
ရေမွှာရည်များခြင်း(Polyhydramnios)

ရေမွှာရည်များခြင်းကို ဆေးပညာအရ Polyhdramnios လို့ခေါ်ပါတယ်။

ရေမွှာရည်ညွန်းကိန်း(AFI)ဟာ ၈ နဲ့ ၁၈ ကြားမှာရှိရင် ရေမွှာရည်ဟာပုံမှန်ပမာဏမှာရှိပြီး

ရေမွှာရည်ညွန်းကိန်း(AFI)ဟာ ၅ အောက်ရောက်တယ်ဆိုရင်တော့ ရေမွှာရည်နည်းတယ်(Oligohydramnios)လို့ သတ်မှတ်ကာ

ရေမွှာရည်ညွန်းကိန်း(AFI) ဟာ ၂၄ ထက်ကျော်ရင်တော့ ရေမွှာရည်များတယ်(Polyhydramnios)ဆိုပြီး သတ်မှတ်ပါတယ်။

ရေမွှာရည်များတာဟာ ရေမွှာရည်နည်းခြင်းထက်စာရင် အလွန်အဖြစ်နည်းပါတယ်။ကိုယ်ဝန်ဆောင်အယောက်တရာမှာ တယောက်လောက်ပဲဖြစ်ပါတယ်။

ရေမွှာရည်များခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းအတိအကျကိုတော့ မသိသေးပါ။

၁။မိခင်က ဆီးချိုရောဂါရှိတာ(Diabetes Mellitus)

၂။အချင်းရဲ့ သွေးကြောတွေထဲမှာ အလုံးအကျိတ်ဖြစ်တာ(Choriangioma)

၃။အမွှာကိုယ်ဝန်ဖြစ်တာ

၄။သန္ဓေသားရဲ့ သွေးပြန်ကြောနဲ့သွေးလွှတ်ကြောတွေကြားထဲမှာ ပုံမှန်မဟုတ်တဲ့ တိုးလျှိုးပေါက်ဖြစ်နေပြီးဆက်နေတာ(AV fistula)

၅။သန္ဓေသားရဲ့ အစာရေမျိုပြွန်(esophagus)နဲ့အသက်ရှုလမ်းကြောင်း(Trachea)ကြား တိုးလျှိုးပေါက်ဖြစ်ပြီးဆက်နေတာ (TE fistula)

၆။သန္ဓေသားရဲ့ အစာရေမျိုပြွန်ကျဉ်းပြီးပိတ်နေတာ(Esophageal Atresia)၊အူသိမ်လမ်းကြောင်းကျဉ်းပြီးပိတ်နေတာ(Duodenal atresia)

၇။သန္ဓေသားရဲ့ ဦးနှောက်နဲ့အာရုံကြောဖွံ့ဖြိုးမှုမှာချို့ယွင်းချက်ရှိနေတာ (neurological abnormalities such as anencephaly)

စတဲ့ အကြောင်းတွေကြောင့် ရေမွှာရည်များခြင်းကို ဖြစ်စေနိုင်ပါတယ်။

ရေမွှာရည်များခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့

ကလေးအနေအထားမမှန်တာ

အချင်းစောကွာတာ

ရေမွှာစောပေါက်တာ

လမစေ့ဘဲကလေးမွေးတာ

ကလေးမွေးပြီးမှချက်ကြိုးထွက်ရမှာကို ရေမွှာရည်များနေတာကြောင့် ကလေးမမွေးခင် သို့မဟုတ် ကလေးမွေးရင်းနဲ့ ချက်ကြိုးထွက်ကျပြီး ချက်ကြိုးက ညှပ်နေကာ ကလေးအောက်စီဂျင်ကောင်းကောင်းမရဘဲ အသက်သေဆုံးတာ

စသဖြင့် ဖြစ်နိုင်ပါတယ်။

ရေမွှာရည်များခြင်းဖြစ်ပါက အိုဂျီနဲ့ပြသပြီး ချိန်းတိုင်းမှန်မှန်သွားပြပြီး ကုသမှုခံယူဖို့လိုပါတယ်။ကုသမှုတွေအနေနဲ့ကတော့ ရေမွှာရည်များတဲ့ပမာဏပေါ်မူတည်ပြီး သိပ်မများရင် တအားမဆိုးရင်စောင့်ကြည့်တာ၊ရေမွှာရည်ပမာဏတအားများရင် ဆေးရုံတက်တာ တွေလုပ်ရနိုင်ပါတယ်။

အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ ကိုယ်ဝန်ဆောင်မေမေများအနေနဲ့ ရေမွှာရည်များလား နည်းလား ပုံမှန်လား သိနိုင်ရန်အတွက် အာထရာဆောင်းကို ကိုယ်ဝန်ရှိစဉ်မှာ ပထမသုံးလမှာတခါ ဒုတိယသုံးလမှာတခါ တတိယသုံးလမှာတခါ အနည်းဆုံး သုံးကြိမ်လောက်တော့ရိုက်သင့်ပါတယ်။

အာထရာဆောင်းဆိုတာဟာ ကလေးက မိန်းကလေးလား ယောက်ျားလေးလားသိဖို့ရာအတွက်ပဲ တကြိမ်ပဲ ရိုက်ရတာမဟုတ်ပါဘူး လို့ အကြံပေးချင်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ