fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 260 Total Cases
😥 6 Deaths
😇 165 Recovered

အမေတွေသိဖို့လိုတဲ့ ကလေးပျို့အန်ခြင်းအကြောင်း

ရံဖန်ရံခါ အန်ခြင်းဟာ ကလေးတွေအတွက် အများအားဖြင့် မစိုးရိမ်ရတဲ့ ပုံမှန်အခြေအနေ တစ်ခု ဖြစ်ပါတယ်။
အများစုဟာ တစ်ရက် သို့မဟုတ် နှစ်ရက်မျှသာ ကြာတတ်ပါတယ်။
အဖြစ်အများဆုံး အကြောင်းအရင်းကတော့ ” အထက်လန်အောက်လျှောဖြစ်ခြင်း ” အခြေ အနေကြောင့် ဖြစ်တယ်။
ဆိုးဆိုးရွားရွား အန်လျှင် သို့မဟုတ် ရက်ရှည်အန်နေလျှင်တော့ ရေဓာတ်ဆုံးရှုံးခြင်း အခြေအနေကို ဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ရှိစေနိုင်ပါတယ်။
ပုံမှန်ထက် လွန်ကဲစွာ အန်နေခြင်းဟာ ဆိုးရွားသော ရောဂါများရဲ့ ရှေ့ပြေးလက္ခဏာ တစ်ခု အနေနှင့် ရှိတတ်ပါတယ်။ ဥပမာ – ဦးနှောက် အမှေးယောင်ခြင်း။

ကလေးပျို့အန်ခြင်း ဖြစ်စေသော အကြောင်းအရင်းများ

(1) အထက်လန်အောက်လျှောဖြစ်ခြင်း
ကလေးတွေမှာ အန်ခြင်း အဖြစ်စေဆုံး အကြောင်းအရင်း တစ်ခုဖြစ်တယ်။
အစာအိမ်နှင့် အူလမ်းကြောင်းထဲသို့ ဘက်တီးရီးယား (သို့မဟုတ်) ဗိုင်းရပ်စ် ပိုးဝင်ခြင်းကြောင့် ဖြစ်တယ်။
အများအားဖြင့် မသန့်ရှင်းသောရေ ၊ မသန့်ရှင်းသော အစားအသောက် စားသောက်မိရာမှ ဖြစ်ပါ တယ်။
(2) အစားအသောက် နှင့် ဓာတ်မတည့်ခြင်း
ဓာတ်မတည့်သော အစားအသောက်များ (Food Allergies) ဟာလည်း ကလေးတွေကို ပျို့အန်ခြင်း ဖြစ်စေပါတယ်
တစ်ခြား ဓာတ်မတည့်သော လက္ခဏာတွေဖြစ်တဲ့ အနီပိန့် နှင့် အင်ပြင်ဖုများ၊ မျက်နှာမျက်ခွံလျှာ နှင့် နှုတ်ခမ်းများ ရောင်ယမ်းခြင်းပါ တွဲ၍ တွေ့နိုင်ပါတယ်။


(3) အူလမ်းကြောင်း ပြင်ပရောဂါများ
တစ်ခါတစ်ရံ ပျို့အန်ခြင်းဟာ အူလမ်းကြောင်း ပြင်ပရောဂါများကြောင့်လည်း ဖြစ်တတ်ပါတယ်။
ဆီးပိုးဝင်ခြင်း
နားပြည်ယိုခြင်း
နမိုးနီးယား အဆုပ်ရောင်ရောဂါဖြစ်ခြင်း
ဦးနှောက် အမြှေးပါးရောင်ခြင်း
ထို့ကြောင့် ပျိုု့အန်ခြင်း နှင့် အတူ အများကြီးခြင်း၊ ဂဏာမငြိမ်ခြင်းများရှိလျှင် ဆရာဝန် နှင့် ပြသရန် လိုအပ်ပါတယ်။

(4) အူအတက်ရောင်ခြင်း
အူ အတက်ရောင်ခြင်း လက္ခဏာတွေထဲမှာ ပျို့အန်ခြင်းပါ ပါတယ်။
အဖျားရှိမယ်
အန်မယ်
ဗိုက်ညာဘက်ချက်ဘေးနား (Right Iliac Fossa) နေရာ နာမယ်ဆိုလျှင် အူအတက် ယောင်ခြင်း ဖြစ်နိုင်ခြေ ဖျားပါတယ်။
အူအတက်ရောင်ခြင်းဟာ ခွဲစိတ်ဖို့ လိုအပ်နိုင်ခြေများတဲ့ အခြေအနေ တစ်ခုဖြစ်ပါတယ်။
နီးစပ်ရာ ဆေးခန်း (သို့မဟုတ်) ဆေးရုံသို့ သွားရောက်ပြသရပါမယ်။
(5) အဆိပ်မိခြင်း
မတော်တဆ အဆိပ်ဖြစ်စေသော အရာဝတ္ထုများ ကို မျိုချမိလျှင်လည်း ပျို့အန်ခြင်း ဖြစ်စေပါတယ်။
သံသယရှိလျှင် ဆေးရုံသို့ သွားရန် လိုအပ်ပါတယ်။

ကလေးပျို့အန်လျှင် မေမေတွေ ဘာလုပ်ရမလဲ?
အများစုကတော့ အိမ်တွင်သာ အန္တရာယ်ကင်းစွာ ပြုစုပေးနိုင်ပါတယ်။
အရေးအကြီးဆုံးမှာ ရေဓာတ် မဆုံးရှုံးရအောင် အရည်များများ ဖြည့်တိုက်ပေးရမှာ ဖြစ်ပါတယ်။
နို့တိုက်မေမေများ ပုံမှန်အတိုင်း နို့ဆက်တိုက်ပေးပါ။
ရေဓာတ်ဆုံးရှုံးသော လက္ခဏာများတွေ့လျှင် နို့ပိုတိုက်နိုင်လိုပါတယ်။
ဓာတ်ဆားရေ တိုက်ရန် လိုအပ်နိုင်ပါတယ်။
နဲနဲ နှင့် ခဏခဏ တိုက်ပေးရပါမယ်။
ပိုကျွေးသင့်သော အစားအသောက်များ
ရေ
ဓာတ်ဆားရည်
စွတ်ပြုတ်
သစ်သီးဖျော်ရည်
ကြေညက်လွယ်သော အစားအသောက်များ
ရှောင်သင့်သော အစားအသောက်များ
ကော်ဖီ နှင့် လက်ဖက်ရည်
gsa ပါသော အချိုရည်များ
ဆီကြော်စာများ
**မူကြို (သို့မဟုတ်) ကျောင်းတက်နေသော ကလေးများအတွက် ပျို့အန်ခြင်း ရပ်ပြီး 48 နာရီကြာမှသာ မူကြိုနှင့် ကျောင်းသို့ ပို့သင့်ပါတယ်။

 ဘယ်အချိန် ဆရာဝန် နှင့် ပြသင့်သလဲ?
သင့်ရဲ့ ခံစားမှုကို ယုံကြည်ပါ။ စိုးရိမ်လျှင် သွားရောက်ပြသရပါမယ်။
24 နာရီကျော်သည်အထိ ပျို့အန်ခြင်း မရပ်လျှင်
အရည်လုံးဝ မဝင်လောက်အောင် ဆိုးဆိုးရွားရွား အန်လျှင်
အန်သည့်အခါ အမဲရောင်၊ အစိမ်းရောင် နှင့် သွေးပါလျှင်
အဖျားကြီးလျှင်
အနီစက်ထွက်လျှင်
ဗိုက်ဖောင်းလျှင်
ညာဘက်ချက်ဘေး (RIF နေရာ) နာလျှင်
ရေဓာတ်ဆုံးရှုံးသော လက္ခဏာများတွေ့ရလျှင်
အာခြောက်လျှင်
ရေငတ်လျှင်
ငိုသည့်အခါ မျက်ရည်မထွက်လျှင်
မျက်တွင်း ချိုင့်လျှင်
ငယ်ထိပ်ချိုင့်လျှင်
ဆီးနည်းသွားလျှင်
မှိန်းလျှင်
ပျော့ခွေသွားလျှင်
ခြေဖျား၊ လက်ဖျား အေးစက်လျှင်

Dr.Yin Yin Win
M.B,B.S(YGN) 
Dip.Med.Sc (Family Medicine)

ဆက်စပ် ဆောင်းပါးများ