fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 261 Total Cases
😥 6 Deaths
😇 165 Recovered

ဖော်မြူလာနို့ကိုဘယ်အရွယ်အထိသောက်ဖို့ တကယ်လိုတာလဲ?

ကလေးငယ်လေးတွေဟာ မိခင်ဝမ်းထဲကနေထွက်လာတဲ့အချိန်ကနေစပြီး အသက်၆လအထိ ကောင်းကောင်း

မွန်မွန် ဖွံ့ဖြိုးကြီးထွားဖို့အတွက် အာဟာရဓါတ်အနေနဲ့ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးဖို့လိုအပ်ပါတယ်။ မိခင်နို့မှာ တစ်နေ့တာလိုအပ်တဲ့အာဟာရဓါတ်တွေအပြင် ရောဂါကာကွယ်နိုင်တဲ့ ဓါတ်တွေ၊ ဓါတ်မတည့်မှုကို

ကာကွယ်ပေးတဲ့ဓါတ်တွေ၊ ဝမ်းမှန်စေတဲ့ဓါတ်တွေ၊ ရေဓါတ် စတဲ့ကျန်းမာရေး နှင့်ညီညွတ်တဲ့ ဓါတ်တွေ

အပြည့်အဝပါဝင်စေတဲ့အတွက် ကလေးငယ်ပထမခြောက်လမှာ မိခင်နို့တစ်မျိုးတည်းနှင့်တင် လုံလောက်

ပါတယ်။ တစ်ခုရှိတာက မိခင်နို့မှာ ဗီတာမင်ဒီဓါတ် ပါဝင်မှုနည်းတဲ့အတွက် မိခင်နို့တစ်မျိုးတည်းတိုက်တဲ့

ကလေးတွေကို အသက်၂လကစပြီး ဗီတာမင်ဒီ အားဆေး တိုက်ကျွေးရတာမျိုးရှိပါတယ်။

ဒါပေမယ့် မိခင်နို့ထွက်နည်းခြင်း၊ မိခင်ရောဂါတစ်ခုခုရှိခြင်း၊ ကလေးငယ်တွင် မိခင်နို့နှင့်ဓါတ်မတည့်သော

ရောဂါရှိခြင်း၊ မိခင် အလုပ်များခြင်း စတဲ့ အခြေအနေအရပ်ရပ်တို့ကြောင့် ကလေးငယ် ပထမအသက်

ခြောက်လမှာမိခင်နို့ အပြင် နို့မှုန့်ကူတဲ့အနေနဲ့ ဖော်မြူလာနို့ တိုက်ရတာမျိုးလည်းရှိပါတယ်။ 

နို့မှုန့်ကူမယ်ဆိုရင် ကလေးအသက်ခြောက်လအထိ ဖော်မြူလာနို့မှုန့်ပဲသုံးရမှာလား?

ဟုတ်ပါတယ်။ မိခင်နို့မတိုက်ဘူး နို့မှုန့်ကူမယ်စဉ်းစားထားရင်တော့ ကလေးငယ်တွေအတွက် သေချာ ထုတ်လုပ်ထားတဲ့ ဖော်မြူလာနို့မှုန့်တွေကိုပဲ သင့်တော်ရာ ရွေးချယ်သင့်ပါတယ်။

နွားနို့တိုက်ခြင်း၊ လူကြီးနို့မှုန့်တိုက်ခြင်း၊ ထမင်းရည်တိုက်ခြင်းကိုတော့ ရှောင်ကြဉ်ရပါမယ်။

ဖော်မြူလာနို့မှုန့်ကိုဘယ်အသက်အထိ ဆက်တိုက်တိုက်ရမှာလဲ?

ကလေးအသက်ခြောက်လပြည့်ပြီးတဲ့ အခါ ဖြည့်စွက်စာလေးတွေ အသက်အရွယ်အလိုက် စကျွေးဖို့ လိုပြီး ဖော်မြူလာနို့ကိုလည်း ဖြည့်စွက်စာနှင့်အတူ အသက်တစ်နှစ် အထိ သင့်တင့်သော ပမာဏအတိုင်းတိုက်ကျွေး သွားဖို့လိုအပ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့တိုက်တွန်းချက်အရ မိခင်နို့တိုက်ကျွေးတဲ့ကလေးငယ်တွေကို အသက် ၂နှစ်အထိတိုက်ဖို့ လမ်းညွှန်ထားပြီး အသက်၂နှစ်နောက်ပိုင်းမှ နို့ဖျက်ဖို့ တိုက်တွန်းထားပါတယ်။

ဖော်မြူလာနို့တိုက်တဲ့ကလေးငယ်တွေကိုလည်း ထိုအတိုင်းပဲ အသက်၂နှစ်အထိ ဖော်မြူလာနို့ ကိုတိုက်သင့်တယ် လို့ ဖော်ပြထားပါတယ်။

၂ နှစ်ကျော်ရင်ရော ဆက်တိုက်လို့ရလား ?

ရပါတယ်။ တချို့ကလေးတွေမှာ မိခင်နို့ကိုလည်း ၃နှစ်လောက်အထိမဖြတ်ဘဲ ဆက်သောက်နေတဲ့ ကလေးတွေရှိပါတယ်။ ကလေးသောက်သရွေ့ဆက်တိုက်ပါ။
ဖော်မြူလာနို့တွေကိုလည်း ကလေးဘဝတစ်လျှောက် အမျိုးအစားအလိုက် အသက်အရွယ်အလိုက် ဆက်တိုက်လို့ရတာတွေရှိပါတယ်။
ကလေးအာဟာရပြည့်ဖို့ ၊ ပိုဖွံ့ဖြိုးဖို့ နို့ကို ပုံမှန်ဆက်တိုက်သွားသင့်ပါတယ်။

ဖော်မြူလာနို့တိုက်တဲ့ ကလေးငယ်လေးတွေမှာ ဘာတွေကိုသတိထားရမလဲ?

အဓိကကတော့ ဖော်မြူလာနို့တိုက်တဲ့ ကလေးငယ်တွေမှာ ကလေးတစ်နေ့တာလိုအပ်တာထက် ပိုပြီးတိုက်တတ် ကြတဲ့အတွက် ဗိုက်မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းချုပ်ခြင်းတို့ဖြစ်တတ်ပါတယ်။ ကြာလာရင် ကလေးအဝလွန်ခြင်း၊ ကလေးဆီးချိုဖြစ်ခြင်း၊ အူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်နိုင်ပါတယ်။

ကလေးငယ်လေးတွေအတွက် ဘယ်လောက်ပမာဏလိုတယ် ဘယ်လိုတိုက်ရမလဲဆိုတာကို ကလေးအထူးကုဆရာဝန် ဒါမှမဟုတ် အာဟာရဆိုင်ရာဆရာဝန်များနှင့် သေချာတိုင်ပင်ပြီးမှ တိုက်သင့်ပါတယ်။ 

ဖော်မြူလာနို့တွေဟာ မိခင်နို့တွေလောက် အစာချက်နှုန်း မမြန်တဲ့အတွက် မိခင်နို့တိုက်သလိုတော့ ဆာတိုင်းတိုက်ငိုတိုင်းတိုက်လုပ်လို့ မရပါဘူးနော်။ 

ဖော်မြူလာနို့တိုက်တဲ့နေရာမှာ လည်း စဖျော်တဲ့နေရာကစပြီး ကလေးကိုတိုက်သည်အထိ အစစ အရာရာ က သန့်ရှင်းမှုရှိဖို့ အရေးကြီးပါတယ်။ သေချာ မပြင်ဆင်ဘူးဆိုရင် ကလေးငယ် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး ဆေးရုံဆေးခန်းရောက်နိုင်ပါတယ်။

နောက်တစ်ခုသတိထားရမှာက ဖော်မြူလာနို့ကို သေချာအချိုးအဆ နဲ့ထုတ်ထားတဲ့ ဖော်မြူလာနို့မှုန့်တွေကို မသုံးဘဲ ကိုယ့်ရဲ့နည်းစနစ်အတိုင်း ဖျော်တိုက်တာကို လုံးဝရှောင်ကြဉ်ရပါမယ်။

ဖော်မြူလာနို့ နဲ့ နွားနို့ကလည်း ပါဝင်မှုမတူတဲ့အတွက် ဖော်မြူလာနို့အစား နွားနို့တိုက်ခြင်းကိုရှောင်ပါ။ အသက် တစ်နှစ်ကျော်မှသေချာကြိုချက်ထားတဲ့ အဆီမထုတ်ထားသော နွားနို့ တိုက်ပေးပါ။

ရေကိုလည်း ကလေးဖြည့်စွက်စာ စားနိုင်တဲ့ အချိန်ကျမှ နည်းနည်းစီတိုက်ပေးပါ။

ကလေးငယ်ကျန်းမာရေးအခြေအနေ အမြဲကောင်းမွန်စေဖို့အတွက် အသက်အလိုက်ကာကွယ်ဆေးထိုးပေးပါ။ ထူးခြားမှုရှိတာနှင့် ကလေးအထူးကုဆရာဝန်များနှင့် သေချာတိုင်ပင်ပါ။ 

Dr.Khaing 

 

ဆက်စပ် ဆောင်းပါးများ