HIV ပိုးရှိနေသူများသည် မြန်မာနိုင်ငံအတွင်း ပျံ့နှံ့နေထိုင်လျှက်ရှိပြီးဖြစ်ရာ မိမိတို့နေထိုင်ရာ ဒေသအလိုက် နေထိုင်စားသောက်မှုပုံစံများ တူညီခြင်း မရှိကြသလို ရောဂါကို လျှင်မြန်စွာ ထိန်းချုပ်နိုင်မှုပုံစံများလည်း မတူညီနိုင်ကြပါ။ သို့အတွက်ကြောင့် မိမိတို့၏ ရောဂါအခြေအနေများအရ လည်းကောင်း နေထိုင်ရသည့် ပုံစံတို့ကို အမြဲဂရုစိုက် နေထိုင်သင့်ပါသည်။
HIV ပိုးရှိနေသူတစ်ဦးအဖို့ ဆေးဝါးများသောက်သုံးခြင်းနှင့် ပတ်သတ်၍လည်းကောင်း သတိပြုရမည့် အချက်များလည်း ရှိနေပါသည်။ ဆရာဝန်၏ ညွှန်ကြားချက်များနှင့်အတူ သတိပြု၍ အချိန်ဇယားဆွဲကာ သောက်သုံးခြင်း၊ ဆေးနှင့် ဓာတ်မတည့်မှုဖြစဖ်လျှင် ဆရာဝန်နှင့် ချက်ခြင်းပင် ပြန်လည်ပြသခြင်း၊ ညွှန်ကြားချက်အတိုင်း ဆေးပတ်လည်အောင် သောက်ခြင်း၊ ဆရာဝန်၏ ညွှန်ကြားချက်မရှိဘဲ ဆေးများ တိုးမြှင့်သောက်ခြင်း၊ လျော့သောက်ခြင်းများ ရပ်နားခြင်းများကို မပြုလုပ်ရပါ။ အခြားသော ဆေးများနှင့် တိုင်းရင်းဆေးများ သောက်နေရပါက ဆရာဝန်းအား အသိပေးခြင်း၊ မိမိသောက်နေရသော ဆေးဝါးများ အကြောင်းကို ဆရာဝန်ထံတွင် ရှင်းလင်းပြတ်သားစွာ မေးထားခြင်းမျိုး ပြုလုပ်သင့်ပါသည်။ ယနေ့ အခြေအနေတွင် ကူးစက်နိုင်သော ဗိုင်းရဗ်စ်ပိုုး အသစ်များ ထပ်မံပေါ်ပေါက်နေချိန်ဖြစ်သောကြောင့် အစားအသောက် အနေအထိုုင်မှစပြီး အရာရာတွင် သတိထား ဆင်ခြင်နေထိုင်ဖို့လည်း အထူးလိုအပ်လျှက်ရှိပါသည်။
HIV ပိုးရှိသူများသည်လည်း သာမန်လူများကဲ့သို့ တစ်ခါတစ်ရံတွင် ဖျားခြင်း၊ ခေါင်းကိုက်ခြင်းမျိုးလည်း ဖြစ်တတ်ပါသည်။ ထိုအခါ အလွန်အမင်း စိုးရိမ်မှုမဖြစ်ဘဲ နီးစပ်ရာ ဆရာဝန်များထံတွင် ပြသ၍ ကုသသင့်ပါသည်။ အချိန်ဆွဲပြီး ကုသမှုမခံယူကြပါက ရောဂါ အခြေအနေသာမန်လူများထက် ပိုမိုဆိုးရွားလာနိုင်တတ်ပါသည်။ ဖျားနာခြင်းကြောင့်လည်း ရေဓာတ်ခမ်းခြောက်ခြင်းများလည်း ဖြစ်နိုင်ပါသည်။ အဖျားကြီးလွန်းပါကလည်း တက်ခြင်းကယောက်ကတမ်းဖြစ်ခြင်းများလည်း ဖြစ်နိုင်ပါသည်။ ထိုသို့ ဖျားနာပါက မလိုအပ်သော အနွေးထည်နှင့် စောင်တို့ကို ဖယ်ရှားခြင်း၊ ရေပတ်တိုက်ပေးခြင်း၊ ရေဓာတ်ခမ်းခြောက်မှုမှ ကာကွယ်ရန် ရေ၊ စွတ်ပြုတ်၊ လက်ဖက်ရည်ကြမ်း၊ အသီးဖျော်ရည်များသောက်ပေးခြင်း၊ ပါရာစီတမော့လ်တစ်ပြား (သို့မဟုတ်) နှစ်ပြားကို လေးနာရီနှင့် ခြောက်နာရီခြားသောက်ခြင်း၊ ပြုလုပ်နိုင်ပြီး တစ်ရက်လျှင် ပါရာစီတမောလ် ရှစ်ပြားထက်ပို၍ မသောက်သင့်ပါ။ ဤသို့ ပြုရခြင်းသည်လည်း ဆရာဝန်ရှိသော ဆေးခန်းများနှင့် အလှမ်းကွာဝေးသော နေရာသို့ကိုသာ ရည်ညွှန်းပြီး နီးစပ်ရာ ဆေးခန်းရှိပါက အမြန်ဆုံးပြသပြီး ကုသခံယူသင့်ပါသည်။ ဤသို့ ပြုလုပ်နေလျှက်နှင့် အဖျားမကျခြင်း၊ ခေါင်းကိုက်ခြင်း၊ ချမ်းတုန်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူနှုန်းမြန်ခြင်း၊ တက်ခြင်း၊ မျက်စိများဝါးလာခြင်း၊ မှိန်းခြင်း၊ ဇက်တောင့်ခြင်း၊ ပြင်းထန်စွာ အန်ခြင်း၊ ငှက်ဖျားဖြစ်ခဲ့ဖူးခြင်း၊ ကိုယ်ဝန်ရှိနေခြင်း၊ ကလေးမီးဖွားထားခြင်း၊ ကိုယ်ဝန်ရှိနေခြင်း၊ ကလေးမီးဖွားထားခြင်း၊ အန်ဖတ်များ အဝါရောင်၊ အညိုရောင်များဖြစ်နေပါက ဆေးရုံသို့ အမြန်ဆုံးသွားရောက် ကုသရန်လိုအပ်ပါသည်။
ထိုကဲ့သို့ ဖြစ်နေပါက ပြင်းထန်သောအနံ့များကို ရှောင်ရှားခြင်း၊ အိမ်သာကို မီးဖိုချောင်၊ အိမ်သာတို့နှင့် ဝေးသောနေရာ၌ နေထိုင်ခြင်း၊ ဘေးစောင်းအိပ်ခြင်း၊ နဖူးပေါ် ရေအေးအဝတ်တင်ခြင်း၊ ချဉ်သော အသီးအနှံစားခြင်းများ ပြုလုပ်ပေးနိုင်ပါသည်။ အစာနှင့်ရေကို နည်းနည်းစီစားခြင်း၊ ပေါင်မုန့်၊ ထမင်း၊ ဒိန်ချဉ်၊ အသီးအနှံ၊ ရေ၊ စွတ်ပြုတ်၊ ဓာတ်ဆားတို့ကို စားသုံးနိုင်ပါသည်။ အန်ပြီး နှစ်နာရီအတွင်းစားခြင်း၊ သောက်ခြင်းတို့ကို ရှောင်ကျဉ်သင့်ပြီး အစာနှင့် ရေကိုနည်းနည်းဖြင့် မကြာခဏ စားသောက်ပေးသင့်ပါသည်။ တစ်နေထက်ပို၍ အန်ခြင်း၊ အစာနှင့်ရေ မစားသောက်နိုင်လောက်အောင် အန်ခြင်း၊ အန်ဖတ်တွင် သွေး၊ အစိမ်းရောင်၊ အညိုရောင်များ၊ ပါရှိလာခြင်း၊ အနံ့ဆိုးခြင်း၊ ဗိုက်အောင့်နေခြင်း၊ သတိမေ့ခြင်းများ ဖြစ်ပေါ်နေပါက ဆရာဝန်နှင့် အမြန်ဆုံးပြသပြီး ကုသမှုခံယူသင့်ပါသည်။ HIV ပိုးရှိသူတို့ အထူးသတိပြုစားသောက်ရမည်မှာ သန့်ရှင်းသောရေကိုသာ သောက်ခြင်း၊ အစားအသောက်များကို ကျက်အောင်ချက်ပြုတ်ပြီးမှ စားသောက်ခြင်းနှင့် အစိမ်းစားခြင်းများကို သတိပြုဆင်ခြင်ရမည် ဖြစ်ပါသည်။ ထို့အပြင် အအေးမိ၍ လည်းပင်းနာနေပါက ရေနွေးနွေးများသောက်ပြီး လည်ပင်းတစ်ဝိုက်တွင် ပုဝါပတ်ထားခြင်းများ ပြုလုပ်သင့်ပါသည်။ ခံတွင်းရှိ အနာများမှ အလွန်နာကျင်ပြီး သွေးများထွက်နေလျှင်သောလည်းကောင်း၊ အရည်များ ကောင်းစွာ မသောက်နိုင်လျှင်သော်လည်းကောင်း၊ ဆရာဝန်နှင့် ပြသပြီး ကုသမှု ခံယူသင့်ပါသည်။ ခုခံအားများ ကျဆင်းနေပြီး ရက်ပေါင်းများစွာ ချောင်းဆိုးခြင်း၊ အဖြူ၊ အဝါ၊ အစိမ်းနှင့် အညှိရောင်များရှိသော သလိပ်များထွက်ခြင်း၊ တစ်ခါတစ်ရံ သွေးများရောနှေ၍ပါလာခြင်းများလည်း ဖြစ်နိုင်ပါသည်။ ဖြစ်နိုင်သည့် အကြောင်းရင်းမှာလည်း ချောင်းဆိုးနှာချေခြင်းသည် အအေးမိခြင်း၊ ရင်ကြပ်ပန်းနာရောဂါနှင့် တီဘီရောဂါအပြင် အခြားသောအဆုတ်ရောဂါများကြောင့်လည်း ဖြစ်နိုင်ပါသည်။
ချောင်းဆိုးရက်ကြာရှည်ခြင်းကြောင့် အိပ်ရေးပျက်ခြင်း ပင်ပန်းနွမ်းနယ်နိုင်သလို ခုခံအားကိုလည်း ထပ်မံကျဆင်းစေနိုင်ပါသည်။ ချောင်းဆိုးလျှင် ရေများများသောက်ခြင်း၊ ရေနွေးငွေ့ရှူခြင်း၊ ခေါင်းအုံးမသုံးဘဲ မှောက်ခံ၊ ပက်လက်၊ ဘေးစောင်း၍ ငါးမိနစ်ခန့်စီ အိပ်ပေးခြင်း၊ တစ်နေ့လေးကြိမ် ပြုလုပ်ပေးပါက သလိပ်များ ထွက်လာနိုင်ပါသည်။ လည်ချောင်းယားယံ၍ ချောင်းဆိုးလျှင် သံပုရာရည်ကို ဆားနှင့် ရေနွေးဖြင့် ဖျော်ပြီး သောက်နိုင်သလို ညအိပ်ယာဝင်ခါနီး ချောင်းဆိုးပျောက်ဆေး သောက်ပေးနိုင်ပါသည်။ ဆေးလိပ်သောက်ခြင်းသည်လည်း ရင်ကျပ်ချောင်းဆိုးရောဂါကို ပိုမိုဆိုးရွားနိုင်သည့်တွက် ရှောင်ရှားထားသင့်ပါသည်။ သုံးပတ်ကျော်သည် အထိချောင်းဆိုးနေပါက ဆရာဝန်နှင့် ပြသသင့်ပါသည်။ HIV ရှိသူများတွင် သွားနာခြင်း၊ သွားဖုံးသွေးယိုခြင်းများလည်း ဖြစ်နိုင်သလို ပါးစပ်တွင် အနာများဖြစ်ခြင်း နှုတ်ခမ်းနာကျင်ခြင်း၊ သွားဖုံးသွေးယိုခြင်းများလည်း ဖြစ်နိုင်သလို ပါးစပ်တွင်အနာများဖြစ်ပြီး နှုတ်ခမ်းနာကျင်မှုများလည်း ဖြစ်တတ်ပါသည်။ ခံတွင်းအနာဖြစ်ခြင်းကြောင့်လည်း အစာမျိုချရာတွင် နာကျင်နိုင်သလို အစားအသောက်စားချင်စိတ်များလည်း လျော့ကျတတ်ပါသည်။ နေ့စဉ်အာဟာရဓာတ် လိုလာပါက မဖြစ်မနေ ဆရာဝန်နှင့် ပြသ၍ အမြန်ဆုံး ကုသသင့်ပါသည်။ ထို့အတွက်ကြောင့် HIV ရှိနေသူများအဖို့ အခြားသူများထက် အစစအရာရာ သတိတစ်ခုပြု၍ ဆင်ခြင်နေနိုင်ကြစေရန် ရေးသားလိုက်ရပါတော့သည်။
Author – Healthcare Journal