မကြာမီလက်ထပ်မယ့်စုံတွဲများအတွက်အရေးကြီးတဲ့ မျိုးရိုးဗီဇ၊ ကူးစက်ရောဂါ၊ မိသားစုနောက်ခံကျန်းမာရေးအခြေအနေ၊ မျိုးရိုးလိုက်သောအချက်တွေကို ကြိုတင်ပြင်ဆင်ခြင်းဖြင့် သင်လက်မထပ်မီမှာ မလိုအပ်တဲ့ စိတ်ဖိစီးမှုနဲ့ ပြဿနာများကိုရှောင်ရှား နိုင်ပါတယ်။
သင်ရည်ရွယ်ထားတဲ့အိမ်ထောင်ဖက်ရဲ့ကျန်းမာရေးအခြေအနေဟာ သင့်ရဲ့အိမ်ထောင်ရေးပြဿနာတွေနဲ့ သက်ဆိုင်တယ်လို့မဆိုလိုပါ။ ဒါပေမဲ့ လိုအပ်ပါကသင့်လျော်သောဆေးကုသမှုခံယူရန်အထောက်အကူဖြစ်ပါလိမ့်မယ်။ သင်လက်မထပ်မီသင်ပြုလုပ်သင့်သင့်တဲ့စစ်ဆေးမှုများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
HIV နှင့် အခြားလိင်မှတစ်ဆင့်ကူးစက်သော ရောဂါများ (STDs) စစ်ဆေးခြင်း
အိတ်ခ်ျအိုင်ဗွီ၊ အသည်းရောင်ရောဂါ ဘီ (B) နဲ့ စီ (C) တို့ဟာ တစ်သက်တာအခြေအနေများဖြစ်သောကြောင့် ကောင်းမွန်စွာစီမံထားနိုင်ခြင်းမရှိပါက အိမ်ထောင်ရေးကိုတင်းမာစေနိုင်တယ်။
အခြား STD များ၊ ဥပမာ ဂနိုရီးယား၊ ဆစ်ဖလစ်၊ ဘက်တီးရီးယား ဗဂျိုင်နိုးစစ် နှင့် ကြွက်နို့များက သင့်လျော်သောဆေးကုသမှုဖြင့် ပျောက်ကင်းနိုင်တဲ့အပြင် နောက်ဆက်တွဲ မျိုးမပွားနိုင်ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းအန္တရာယ်တွေလည်း နည်းပါတယ်။
သွေးအုပ်စုစစ်ဆေးမှု
သွေးအမျိုးအစားနဲ့ Rhesus စစ်ဆေးမှုဟာ သန္ဓေသားအတွက် အလွန်အသုံးဝင်ပါတယ်။ Rhesus ရောဂါဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့သွေးထဲကပဋိပစ္စည်းက မိမိကလေးရဲ့သွေးဆဲလ်များကိုဖျက်ဆီးတဲ့ အခြေအနေဖြစ်ပါတယ်။ Rhesus (+) အပေါင်းသွေးအုပ်စုခင်ပွန်းသည်များ နဲ့ လက်ထပ်ထားတဲ့ Rhesus (-) အနုတ်သွေးအုပ်စုအမျိုးသမီးတွေမှာ သန္ဓေသားကြီးထွားမှုကိုအနှောင့်အယှက်ဖြစ်စေခြင်း၊ သားအိမ်အတွင်းမှာ သေန္ဓေသားသေဆုံးခြင်း နဲ့ ကိုယ်ဝန်ပျက်ကျခြင်းများကိုဖြစ်ပေါ်စေပါတယ်။
မျိုးအောင်မအောင် စစ်ဆေးခြင်း
ဇီဝဗေဒ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာစိတ်ဒဏ်ရာမဖြစ်စေဘဲ ဒီပြဿနာများကို တတ်နိုင်သမျှစောလျင်စွာဖြေရှင်းနိုငင်တာကြောင့် ဒါက မရှိမဖြစ်လိုအပ်ပါတယ်။
မျိုးရိုးဗီဇ နှင့် နာတာရှည်ကျန်းမာရေးအခြေအနေစစ်ဆေးခြင်း
ရောဂါအခြေအနေများနောက်မကျခင် အချိန်မီ ဆေးကုသမှုခံယူနိုင်ရန် မျိုးရိုးဗီဇချို့ယွင်းတဲ့ရောဂါတွေအပြင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ အချို့သောကင်ဆာများ၊ ကျောက်ကပ်ရောဂါ၊ ဟေမိုဂလိုဘင်ခွဲခြမ်းစိတ်ဖြာစစ်ဆေးခြင်း နဲ့ သွေးရောဂါများ ရှိမရှိစစ်ဆေးရန်လိုအပ်ပါတယ်။
ဒါ့ပြင် Toxoplasma ကပ်ပါးကောင်၊ Rubella ဗိုင်းရပ်စ်၊ Cytomegalo ဗိုင်းရပ်စ် (CMV)၊ Herpes ဗိုင်းရပ်စ်ကြောင့် သန္ဓေသားနဲ့ အချိန်မတန်မီ ကလေးငယ်များအားချို့ယွင်းစေသော TORCH စစ်ဆေးမှုကိုပြုလုပ်သင့်ပါတယ်။
မေး – လက်မထပ်ခင်ဆေးစစ်ဆေးခြင်းကို တကယ်လုပ်ဖို့လိုပါသလား။
ဖြေ – လိုပါတယ်၊ ကျွန်တော်တို့ အဲဒီလိုလုပ်ဖို့ သင့်ကိုတကယ်ပဲတိုက်တွန်းလိုပါတယ်။
မေး – လက်မထပ်မီ ဘယ်အချိန်မှာ ဆေးစစ်သင့်ပါသလဲ?
ဖြေ – အချိန်မရွေးလုပ်ဆောင်နိုင်ပါတယ်။
သို့သော် မင်္ဂလာပွဲမတိုင်မီ ၆ လအလိုအချိန်က အကောင်းဆုံးဖြစ်ပါတယ်။
Author: Dr. Wallace K