fbpx

Download OnDoctor App on Google Play

COVID-19 Cases in Myanmar

20 – Confirmed
1 – Death
0 – Recovered

ဝှေးစေ့ကင်ဆာ ကြောက်စရာ စောစောစီးစီး စမ်းသပ်ပါ

ဝှေးစေ့ကင်ဆာ ကြောက်စရာ စောစောစီးစီး စမ်းသပ်ပါ
ကျွန်တော်တို့ အမျိုးသားတွေအတွက် အရေးကြီးတဲ့ ကျန်းမာရေးဆိုင်ရာ အလေ့အကျင့် တစ်ခုကိုပြောပါဆိုရင် မိမိဝှေးစေ့မိမိကိုယ်တိုင်စမ်းသပ်စစ်ဆေးခြင်း လို့ဆိုရပါလိမ့်မယ်။
ဒီလိုစမ်းသပ်ခြင်းကြောင့်
ကင်ဆာကဲ့သို့သော ကြောက်စရာပြဿနာများကို စောစောစီးစီး

ရှာဖွေတွေ့ရှိနိုင်ပါတယ်။

ဝှေးစေ့ကင်ဆာဖြစ်ပွားနှုန်းက ဆယ်ကျော်သက်တွေ
အတွက်ရှားပါးပေမယ့် ယေဘုယျအားဖြင့်
15 နှစ်နှင့် 35 နှစ်ကြားတွင် အများဆုံး ဖြစ်ပါတယ်။
ယောက်ျားလေးတစ်ယောက်ဟာ မကြာခဏ မိမိဝှေးစေ့ မိမိ
ပုံမှန်စစ်ဆေးရေးလုပ်ရန် အရေးကြီးပါတယ်။
သို့မှသာ သင့်ဝှေးစေ့များရဲ့ ပုံစံ နဲ့ အရွယ်အစား
ကို အကျွမ်းတဝင်ဖြစ်လာနိုင်ပြီး တစ်ခုခုထူးခြား
ကွဲပြားတာနဲ့ ချက်ချင်းသိနိုင်ပါတယ်။
ဝှေးစေ့ကင်ဆာရဲ့ လက္ခဏာများမှာ
၁။ ဝှေးစေ့ အရွယ်အစားကြီးလာခြင်း (သို့)
      အလုံးအကြိတ်ပေါ်လာခြင်း
၂။ ကပ်ပယ်အိတ်ထဲတွင် ဖောင်းဖောင်းတင်းတင်း
      ဖြစ်နေခြင်း
၃။ ကပ်ပယ်အိတ်ထဲမှာ အရည်များစုလာခြင်း
၄။ ဗိုက် (သို့) ဆီးစပ်တစ်ဝိုက် အောင့်ခြင်း
၅။ ခါးနာခြင်း
၆။ ဝှေးစေ့ (သို့) ကပ်ပယ်အိတ် နာခြင်း၊ အောင့်ခြင်း
     ၊မအီမသာဖြစ်ခြင်းတို့ဖြစ်ပါတယ်
—————————-
ဒါဆို.. ဘယ်အချိန်မှာ စမ်းကြမလဲ?
ဝှေးစေ့အရေပြားအောက်မှာ
အဖုအပိမ့် အလုံးအကြိတ်များရှိနေရင်
လွယ်လွယ်ကူကူစမ်းသပ် တွေ့ရှိနိုင်ဖို့
တစ်နေ့တာတွင် ရေချိုးနေစဉ် (သို့) ရေချိုးပြီးချိန်
သည်စမ်းသပ်ရန် အကောင်းဆုံးအချိန်ဖြစ်ပါတယ်။
ဘယ်လိုကိုင်တွယ်စစ်ဆေးကြမလဲ?
အလုံးအကြိတ်ဆိုတာ ဆန်စေ့၊ပဲစေ့၊သံပရာသီး
အစေ့ အနေ သေးသေးလေးက စဖြစ်တာပါ။
အဲဒါကြောင့် စမ်းမယ်ဆိုရင် အလုံးအကြိတ်တွေကို
သေသေချာချာ စမ်းမိဖို့ အရေးကြီးတာကြောင့်
တစ်ခါစမ်းရင် ဘယ်ဆို ဘယ်လက်
ညာဆိုညာလက်နဲ့ တစ်ဖက်စီ အချိန်ပေးပြီး စမ်းဖို့
အရေးကြီးပါတယ်။
၁။ လက်ဆွဲနှုတ်ဆက်သလို လက်ကို
ရှေ့ထုတ်လိုက်ပါ။ လက်မ နဲ့ လက်လေးချောင်းကို
ကွေးလိုက်ပါ။
၂။ လက်ပုံစံမပြောင်းဘဲ ဝှေးစေ့အရင်းကိုကိုင်ပါ။
၃။ လက်မက အပေါ်
လက်လေးချောင်းက အောက်ကိုလျှိုပြီးကိုင်ထားတဲ့
အနေအထားမှန်ပြီဆိုရင် လက်ကြားထဲမှာ
အကြောအမျှင်တစ်ခု စမ်းမိပါလိမ့်မယ်။
၄။ ထိုအနေအထားဖြင့် အောက်က ဝှေးစေ့ကို
မရွေ့အောင် ထိန်းထားရပါမယ်။
၅။ ကျန်တဲ့လက်တစ်ဖက်က အဲ့ဒီမရွေ့အောင်
ထိန်းထားတဲ့ ဝှေးစေ့ကို တစ်ပတ်လည်
အရှေ့မှအနောက်၊ အပေါ်မှအောက်
အရွယ်အစား၊ ပုံစံ၊ အလုံးအကြိတ်တွေ ရှိမရှိ
သေသေချာချာစမ်းသပ်ပါ။
၆။ တစ်ဖက်ပြီးရင် နောက်တစ်ဖက်
ထိုနည်းအတိုင်းစမ်းပါ။
 —————————–
အကယ်လို့ အလုံးအကြိတ်စမ်းမိလို့ ပဲဖြစ်ဖြစ်၊
အရွယ်အစား နဲ့ ပုံစံ
အရင်ကနဲ့ မတူတော့ဘဲ ကြီးလာတာပဲဖြစ်ဖြစ်၊
နီးစပ်ရာဆရာဝန် နဲ့ တိုင်ပင်ဆွေးနွေးပြီး
စောစောစီးစီးကုသမှုခံယူပါက အရှင်းပျောက်ကင်း
နိုင်သော ကင်ဆာမျိုးဖြစ်ပါတယ်။
အားလုံးကျန်းမာချမ်းသာကြပါစေလို့တောင်းဆုပြုရင်း….
Dr. Wallace K
ဆက်စပ် ဆောင်းပါးများ