သင်္ဘောသီးစားရင် ကိုယ်ဝန်ပျက်ကျတယ်ဆိုတာ တကယ်လား          

သင်္ဘောသီးစားရင် ကိုယ်ဝန်ပျက်ကျတယ်ဆိုတာ တကယ်လား

သဘောၤသီးစားလျှင် ကိုယ်ဝန်ပျက်ကျခြင်းသည် တကယ်ဖြစ်တတ်တာလား ဒါမှမဟုတ် ယုံတမ်းစကားလား။ကိုယ်ဝန်ဆောင်ကာလသည် အမျိုးသမီးများအတွက်အထူးအရေးကြီးပါတယ်။ကိုယ်ဝန်ဆောင်စဉ် အာဟာရလွန်ကဲခြင်းနှင့်ချို့တဲ့ခြင်းသည် ပြဿနာတစ်ရပ်ဖြစ်စေပါတယ်။အချို့ရုပ်ရှင်များတွင် ယောက္ခမက သဘောၤသီးကျွေးလို့ချွေးမကိုယ်ဝန်ပျက်ကျသည်ဆိုသောရှေးရိုးပုံပြင်သည်တကယ်ပဲလားဆိုတာကိုသိပ္ပံနည်းကျကျ စဉ်းစားကြည်ကြပါစို့။

(1)သဘောၤသီးကောင်းကျိုးများ

–  သဘောၤပင်မှအသီး။အရွက်သည် လူသားတိူ့အတွက်စားသုံးနိုင်သောအပင်ဖြစ်ပါတယ်။
-သဘောၤပင်သည် အာဟာရဓာတ်ကြွယ်ဝပြီး ရောဂါတော်တော်များများကို ကာကွယ်နိုင်ပါတယ်။
-သဘောၤသီးအစိမ်းသည် ကိုယ်ခံအားနှင့်အနာကျက်ခြင်းအတွက် အထောက်အကူပြုပါတယ်။
-သဘောၤသီးမှည့်ဖျော်ရည်သည် မီးလောင်ဖုဒဏ်ရာနှင့်ကြွက်နို့အတွက်အသုံးဝင်ပါတယ်။
-သဘောၤရွက်သည် အနာကျက်ရန်နှင့်အစေ့သည် သဘာဝသန်ချဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။
-သဘောၤသီးစားခြင်းသည် နှလုံး။ဆီးချို နှင့်ကင်ဆာဖြစ်နူန်းလျော့ကျစေပြီးသွေးတိုး။ဆီးချို သက်သာစေပါတယ်။
-Vit C;Folic acid;ကယ်လစီယမ်နှင့်ပိုတက်ဆီယမိဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။
-သဘောၤသီးသည်ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်ပြီးကင်ဆာကိုတိုက်ထုတ်နိုင်သောအစွမ်းရှိပါတယ်။
-သဘောၤသီးတွင်ပါဝင်သော vit k သည် ကယ်လ်ဆီယမ်စုပ်ယူမူအားကောင်းပြီး အရိုးတွေကိုသန်မာစေပါတယ်။
-အမျှင်ဓာတ်နှင့်ရေဓာတ်ပြည့်ဝစွာပါဝင်သောကြောင့် ဝမ်းချုပ်ခြင်းကိုသက်သာစေပြီးအစာအိမ်နှင့်အူလမ်းကြောင်းကျန်းမာရေးကောင်းစေပါတယ်။
-ပန်းနာရင်ကျပ်ရောဂါကိုလည်းသက်သာစေပါတယ်။
-vit A ပါဝင်သောကြောင့်ဆံပင်နှင့်အသားအရေ စိုပြေလှပမူအတွက်အထူးသင့်တော်ပါတယ်။

(2)သဘောၤသီးနှင့် ကိုယ်ဝန်

– သဘောၤသီးစိမ်းသည်  အီစထရိုဂျင်ဟော်မုန်းထွက်စေပြီရာသီမှန်စေပါတယ်။
-ရှေးအခါက သန္ဓေတားဆေးအဖြစ်အသုံးပြုကာကိုယ်ဝန်ပျက်စေသည်ဟုရှေးရိုးယူဆကြပါတယ်။
-ကိုယ်ဝန်ပျက်ကျစေသည်ဟုယူဆသောကြောင့် ကလေးယူနေသောသူများသည် သဘောၤသီးစားခြင်းကိုရှောင်ကြဉ်ကြပါတယ်။
-သဘောၤသီးအစိမ်းတွင်ပါဝင်သောPapain အင်ဇိုင်းသည် ကိုယ်ဝန်ဆောင်စဉ်အရေးကြီးသောပရိုဂျက်စတုန်းထွက်အူကိုတားကာ သားအိမ်ဖွံ့ဖြိုးမူကိုရပ်တန့်စေပါတယ်။
-သဘောၤသီးအစေးသည် သားအိမ်ကိုကျုံ့စေပြီးကိုယ်ဝန်ပျက်စေပါတယ်။အဆိုပါပြဿနာသည်သဘောၤသီးမှည့်စားပါက ထိရောက်မူမရှိပါ    ။
လေ့လာတွေ့ရှိချက်များအရ သဘောၤသီးအမှည့်စားသုံးသောကိုယ်ဝန်ဆောင်သည်များသညိ ကိုယ်ဝန်ပျက်ခြင်းကဲ့သိ့ုဆိုးကျိုးအထွေအထူးမရှိပါ။အကြမ်းအားဖြင့်သဘောၤသီးလွန်ကဲစွာစားသုံးခြင်းကိုရှောင်ပါ။ကိုယ်ဝန်ဆောင်သည်များနှင့်ကလေးယူရန်ကြိုးစားသူများသည်သဘောၤသီးအစိမ်းစားခြင်းကို ရှောင်ခြင်းသည် ကျန်းမာရေးအတွက်အထူးသင့်တော်ပါတယ်။ထို့ကြောင့်အာဟာရဓာတ်ပြည့်ဝသောသဘောၤသီးအမှည်ကြိုဟကိုယ်ဝန်ဆောင်သည်များစားသုံးနိုင်ပါတယ်။သို့သော်တန်ဆေးလွန်ဘေး စကားနှင့်အညီစားသုံးပါ။

(3)အခြားဆိုးကျိုးများ
အချို့ဓာတ်မတည့်ရောဂါရှိသူများသည် သဘောၤသီးတွင်ပါဝင်သော အင်ဇိုင်းဖြစ်သည့် Chitanasesနှင့်ဓာတ်မတည့်မူဖြစ်စေနိုင်ပါတယ်။သဘောၤသီးအစေးသည် ဓာတ်မတည့်မူဖြစ်စေနိုင်ပါတယ်။အစေးသက်သာစေရန် ထုံးရေကြည် စိမ်နိုင်ပါတယ်။

Dr.ပြည့်ရှင်း

ဆက်စပ် ဆောင်းပါးများ