ဦးဦးဒေါ်ဒေါ်တို့ ရဲ့ အိပ်ယာဝင်အခက်အခဲများ
အသက်ကြီးမှ ဝက်သက်ပေါက်သည်ဟု စနောက်ခံရသော အိမ်ထောင်ရှင်အမျိုးသားနှင့်အမျိုးသမီးများသည် လိင်ဆက်ဆံရာတွင် အပြောင်းအလဲအခက်အခဲတခုနဲ့ကြုံတွေ့ရနိုင်ပါတယ်။
ပုံမှန်ပြောင်းလဲမူများ
အမျိုးသမီးများနှင့်အမျိုးသားများအတွက်အသက်ကြီးလာသည်နှင့်ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမူမျာရှိပါတယ်။ပြောင်းလဲမူများကြောင့်လိင်ဆက်ဆံမူတွင်သက်ရောက်မူရှိပါတယ်။အချို့လူများအတွက်အသက်ကြီးလာလေလေ လိင်ကိစ္စကိုစိတ်ဝင်စားမူများသူများရှိသကဲ့သို့ ဆက်ဆံရန်ကြောက်ရွံသူများလည်းရှိပါတယ်။
အမျိုးသမီးများအနေဖြင့် အသက်ကြီးလာလေလေ မိန်းမအင်္ဂါသည် တိုပြီးကျဉ်းမြောင်းလာသည့်အပြင် အချွဲအကျွဲအထွက်နည်းသောကြောင့် လိင်ဆက်ဆံမူတွင်စိတ်ကျေနပ်မူမရနိုင်ပါ။
အမျိုးသားများအနေဖြင့် မာကျောတောင့်တင်းမူလျော့ခြင်းကြောင့်ဆက်ဆံချင်စိတ်ပျောက်ဆုံးခြင်း ပန်းသေ ပန်းညိူးခြင်းဖြစ်စေနိုင်ပါတယိ။အသက်၆၅နှစ်ရှိသူတိုင်းတွင် ၁၅ မှ ၂၅ %အမျိုးသားတိုင်းတွင် လိင်ဆက်ဆံမူ၄ကြိမ်တွင် ၁ကြိမ်အခက်အခဲနှင့်ရင်ဆိုင်နိုင်ပါတယ်။ရောဂါအခံရှိသူ ဥပမာ ဆီးချို။သွေးတိုးနှလုံးရှိသူများတွင်ပိုမိုဖြစ်နိုင်ချေရှိပါတယ်။
လိင်ဆက်ဆံမူအခက်အခဲဖြစ်စေသောအကြောင်းအရာများမှာ
-ဖျားနာမူ။မသန်မစွမ်းမူနှင့်ဆေးဝါးများကြောင့် လိင်စွမ်းဆောင်ရည်ကိုထိခိုက်နိုင်ပါတယ်။
-အဆစ်အမြစ်ရောင်ရမ်းမူသည် လိင်ဆက်ဆံမူကိုအဆင်မပြေမူဖြစ်စေပါတယ်။
-နာတာရှည်နာကျင်မူကြောင့် အိပ်မပျော်ခြင်း။စိတ်ဓာတ်ကျုခင်းလူပ်ရှားမုူခက်ခဲခြင်းတို့ကြောင့် ဆက်ဆံမူကိုအဆင်မပြေနိုင်ပါ။
-ဆီးချိုရှိသောသူတိုင်း လိင်ဆက်ဆံမူခက်ခဲစေနိုင်ခြင်းတော့မဟုတ်ပါ။လူအချို့ကသာလျှင် ပန်းသေပန်းညိူးဖြစ်နိုင်ပါတယ်။
-နှလုံးရောဂါရှိသူများသည် လိင်တံထောင်မတ်မူတွင်အခက်အခဲများနှင့်ကြုံတွေ့ရတတ်ပါတယ်။
-အမျိုးသမီးများသည်အသက်ကြီးလာသောဆီးမထိန်းနိုင်သောအခြေအနေနှင့်ကြုံတွေ့ရလေ့ရှိပါတယ်။ချောင်းဆိုး။နှာချေးတာ။အလေးမခြင်းတိူ့တွင်ဆီးထွက်လေ့ရှိသောကြောင့် လိင်ဆကိဆံရာတွင် စိတ်ဖိဆီးမူဖြစ်ကာ ဆက်ဆံမူကိုရှောင်ရှားကြလေ့ရှိပါတယ်။
ခွဲစိတ်ခြင်းနှင့်ဆေးဝါးတွေကြောင့်လိင်ဆက်ဆံမူအားနည်းတတ်လား?
အများအားဖြင့် လိင်အင်္ဂါတဝိုက်ခွဲစိတ်မူပြုလုပ်ခဲ့ရလျှင် လိင်ဆက်ဆံခြင်းတွင်အနှောက်အယှက်ဖြစ်စေသလားဆိုတာစိုးရိမ်ကြပါတယ်။
သားအိမ်ထုတ်ထားသောအမျိုးသမီးများသည်လိင်ဆက်ဆံရာတွင်အဆင်မပြေနိုင်သည်ဟု ထင်ကြသော်လည်း တကယ့်လက်တွေ့မူအဆင်ပြေမူရရှိနိုင်ပါတယ်။
ရင်သားထုတ်ထားသောအမျိုသမီးများသည်လည်းဟလိင်ဆက်ဆံမူတွင်ပျော်ရွှင်မူမပေးနိုင်မည်ကိုစိုးရိမ်တတ်ကြပါတယ်။
ဆီးကျိတ်ထုတ်ရသော အမျိုးသားများသည်လည်း လိင်တံထောင်မတ်မူအားနည်းမည်ကိုစိုးရိမ်ကြပါတယ်။တကယ်တော့ အားနည်းမူမဖြစ်ပါ။
စိတ်ခံစားမူ
လိင်ဆက်ဆံမှုတွင် စိတ်ပျော်ရွှင်မူသည်လည်း ရုပ်ပိုငိးဆိုင်ရာနည်းတူအရေးကြီးပါတယ်။မိမိရုပ်ရည်အနေအထားကြောင့်စွဲဆောင်မူလျော့ပါးမည်ကိုစိုးရိမ်မူလွန်ကဲခြင်းသည်လည်း လိင်ဆက်ဆံမူအခက်အခဲဖြစ်စေပါတယ်။စိတ်ဖိဆီးမူလျော့ချရန်အထူးလိုအပ်ပါတယ်။
ဘာတွေလိုက်နာသင့်သလဲ?
မိမိရဲ့လိင်ဆက်ဆံမူကျေနပ်မူရရှိစေရန် ၂ဦး၂ဘက် ကြင်နာယုယမူ။စိတ်ဝင်းစားမူကိုအမြဲဂရုစိုက်ပါ။တဦးအခက်အခဲကိုတဦးမှ ပွင့်လင်းစွာတိုင်ပင်ပါ။ဆက်ဆံချိန်ကိုအားအင်ပြည့်သောအချိန်တွင်ဆက်ဆံပါ။ကျန်းမာပျော်ရွှင်သောဘဝနေထိုင်မူကျင့်သူံးပါ။လေ့ကျင့်ခန်းလုပ်ပါ။အာဟာရပြည့်ဝသောအစာစားပါ။ရေနှင့်အသီးဖျော်ရည်သောက်ပါ။အရက်ဘီယာဆေးလိပ်ရှောင်ပါ။စိတ်ဖိဆီးမူလျော့ကျစေသောနည်းလမ်းများကိုလိုက်နာပါ။လိုအပ်ပါက ဆရာဝန်နှင့်သေချာဆွေးနွေးပါ။
Dr.Pyae Shin