဆုံးခဲ့သည္။ ဆရာဝန္ျဖစ္လာေသာအခါ မိမိကိုယ္တိုင္ မျပည့္ဝခဲ့ေသာ အရပ္ရွည္လိုသည့္ ဆႏၵကို မ်ိဳးဆက္သစ္လူငယ္မ်ားအတြက္ စြမ္းေဆာင္ေပးခ်င္ခဲ့ပါသည္။
အရပ္ရွည္ေသာ မိဘမ်ားမွ ေမြးဖြားလာေသာ သားသမီးမ်ားသည္ မ်ိဳး႐ိုးဗီဇသေဘာအရ အရပ္ရွည္ရန္ အခြင့္သာပါသည္။ ထိုသူတို႔အဖို႔ အစားအေသာက္ အေနအထိုင္မွန္လွ်င္ အရပ္ရွည္ရန္ ရာခိုင္ႏႈန္းမ်ားစြာ ရွိေပသည္။ ကြၽန္ေတာ့္အေနျဖင့္ အထူးသျဖင့္ အရပ္ပုေသာ မိဘမ်ိဳး႐ိုးမွ မ်ိဳးဆက္သစ္မ်ားကို အရပ္ရွည္လာေအာင္ ႀကိဳးစားၾကည့္ခ်င္ပါသည္။
ႀကီးထြားဖြံ႕ၿဖိဳးျခင္း
ႀကီးထြားဖြံ႕ၿဖိဳးမႈသည္ သေႏၶသားဘဝမွ စတင္ခဲ့ရာ အ႐ြယ္ေရာက္ခ်ိန္အထိ ျဖစ္သည္။ ႀကီးထြားဖြံ႕ၿဖိဳးမႈ၏ စံနမူနာအျဖစ္ အရပ္ရွည္ထြက္လာျခင္းကို ေလ့လာႏိုင္ပါသည္။ ႀကီးထြားဖြံ႕ၿဖိဳးျခင္းသည္ ေအာက္ပါအေၾကာင္း အခ်က္မ်ားေပၚတြင္ တည္မွီေနေပသည္။
(က) မ်ိဳး႐ိုးဗီဇ
ဤအခ်က္သည္ မူလပထမ အေရးႀကီးဆုံးျဖစ္သည္။ မိဘအရပ္ရွည္လွ်င္ သားသမီး အရပ္ရွည္ရန္ အခြင့္သာသည္။ မိဘအရပ္ပုလွ်င္ အရပ္ပုေသာ သားသမီးရဖို႔ ရာခိုင္ႏႈန္းမ်ားသည္။ သို႔ေသာ္ ႁခြင္းခ်က္ ရွိေကာင္းရွိႏိုင္ပါသည္။ ေယဘုယ်သေဘာအရ ေျပာရလွ်င္မူ အထြက္တိုးစပါးမ်ိဳးစိုက္မွသာ စပါးအထြက္ေကာင္းသည္ႏွင့္ ပမာတူသည္။ ဗီဇညံ့လွ်င္ အထြက္ညံ့ဖ်င္းေပလိမ့္မည္။
(ခ) အာဟာရ
သစ္ပင္စိုက္ရာတြင္ ေရေလာင္းေပးရသည္ႏွင့္ တူသည္။ သစ္ပင္သည္ ေရမရလွ်င္ ရွင္သန္ႏိုင္မည္ မဟုတ္ေပ။ လူတို႔ ဖြံ႕ၿဖိဳးႀကီးထြားရန္အတြက္ အာဟာရသည္လည္း အေရးႀကီးေပသည္။ ျပည့္ဝလုံေလာက္ေသာ အာဟာရရွိရန္ လိုေပမည္။ အာဟာရ လုံေလာက္စြာ မရလွ်င္ မည္သည့္နည္းႏွင့္မွ် ထြားက်ိဳင္းသန္မာလာမည္ မဟုတ္ပါ။ ဗီဇေကာင္းေသာ္လည္း အာဟာရညံ့လွ်င္ ဖြံ႕ၿဖိဳးမႈ ညံ့ေပလိမ့္မည္။ ေတာ္႐ုံတန္႐ုံ ဗီဇညံ့သည္ကို အာဟာရျဖင့္ ျပဳစုပ်ိဳးေထာင္ႏိုင္ေပေသးသည္။
(ဂ) ေဟာ္မုန္းမ်ား
ႀကီးထြားဖြံၿဖိဳးမႈကို ေဟာ္မုန္းမ်ားစြာက ထိန္းခ်ဳပ္ေပးလ်က္ရွိသည္။ ဥပမာအားျဖင့္ ႀကီးထြားေဟာ္မုန္း (Growth Hormone)၊ သိုင္း႐ြိဳဒ္ေဟာ္မုန္း (Thyroid Hormone)၊ အင္ဆူလင္ (Insulin)၊ အင္ဆူလင္ႏွင့္ တူေသာ ႀကီးထြားမႈကို အားေပးေသာပစၥည္းမ်ား (Insulin-Like Growth Factors)၊ အင္ဒ႐ိုဂ်င္ (Androgen)၊ အီစထ႐ိုဂ်င္ (Oestrogen)၊ ေကာ္တီကိုစတီး႐ြိဳဒ္ (Corticosteroid) စသည္တို႔ျဖစ္သည္။ လူအတြက္ ေဟာ္မုန္းမ်ားသည္ သစ္ပင္အတြက္ ေျမၾသဇာႏွင့္ အလားသ႑ာန္တူသည္။ သစ္ပင္စိုက္ရာတြင္ ေျမၾသဇာေကာင္းပါက အပင္ပိုသန္မည္ျဖစ္၏။ ေဟာ္မုန္းမ်ားသည္ ႀကီးထြားဖြံ႕ၿဖိဳးမႈကို အားေပးၾကသည္ျဖစ္ရာ ေဟာ္မုန္းခ်ိဳ႕တဲ့လွ်င္ ႀကီးထြားဖြံ႕ၿဖိဳးမႈလည္း ညံ့ဖ်င္းမည္သာ ျဖစ္ေပသည္။
(ဃ) စိတ္ပိုင္းဆိုင္ရာ
ႀကီးထြားဖြံ႕ၿဖိဳးမႈကို လႊမ္းမိုးႏိုင္ေသာ အခ်က္တစ္ခုမွာ စိတ္ပိုင္းဆိုင္ရာ အေျခအေနျဖစ္သည္။ စိတ္မေပ်ာ္႐ႊင္မႈ၊ စိတ္ဆင္းရဲမႈ၊ စိတ္ေသာကေရာက္မႈ၊ စိတ္အေႏွာင့္အယွက္မ်ားမႈ စေသာ စိတ္၏ ဖိစီးမႈမ်ားသည္ ႀကီးထြားဖြံၿဖိဳးမႈ၏ အဟန႔္အတားမ်ားျဖစ္သည္။
(င) အျခားအေျခအေနမ်ား
ေရာဂါေဝဒနာ မၾကာခဏျဖစ္ျခင္း၊ ထိခိုက္ဒဏ္ရာရျခင္းမ်ားသည္ ႀကီးထြားဖြံ႕ၿဖိဳးမႈကို ၾကန႔္ၾကာေစပါသည္။ သစ္ပင္စိုက္ရာတြင္ ပိုးက်လွ်င္ သီးႏွံပ်က္စီးသကဲ့သို႔ ျဖစ္ပါသည္။ ေနထိုင္ေသာ ပတ္ဝန္းက်င္သည္လည္း က်န္းမာေရးႏွင့္ ညီၫႊတ္ေသာ ပတ္ဝန္းက်င္ျဖစ္ရန္ လိုအပ္ပါေသးသည္။ ေလေကာင္းေလသန႔္ရရွိမႈ၊ အလင္းေရာင္ရရွိမႈ၊ အပူအေအးမွ်တမႈ၊ အေႏွာင့္အယွက္ကင္းရွင္းမႈ စသည့္ အခ်က္မ်ားသည္လည္း ႀကီးထြားဖြံ႕ၿဖိဳးမႈအတြက္ လိုအပ္ေသာ အခ်က္မ်ား ျဖစ္ေပသည္။
ႀကီးထြားဖြံ႕ၿဖိဳးမႈႏွင့္ ဆိုင္ေသာ အထက္ပါအခ်က္ငါးခ်က္ကို ေလ့လာမွတ္သားမိေသာအခါ ျပဳျပင္ေပးႏိုင္မည့္အခ်က္ကို စဥ္းစားရပါသည္။ ကြၽန္ေတာ့္အေနျဖင့္ အလြယ္ကူဆုံး ျပဳျပင္ေပးႏိုင္မည့္ အခ်က္အျဖစ္ “ေဟာ္မုန္း” ကို ေ႐ြးခ်ယ္လိုက္ပါသည္။ ဗီဇကို ျပဳျပင္ရန္မွာ အခက္ဆုံးကိစၥ ျဖစ္ပါသည္။
ေဟာ္မုန္းကို အဓိကထား၍ ျပဳျပင္စဥ္ အာဟာရ၊ စိတ္ပိုင္းဆိုင္ရာႏွင့္ အျခားအေျခအေနမ်ားကိုပါ တတ္ႏိုင္သေလာက္ ႀကိဳးစားျဖည့္တင္းေပးပါက ႀကီးထြားဖြံ႕ၿဖိဳးမႈကို ပိုမိုေကာင္းမြန္ေစႏိုင္မည္ ျဖစ္ပါသည္။
အခ်ိန္ေ႐ြးခ်ယ္မႈ
ႀကီးထြားဖြံ႕ၿဖိဳးမႈကို ထပ္မံေလ့လာၾကည့္ေသာအခါ တစ္သမတ္တည္း မဟုတ္ဘဲ ထူးျခားလွ်င္ျမန္စြာ ႀကီးထြားမႈ (Sudden Rapid Growth) (Growth Spurt) ႏွစ္ႀကိမ္ ျဖစ္ေပၚခဲ့ေၾကာင္း ေတြ႕ရသည္။ ပထမတစ္ႀကိမ္မွာ သေႏၶသားဘဝမွ ပထမတစ္ႏွစ္အတြင္း ျဖစ္သည္။ ဒုတိယအႀကိမ္မွာ အ႐ြယ္ေရာက္ခ်ိန္ (Puberty) ျဖစ္သည္။ ႀကီးထြားမႈႏႈန္း (အရပ္ရွည္ႏႈန္း) ကို ပုံ (၁) တြင္ ေဖာ္ျပထားပါသည္။
သဘာဝ၏ႀကီးထြားမႈ အထြတ္အထိပ္ေရာက္ခ်ိန္ ႏွစ္ခုအနက္ ဒုတိယအႀကိမ္ျဖစ္ေသာ အ႐ြယ္ေရာက္ခ်ိန္၌ ျပင္ပမွ ေဟာ္မုန္းေထာက္ကူေပးရန္ ေတြးဆၾကည့္မိပါသည္။
Author: ေဒါက္တာေအးေက်ာ္ (ဇီဝကမၼေဗဒ)
(Unicode)
ပြင်ပလောက၌ တွဲဖက်အသုံးပြုရာတွင် အဆင်ပြေသော၊ သဘာဝကျသော စကားလုံးတချို့ ရှိသည်။ “ပိန်ပိန်ရှည်ရှည်”၊ “ဝဝပုပု” စသည်ဖြင့် ဖြစ်သည်။ “ဝဝရှည်ရှည်”၊ “ပိန်ပိန်ပုပု” ဟုဆိုလျှင် သုံးရတာ ကတ်သီးကတ်သတ်နိုင်သည်။ ခေါ်၍လည်း မကောင်းပေ။ ကျွန်တော် ဆေးကျောင်းသားဘဝနှင့် ဆရာဝန်ဖြစ်စက ကိုယ်အလေးချိန်မှာ ၉၃ ပေါင်သာ ရှိပြီး အရပ်မှာ ၅ပေသုံးလက်မ နီးပါးသာ ရှိသည်။ ထို့ကြောင့် ကျွန်တော့်ကို ညွှန်းမည်ဆိုလျှင် “ပုပုပိန်ပိန်” ဟုသာ ပြောဆိုနိုင်မည် ဖြစ်သည်။
ကျွန်တော်သည် ဆေးကျောင်းသားဘဝကပင် အရပ်ရှည်သော သူငယ်ချင်းများကို အားကျမိခဲ့သည်။ အရပ်ရှည်ချင်ခဲ့သည်။ သို့သော် အရပ်ရှည်လာအောင် အားကစားလုပ်ခြင်းမှအစ ဘာတစ်ခုမျှ မပြုလုပ်ခဲ့မိပေ။ ဆေးကျောင်းအခေါ် “ဟိုက်ပါ” (Hyper) စာကြမ်းပိုးဘဝဖြင့်သာ ကုန်ဆုံးခဲ့သည်။ ဆရာဝန်ဖြစ်လာသောအခါ မိမိကိုယ်တိုင် မပြည့်ဝခဲ့သော အရပ်ရှည်လိုသည့် ဆန္ဒကို မျိုးဆက်သစ်လူငယ်များအတွက် စွမ်းဆောင်ပေးချင်ခဲ့ပါသည်။
အရပ်ရှည်သော မိဘများမှ မွေးဖွားလာသော သားသမီးများသည် မျိုးရိုးဗီဇသဘောအရ အရပ်ရှည်ရန် အခွင့်သာပါသည်။ ထိုသူတို့အဖို့ အစားအသောက် အနေအထိုင်မှန်လျှင် အရပ်ရှည်ရန် ရာခိုင်နှုန်းများစွာ ရှိပေသည်။ ကျွန်တော့်အနေဖြင့် အထူးသဖြင့် အရပ်ပုသော မိဘမျိုးရိုးမှ မျိုးဆက်သစ်များကို အရပ်ရှည်လာအောင် ကြိုးစားကြည့်ချင်ပါသည်။
ကြီးထွားဖွံ့ဖြိုးခြင်း
ကြီးထွားဖွံ့ဖြိုးမှုသည် သန္ဓေသားဘဝမှ စတင်ခဲ့ရာ အရွယ်ရောက်ချိန်အထိ ဖြစ်သည်။ ကြီးထွားဖွံ့ဖြိုးမှု၏ စံနမူနာအဖြစ် အရပ်ရှည်ထွက်လာခြင်းကို လေ့လာနိုင်ပါသည်။ ကြီးထွားဖွံ့ဖြိုးခြင်းသည် အောက်ပါအကြောင်း အချက်များပေါ်တွင် တည်မှီနေပေသည်။
(က) မျိုးရိုးဗီဇ
ဤအချက်သည် မူလပထမ အရေးကြီးဆုံးဖြစ်သည်။ မိဘအရပ်ရှည်လျှင် သားသမီး အရပ်ရှည်ရန် အခွင့်သာသည်။ မိဘအရပ်ပုလျှင် အရပ်ပုသော သားသမီးရဖို့ ရာခိုင်နှုန်းများသည်။ သို့သော် ခြွင်းချက် ရှိကောင်းရှိနိုင်ပါသည်။ ယေဘုယျသဘောအရ ပြောရလျှင်မူ အထွက်တိုးစပါးမျိုးစိုက်မှသာ စပါးအထွက်ကောင်းသည်နှင့် ပမာတူသည်။ ဗီဇညံ့လျှင် အထွက်ညံ့ဖျင်းပေလိမ့်မည်။
(ခ) အာဟာရ
သစ်ပင်စိုက်ရာတွင် ရေလောင်းပေးရသည်နှင့် တူသည်။ သစ်ပင်သည် ရေမရလျှင် ရှင်သန်နိုင်မည် မဟုတ်ပေ။ လူတို့ ဖွံ့ဖြိုးကြီးထွားရန်အတွက် အာဟာရသည်လည်း အရေးကြီးပေသည်။ ပြည့်ဝလုံလောက်သော အာဟာရရှိရန် လိုပေမည်။ အာဟာရ လုံလောက်စွာ မရလျှင် မည်သည့်နည်းနှင့်မျှ ထွားကျိုင်းသန်မာလာမည် မဟုတ်ပါ။ ဗီဇကောင်းသော်လည်း အာဟာရညံ့လျှင် ဖွံ့ဖြိုးမှု ညံ့ပေလိမ့်မည်။ တော်ရုံတန်ရုံ ဗီဇညံ့သည်ကို အာဟာရဖြင့် ပြုစုပျိုးထောင်နိုင်ပေသေးသည်။
(ဂ) ဟော်မုန်းများ
ကြီးထွားဖွံဖြိုးမှုကို ဟော်မုန်းများစွာက ထိန်းချုပ်ပေးလျက်ရှိသည်။ ဥပမာအားဖြင့် ကြီးထွားဟော်မုန်း (Growth Hormone)၊ သိုင်းရွိုဒ်ဟော်မုန်း (Thyroid Hormone)၊ အင်ဆူလင် (Insulin)၊ အင်ဆူလင်နှင့် တူသော ကြီးထွားမှုကို အားပေးသောပစ္စည်းများ (Insulin-Like Growth Factors)၊ အင်ဒရိုဂျင် (Androgen)၊ အီစထရိုဂျင် (Oestrogen)၊ ကော်တီကိုစတီးရွိုဒ် (Corticosteroid) စသည်တို့ဖြစ်သည်။
လူအတွက် ဟော်မုန်းများသည် သစ်ပင်အတွက် မြေသြဇာနှင့် အလားသဏ္ဍာန်တူသည်။ သစ်ပင်စိုက်ရာတွင် မြေသြဇာကောင်းပါက အပင်ပိုသန်မည်ဖြစ်၏။ ဟော်မုန်းများသည် ကြီးထွားဖွံ့ဖြိုးမှုကို အားပေးကြသည်ဖြစ်ရာ ဟော်မုန်းချို့တဲ့လျှင် ကြီးထွားဖွံ့ဖြိုးမှုလည်း ညံ့ဖျင်းမည်သာ ဖြစ်ပေသည်။
(ဃ) စိတ်ပိုင်းဆိုင်ရာ
ကြီးထွားဖွံ့ဖြိုးမှုကို လွှမ်းမိုးနိုင်သော အချက်တစ်ခုမှာ စိတ်ပိုင်းဆိုင်ရာ အခြေအနေဖြစ်သည်။ စိတ်မပျော်ရွှင်မှု၊ စိတ်ဆင်းရဲမှု၊ စိတ်သောကရောက်မှု၊ စိတ်အနှောင့်အယှက်များမှု စသော စိတ်၏ ဖိစီးမှုများသည် ကြီးထွားဖွံဖြိုးမှု၏ အဟန့်အတားများဖြစ်သည်။
(င) အခြားအခြေအနေများ
ရောဂါဝေဒနာ မကြာခဏဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများသည် ကြီးထွားဖွံ့ဖြိုးမှုကို ကြန့်ကြာစေပါသည်။ သစ်ပင်စိုက်ရာတွင် ပိုးကျလျှင် သီးနှံပျက်စီးသကဲ့သို့ ဖြစ်ပါသည်။ နေထိုင်သော ပတ်ဝန်းကျင်သည်လည်း ကျန်းမာရေးနှင့် ညီညွှတ်သော ပတ်ဝန်းကျင်ဖြစ်ရန် လိုအပ်ပါသေးသည်။ လေကောင်းလေသန့်ရရှိမှု၊ အလင်းရောင်ရရှိမှု၊ အပူအအေးမျှတမှု၊ အနှောင့်အယှက်ကင်းရှင်းမှု စသည့် အချက်များသည်လည်း ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်သော အချက်များ ဖြစ်ပေသည်။
ကြီးထွားဖွံ့ဖြိုးမှုနှင့် ဆိုင်သော အထက်ပါအချက်ငါးချက်ကို လေ့လာမှတ်သားမိသောအခါ ပြုပြင်ပေးနိုင်မည့်အချက်ကို စဉ်းစားရပါသည်။ ကျွန်တော့်အနေဖြင့် အလွယ်ကူဆုံး ပြုပြင်ပေးနိုင်မည့် အချက်အဖြစ် “ဟော်မုန်း” ကို ရွေးချယ်လိုက်ပါသည်။ ဗီဇကို ပြုပြင်ရန်မှာ အခက်ဆုံးကိစ္စ ဖြစ်ပါသည်။
ဟော်မုန်းကို အဓိကထား၍ ပြုပြင်စဉ် အာဟာရ၊ စိတ်ပိုင်းဆိုင်ရာနှင့် အခြားအခြေအနေများကိုပါ တတ်နိုင်သလောက် ကြိုးစားဖြည့်တင်းပေးပါက ကြီးထွားဖွံ့ဖြိုးမှုကို ပိုမိုကောင်းမွန်စေနိုင်မည် ဖြစ်ပါသည်။
အချိန်ရွေးချယ်မှု
ကြီးထွားဖွံ့ဖြိုးမှုကို ထပ်မံလေ့လာကြည့်သောအခါ တစ်သမတ်တည်း မဟုတ်ဘဲ ထူးခြားလျှင်မြန်စွာ ကြီးထွားမှု (Sudden Rapid Growth) (Growth Spurt) နှစ်ကြိမ် ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရသည်။ ပထမတစ်ကြိမ်မှာ သန္ဓေသားဘဝမှ ပထမတစ်နှစ်အတွင်း ဖြစ်သည်။ ဒုတိယအကြိမ်မှာ အရွယ်ရောက်ချိန် (Puberty) ဖြစ်သည်။ ကြီးထွားမှုနှုန်း (အရပ်ရှည်နှုန်း) ကို ပုံ (၁) တွင် ဖော်ပြထားပါသည်။
သဘာဝ၏ကြီးထွားမှု အထွတ်အထိပ်ရောက်ချိန် နှစ်ခုအနက် ဒုတိယအကြိမ်ဖြစ်သော အရွယ်ရောက်ချိန်၌ ပြင်ပမှ ဟော်မုန်းထောက်ကူပေးရန် တွေးဆကြည့်မိပါသည်။
Author: ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)