fbpx

Download OnDoctor App on Google Play

COVID-19 Cases in Myanmar

206 – Confirmed
6 – Death
124 – Recovered

Dugro ရဲ့ Brand Ambassador Dr ချစ်သုဝေ မျှဝေပေးတဲ့ ကျန်းမာပျော်ရွှင်ပြီးဘက်စုံထူးချွန်တဲ့ကလေးဖြစ်စေမဲ့ လမ်းညွှန်ချက်များ

OnDoctor ပရိသတ်အားလုံးအတွက် Dugro ရဲ့ Brand Ambassador ဖြစ်တဲ့ Dr ချစ်သုဝေ ကို တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးလေးအကြောင်း တင်ဆက်ပေးလိုက်ပါတယ်။
မေမေတွေအတွက်ရော ကလေးတွေအတွက်ရော အရမ်းအကျိုးရှိမှာမို့ သေချာဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေနော်..

၁။
မေး -Dugro ရဲ့ Brand Ambassador ဖြစ်ခွင့်ရတဲ့ အပေါ် မထရီဇာရဲ့ ခံစားချက်နဲ့ အမြင်လေးပြောပြပေးပါ။

ချစ်သုဝေ – Dugro ရဲ့ brand ambassador ဖြစ်ရတာ အစ်မက ကျေနပ်တယ် ။ ဘာကြောင့်လဲဆိုရင် Dumex ဆိုတာကလည်း reputation ကောင်းကောင်းနဲ့ရပ်တည်နေတဲ့ brand တစ်ခုဖြစ်တယ် ။ ဒီ brand ကို represent လုပ်ရတဲ့အတွက် အစ်မကျေနပ်ပါတယ် ။ နောက်တစ်ခုကတော့၂ နှစ်ကျော်ကလေးတွေအတွက် နို့မှုန့်ရွေးချယ်တဲ့အခါမှာ မှန်ကန်တဲ့လမ်းကြောင်းတစ်ခုကိုချပေးနိုင်ဖို့ တာဝန်ရှိတယ်လို့ အစ်မယူဆတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ နယ်တွေမှာက ကလေးအတွက်သောက်ရမယ့်နို့မှုန့်မဟုတ်ပဲနဲ့ အခြားအမျိုးအစားနို့မှုန့်တွေကို အလွယ်တကူသောက်သုံးကြတဲ့အခါမှာ ကလေးကိုတိုက်ကျွေးကြတဲ့အခါမှာ အများကြီးဒုက္ခတွေရောက်ကြတယ်ပေါ့နော် ။  ဒီလိုမှားယွင်းတဲ့အယူအဆအမှားတွေကို အစ်မတို့ကလမ်းကြောင်းတည့်ပေးဖို့ အတွက် Dugro က အသင့်တော်ဆုံးဖြစ်တယ်။ ၂ နှစ်ကျော်ကလေးတွေ သောက်သုံးဖို့အတွက် Dugro သည် တကယ်ကိုသင့်တော်တဲ့ brand လည်းဖြစ်တယ် ။ ဈေးအရဆိုရင်လည်း affordable ပေါ့နော် အရမ်းကိုသင့်တင့်တဲ့ဈေးနှုန်းရှိတဲ့ brand တစ်ခုဖြစ်တယ် ။ အဲဒီအတွက်ကြောင့် ဒီ Dugro ကို represent လုပ်ပေးရတာ မထရီဇာ စိတ်ထဲမှာအရမ်းကို ကျေကျေနပ်နပ်ရှိပါတယ်။

၂။

မေး –  Dugro ရဲ့ Brand Ambassador အဖြစ် မထရီဇာ လက်ခံဖြစ်ရတဲ့ အကြောင်းလေးပြောပြပေးပါဦး ။

ချစ်သုဝေ – အရှေ့ကပြောခဲ့သလိုပဲပေါ့ brand တစ်ခုရဲ့ ambassador အနေနဲ့လက်ခံမယ်ဆို မထရီဇာတို့က ဒီ brand ကိုယုံကြည်မှလည်းဖြစ်မှာကိုး ။ အဲဒီအတွက်ကြောင့်မို့ အစ်မက ကိုယ်တိုင်ကလည်း ကလေးချစ်တဲ့သူ ဖြစ်တယ် မိခင်တစ်ယောက်လည်းဖြစ်တယ် ။ အဲဒီအတွက်ကြောင့်မု့ိ မိခင်တွေအတွက်အကောင်းမွန်ဆုံးဖြစ်တဲ့ ဈေးနှုန်းသင့်တင့်တဲ့ brand တစ်ခုကို အစ်မက recommend ပေးရတဲ့သူဖြစ်တဲ့အတွက် အဓိကကတော့ယုံကြည်လို့ကို လက်ခံဖြစ်ခဲ့တာပဲဖြစ်ပါတယ် ။

 

၃။

မေး –  Dugro ကို ကလေးတွေအတွက် အသင့်တော်ဆုံးလို့ ဘာလို့ပြောရတာလဲ။

ချစ်သုဝေ – Dugro ရဲ့အဓိကအားသာချက်တွေပေါ့နော် ။ Dugro ရဲ့အဓိကအားသာချက်တွေက မိခင်တိုင်းက သားသမီးတွေကို အပြည့်စုံဆုံးဖြစ်စေချင်ကြတယ်။ အဲဒီမှာမှနေ့စဉ်နဲ့အမျှ ပြင်ဆင်ချက်ပြုတ်တဲ့အခါမှာ အစ်မတို့ရဲ့ အခြေခံလိုအပ်တဲ့ vitamins & minerals တွေ နော် ဒါတွေဟာအကုန်လုံးဖြည့်တင်းပေးဖို့ကို ဒီနေ့ခေတ်အခါကြီးမှာက အချိန်အခက်အခဲတွေရှိတယ်ပေါ့နော် ။ ဘာဖြစ်လို့လဲဆိုတော့ မိခင်တွေအားလုံးကလည်းအပြင်ထွက်အလုပ်လုပ်နေကြတာကိုး ။ အဲဒီအခါမှာ ကလေးအတွက် လိုအပ်တဲ့ vitamins & minerals တွေ ပါဝင်တဲ့ ဒီ nutritional နို့မှုန့်တစ်ခုလောက် ရှိနေတယ်ဆိုရင် အမေတွေဘဝအတွက်အများကြီးအဆင်ပြေစေတယ်ပေါ့နော် ။ ဒီ Dugro နို့မှုန့်ကကြတော့ ကလေးတွေရဲ့ ဦးနှောက်နဲ့အမြင်အာရုံကို ဖွံ့ဖြိုးတိုးတက်စေမှုအတွက်တကယ်ကိုအရေးကြီးတဲ့ DHA လည်းပါဝင်တယ် ၊ ပြီးတော့ အစာခြေစနစ် ကောင်းမွန်ဖို့အတွက်ကလည်း အမျှင်ဓာတ်ကသိပ်အရေးကြီးတယ်ပေါ့နော် ။ အဲဒီလို အစာခြေစနစ်ကို ကူပြီးထိန်းပေးနိုင်တဲ့ အမျှင်ဓာတ်ဖြစ်တဲ့ lcFOS လည်းပါဝင်တယ် ။ ပြီးရင်ကလေးတွေက ဒီအချိန်မှာက အရိုးနဲ့သွားတွေသန်မာဖို့က သိပ်အရေးကြီးတယ် ။ အရိုးတွေသန်မာမှသာသူတို့က ပုညှက်တဲ့ကလေးတွေမဖြစ်ပဲနဲ့ အရပ်ရှည်တဲ့ကလေးတွေ သင့်တင့်လျောက်ပတ်တဲ့အရပ်ရှိတဲ့ကလေးတွေဖြစ် မှာ ။ အဲဒီအတွက်ကြောင့်အရိုးနဲ့သွားတွေကိုသန်မာအောင်ထောက်ပံ့ပေးတဲ့ calcium နဲ့ Vitamin D လည်း Dugro မှာပါတယ် ။ နောက်တစ်ခုကကျတော့ ကလေးတွေခဏခဏဖျားတာ နာတာ ဖြစ်ရင် ကလေးတွေကိုယ်ခံစွမ်းအားကျတာပေါ့ ။ အဲဒီတော့ ကိုယ်ခံစွမ်းအားကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်တဲ့ Vitamin A & C ကလည်း သူ့မှာပါတယ် ။ ပြီးရင်အစ်မအကြိုက်ဆုံးအချက်ပေါ့ ။ မထရီဇာက သမီးလေးတွေကို သကြားဓာတ်နဲ့ပတ်သက်ပြီး အရမ်းကိုဂရုစိုက်တယ် ။ သကြားက အစ်မက ကလေးတွေတင်မကဘူး လူကြီးအတွက်ပါ ဘာမှအကျိုးကျေးဇူးမပေးဘူးပေါ့နော် ။ Dugro မှာက သကြားဓာတ် sucrose ကိုလုံးဝထပ်ဖြည့်ထားခြင်းမရှိဘူးပေါ့နော် ။ အဲဒီအတွက်ကြောင့်ကလေးတွေအတွက်အရမ်းကိုသင့်တော်တဲ့ နို့မှုန့်တစ်ခုဖြစ်တယ်ပေါ့နော် ။ ဘာဖြစ်လို့လဲဆိုတော့ နို့သောက်ပြီးတဲ့ကလေးတွေက သွားပိုးစားတာများတာကိုး ။ ဘာကြော်င့လဲဆိုရင် sucrose သကြားဓာတ်ပါလို့လေနော် ။ အဲဒီတော့ Dugro မှာကသကြားဓာတ်လုံး၀ လုံးဝမပါတဲ့အတွက် အသင့်တော်ဆုံးဖြစ်တယ် ။

၄။

မေး –  ကလေးတစ်ယောက်မှာ အစာခြေစနစ်က ဘယ်လောက်ထိ အရေးပါလဲဆိုတာကို Sharing လေးလုပ်ပေးပါဦး။

ချစ်သုဝေ – ဒီဟာကတော့ကလေးတွေအတွက်တင်မကဘူး လူကြီးတွေအတွက်လည်း အစာခြေစနစ်က အရေးကြီးတယ် ။ ဝမ်းမကောင်းရင်ခေါင်းခဲရတယ်ဆိုတာလည်း အားလုံးသိကြတယ်လေနော်။ ဒီအစာခြေစနစ်ကြီးမကောင်းဘူးဆိုရင် နေ့စ္စဓူဝလုပ်ကိုင်ဆောင်ရွက်ရ တာတွေတော်တော်အဆင်မပြေဘူးလေနော် ။ ဒီကလေးတွေမှာတော့ပိုလိုအပ်တယ် ။ အစာခြေစနစ် ကောင်းမွန်မှသာလျှင် စားလိုက်တဲ့အာဟာရဓာတ်တွေအကုန်လုံးကို

ကောင်းမွန်စွာခြေဖျတ်နိုင်မယ်။ ကောင်းမွန်စွာစုပ်ယူနိုင်မယ် ။ ဒီစားလိုက်တဲ့အာဟာရတွေမှာ ပါဝင်တဲ့ vitamins နဲ့ minerals တွေအားလုံးကလည်း လိုအပ်တဲ့နေရာအသီးသီးကိုပို့ဆောင်ပေးနိုင်မယ် ။ ခနာကိုယ်လှုပ်ရှားသွားလာဖို့ ၊ ဦးနှောက်ကတွေးတောဆင်ခြင်ဆုံးဖြတ်နိုင်ဖို့ ၊ အမြင်အာရုံတွေကောင်းမွန်ဖို့ အရာရာဟာ ဒီအာဟာရတွေရှိမှရမှာ။ အဲဒီတော့ဒီအာဟာရတွေ အတွက်ကလည်း ဒီအာဟာရတွေခန္ဓာကိုယ်ရဲ့ နေရာအသီးသီးကို စနစ်တကျရောက်ရှိဖို့ဆိုတာလည်း အစာခြစနစ်သည်အရမ်းအရမ်းကိုအရေးပါတယ်။

 

၅။

မေး – ကလေးတစ်ယောက် ဘက်စုံဖွံ့ဖြိုးဖို့ အစာအာဟာရတွေက ဘယ်လောက်ထိ အရေးပါတယ်လို့ ခံယူထားပါသလဲ။

ချစ်သုဝေ – အစာအာဟာရက အရမ်းအရေးပါတယ် ။ Nutrition is everything ပဲပေါ့နော်။ မထရီဇာဆိုရင် သမီးလေး၂ယောက်ကိုဆိုရင် ပထမရက် ၁၀၀၀ကိုအရမ်းကိုဂရုတစိုက်ချက်ပြုတ်ကျွေးမွေးတယ်။ အရမ်းကို သူတို့ရဲ့ nutrition ကိုအရမ်းကိုဂရုစိုက်တယ်။ အစာအာဟာရကပဲ ကလေးရဲ့ကြီးထွားဖွံဖြိုးမှုအားလုံးကို ထောက်ပံ့ပေးတာ။ သူတို့ရဲ့ဦးနှောက်ဖွံံဖြိုးမှုအပိုင်း ကိုယ်ခန္ဓာရှင်သန်ဖွံ့ဖြိုးမှု အပိုင်း၊ အရာရာဟာဒီအာဟာရကနေပဲသွားတဲ့အတွက် အာဟာရသည်အရမ်းကိုအရေးကြီးပါတယ်။ အာဟာရ ကြောင့်မြင်သာတဲ့ပြောင်းလဲမှုတွေရှိသလို မမြင်သာတဲ့ပြောင်းလဲမှုတွေရှိတယ် ။ မြင်သာတဲ့ပြောင်းလဲမှုကတော့ ကလေးတွေပိန်လားဝလားပေါ့။ ခနာကိုယ်ကြီးထွားမှုအပိုင်းတွေပေါ့။ အရပ်ရှည်လား ပုညှက်နေလားပေါ့။ ဒါတွေကတော့မြင်ရတဲ့အပိုင်းတွေပေါ့နော်။ မမြင်ရတဲ့အပိုင်းတွေကကြတော့ ကလေးတွေရဲ့အမြင်အာရုံပေါ့။ ပြီးရင်ကလေးတွေရဲ့ ဦးနှောက်အရည်အသွေးတွေပေါ့နော်။ သူတို့ရဲ့ဦးနှောက်ကြီးထွားဖွံ့ဖြိုးမှုနှုန်းကဘယ်လောက်လဲ ၊ သူတို့ဘယ်လောက်ထိညဏ်ကောင်းလာလဲ ၊ သူတို့ရဲ့ အမြင်အာရုံကဘယ်လောက်ထိကြည်လင်ပြတ်သားနေလဲ ။ ဒါတွေကမမြင်ရတဲ့အာဟာရတွေပေါ့ ဒါကြောင့်မို့ အာဟာရသည် ဘက်စုံတော်တဲ့ ထူးချွန်တဲ့ကလေးဖြစ်လာဖို့အတွက် အာဟာရကသိပ်အရေးကြီးတယ်။

၆။

မေး – ကလေးတွေအတွက် ဖော်စပ်ထုတ်လုပ်ထားတဲ့ Dugro နို့မှုန့် အပေါ် ဘာလိုမြင်လဲ ဆိုတာပြောပြပေးပါဦး။

ချစ်သုဝေ – အရှေ့ကပြောသွားတဲ့ဆီမှာတော်တော်ပြည့်ပြည့်စုံစုံတော့ပါသွားခဲ့တယ်ပေါ့နော် ။ ဒီကလေးတစ်ယောက်ဘက်စုံကြီးထွားဖွံ့ဖြိုးပြီးတော့ အဖက်ဖက်ကတော်နေဖို့ကလည်း မိခင်တိုင်းကလိုလားကြတယ် ။ အဲဒီလိုလိုလားကြတဲ့အခါမှာ အရမ်းကိုလွယ်ကူရိုးရှင်းတဲ့အရာလေးတွေကို မထရီဇာတို့ကမေ့နေတတ်ကြတယ်။ အဲဒါကဘာလဲဆိုတော့ ကလေးတွေကိုအာဟာရပြည့်စုံအောင်ကျွေးမွေး ကြဖို့ပေါ့။ ဒီနေ့ခေတ်အခါကြီးမှာ ပြီးပြည့်စုံတဲ့အာဟာရဓာတ်ကို all-in-one ရဖို့လိုအပ်တဲ့အရာလေးတွေကို demand တွေရှိလာကြတယ်။ Dugro နို့မှုန့်ကတော့ ကလေးတစ်ယောက်လိုအပ်တဲ့ အာဟာရဓာတ်တွေအားလုံးပါဝင်အောင် စနစ်တကျဖော်စပ်ထားတဲ့အတွက် ဒီဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့အာဟာရတစ်ခုလို့မြင်ပါတယ်။

၇။

မေး – Dugro ရဲ့ Brand Ambassador တစ်ယောက်အနေနဲ့ ဘယ်လိုမျိုး လုပ်ဆောင်သွားဖို့ရှိလဲဆိုတာ ပြောပြပေးပါဦး။

 

ချစ်သုဝေ – အဓိကကတော့ အစ်မရဲ့ knowledge sharing အပိုင်းပေါ့နော်။ မေမေတွေအားလုံးကို သားသားမီးမီးတွေရဲ့ ကျန်းမာရေး အစာအာဟာရတွေနဲ့ပတ်သတ်ဲပီးတော့ မထရီဇာကသိနားလည်သလောက် knowledge sharing တွေလုပ်သွားမှာပေါ့နော်။ ကလေးတွေအတွက်အသင့်တော်ဆုံးအာဟာရဖြစ်တဲ့ Dugro မှာပါဝင်တဲ့ အာဟာရတွေအကြောင်းကို ပြောပြသွားပေးမယ်။ သားသားမီးမီးတွေကို ဘယ်လိုအကောင်းဆုံး ပြုစုပျိုးထောင်ကြမလဲဆိုတာကိုလည်း sharing လုပ်သွားမှာပါ။

၈။

မေး – နောက်ဆုံးမေးခွန်း အနေနဲ့ Dugro မေမေ တွေအတွက် စကားလက်ဆောင်လေး ပြောပေးပါဦး။

ချစ်သုဝေ – မိခင်ဘဝကခက်ခဲပင်ပန်းတယ်ပေါ့နော်။ ဒါပေမယ့် မိခင်ဘဝလောက်အဓိပ္ပာယ်ပြည့်စုံတဲ့ ဘဝတစ်ခုမရှိဘူးလို့ အစ်မကယူဆတယ်။ မေမေတွေအားလုံးကိုလည်း အစ်မကအရမ်းလေးစားသလို ချစ်လည်းချစ်တယ်။ ကိုယ်ကိုတိုင်ကလည်း မေမေဖြစ်တဲ့အတွက် မိန်းမသားတွေဆိုတော့လေ သူတို့ရင်သွေးတွေအတွက် သူတို့မိသားစုဘဝလေး တွေအတွက် သူတို့ကဘယ်သူနဲ့မှမတူတဲ့အင်အားလေးတွေ ရှိကြတယ်ပေါ့နော်။ ဒါကြောင့်မို့လည်း လေးစားရတာ။ ဒါကြောင့်မို့ လည်းချစ်ရတာပေါ့။ ဒီတော့ မေမေတွေက မိသားစုတွေအတွက် သိပ်အရေးကြီးတယ် ကလေးလေးတွေရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာ ခနာကိုယ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေအားလုံးအတွက် မေမေတိုင်း မေမေတိုင်းကသိပ်အရေးကြီးတယ်။ ဒါကြောင့်မို့ မေမေတွေအားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကလည်း အရေးကြီးတဲ့အတွက် ဂရုစိုက်ကြဖို့ မှာချင်ပါတယ်နော်။

 

ဆက်စပ် ဆောင်းပါးများ