အမွှာလေးတွေလိုချင်ရင်

အမွှာလေးတွေလိုချင်ရင်

ယခုအခါ မင်းသမီးချစ်သူဝေရဲ့ သမီးအမွှာလေးများကို အားကျလျက် ကိုယ်ဝန်အမွှာရရန် အထူးဆန္ဒရှိကြပါတယ်။ အမွှာကိုယ်ဝန်ဆောင်နိုင်ရန် နည်းလမ်းပေးကြပါဟု အမြဲတောင်းတတ်ကြပါတယ်။ အမွှာကိုယ်ဝန်ဆောင်လျှင် တစ်ကြိမ်တစ်ခါတည်းနှင့် သားသမီး၂ဦးရရှိသောကြောင့် မိသားစုအတွင်း ပိုမိုပြည့်စုံနိုင်မည်ဟု ယုံကြည်ကြပါတယ်။ မျိုးအောင်စေသော ဆေးဝါးများသည်သာ အမွှာကိုယ်ဝန်ဆောင်နိုင်သော တစ်ခုတည်းသော နည်းလမ်းမဟုတ်ပါ။

အမွှာကိုယ်ဝန်ရစေသောအခြားနည်းလမ်းများမှာ ………

(1) အသက်အရွယ်

အသက်၃၀ကျော်သော အမျိုးသမီးများသည် အမွှာကိုယ်ဝန်ဆောင်နိုင်ချေများပါတယ်။ အဘယ်ကြောင့်ဆိုသော် အသက်ကြီးလေလေ FHSဟော်မုန်းများလေလေဖြစ်ပါတယ်။ FHSသည် မျိုးဥအိမ်တွင် မမျိုးဥကြွေရန်လိုအပ်ပါတယ်။ အသက်ကြီးသော အမျိုးသမီးများသည် အသက်ငယ်သူများထက် မျိုးဥကြွေရန် FHSဟော်မုန်း ပိုမိုလိုအပ်ပါတယ်။ FHSသည် များလာသောအခါ မမျိုးဥတစ်လုံးထက် ပိုကြွေသောကြောင့် အမွှာကိုယ်ဝန်ရလာခြင်းဖြစ်ပါတယ်။

(2) မျိုးရိုးရှိခြင်း

မိမိ မိသားစုမျိုးရိုးတွင် ထပ်တူညီသော အမွှာရှိပါက မိမိတွင် အမွှာကိုယ်ဝန်ရရန် အခွင့်အလမ်းနည်းသော်လည်း ထပ်တူမညီသောအမွှာရှိပါက အမွှာကိုယ်ဝန်ပိုမိုရလွယ်ပါတယ်။ မိဘ ၂ ဦးစလုံးတွင် အမွှာမျိုးရိုးရှိပါက ပိုမိုအခွင့်အလမ်းများပါတယ်။

(3) ကိုယ်အလေးချိန်

BMI 30 ကျော်သော ကိုယ်အလေးချိန်များသောအမျိုးသမီးများသည် BMI ကောင်းသော အမျိုးသမီးများထက် အမွှာပိုမိုရရှိစေရန် အခွင့်အလမ်းများသည်ဟု ဆိုသော်ငြားလည်း အရမ်းဝလျှင်လည်း ကိုယ်ဝန်မဆောင်နိုင်ပါ။ အဆီပိုများသည် estrogen ဟော်မုန်းများစေပြီး estrogen သည် သားဥအိမ်ကို မျိုးဥကြွေစေရန် လှုံဆော်မူပိုမိုစေပါတယ်။ ထို့ကြောင့် မမျိုးဥ တစ်လုံးထက်မနည်း ကြွေစေပါတယ်။

(4) အရပ်

အရပ်ရှည်သောသူများသည် အမွှာကိုယ်ဝန်ရရန် အခွင့်အလမ်းပိုများပါတယ်။

(5) လူမျိုး

အရှေ့တိုင်းအမျိုးသမီးများသည် အမေရိကန်နှင့် အာဖရိကန်အမျိုးသမီးနှင့်ယှဉ်လျှင် အမွှာကိုယ်ဝန်ရရန် အခွင့်အလမ်းနည်းပါတယ်။

(6) နို့တိုက်ခြင်း

နို့တိုက်နေစဉ် ကိုယ်ဝန်မတော်တဆရလျှင် အမွှာဖြစ်ရန် အခွင့်အလမ်းများပါတယ်။ နို့တိုက်ခြင်းသည် ကိုယ်ဝန်ရရန် တားဆီးပေးသည်ဟုဆိုသော်လည်း လေ့လာချက်အရ မတော်တဆရခဲ့လျှင် ရာခိုင်နူန်းပိုများကြောင်း တွေ့ရှိရပါတယ်။

(7) အစာအာဟာရ

နို့နှင့်နို့ထွက်ပစ္စည်းများ ပိုမိုစားသုံးသော အမျိုးသမီးများသည် အမွှာကိုယ်ဝန်ရရန် အခွင့်အလမ်းများပါတယ်။

ဆေးဝါးအကူအညီဖြင့်အမွှာကိုယ်ဝန်ဆောင်ခြင်း

ဆေးဝါးသောက်သုံးခြင်းနှင့် IVFနည်းဖြင့် အမွှာကိုယ်ဝန်ရရန် ပြုလုပ်နိုင်ပါတယ်။ အမွှာကိုယ်ဝန်ဆောင်ခြင်းရဲ့ အကျိုးဆက် မိခင်နှင့် ကလေးများဖြစ်လာနိုင်သော ကျန်းမာရေးအခြေအနေများကိုပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ကုသမူတိုင်းကြောင့်တော့ ကိုယ်ဝန်ရရှိစေနိုင်သည်ဟု တထစ်ချယုံကြည်၍ မရနိုင်ပါ။

အမွှာကိုယ်ဝန်လိုချင်သော မိဘများအတွက် ဆေးဝါးကုသမူကြောင့် အမွှာရရှိစေနိုင်သည်ဟု တထစ်ချမယုံကြည်သင့်ဘဲ အခြားသောအကြောင်းရင်းများကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ အမွှာကိုယ်ဝန်ရရှိလာသောအခါတွင်လည်း ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု အပြည့်အဝရရှိမှသာ အမွှာကိုယ်ဝန်ကြောင့် ရရှိနိုင်သော ဆိုးကျိုးများကို လျော့ကျစေနိုင်ကြောင်း ကြိုတင်သိရှိရန်လိုအပ်ပါတယ်။

Dr. Pyae Shin