(Zawgyi)
အမ်ိဳးသမီးအမ်ားစုမွာ မူမမွန္ရာသီဆင္းတာ ကြက္တိကြက္ၾကားေသြးဆင္းတာ ႀကဳံဖူးၾကပါတယ္။ဘာေၾကာင့္လဲလို႔လည္းondr မွာလည္းအၿမဲေမးၾကပါတယ္။ဘယ္အခါမ်ိဳးမွာ မူမမွန္ရာသီဆင္းတယ္လို႔သတ္မွတ္ပါသလဲဆိုတာ ပထမဦးဆုံးရွင္းျပပါမယ္။သင္သည္ ရာသီလာခ်ိန္မဟုတ္ဘဲ မေမွ်ာ္လင့္ပဲေသြးဆင္းခဲ့မယ္။ သင္ရဲ႕ရာသီေသြးဆင္းမူသည္ပုံမွန္ထက္နည္းမယ္ သို႔မဟုတ္ မ်ားမယ္။ အသက္ ၉ႏွစ္မတိုင္ခင္ ရာသီလာခဲ့လွ်င္၊ ကိုယ္ဝန္နဲ႔ေသြးဆင္းမယ္၊ သို႔မဟုတ္ ေသြးဆုံးၿပီးမွ ရာသီျပန္လာခဲ့မယ္ ။ ဒီအခ်က္ေတြနဲ႔ သတ္မွတ္ပါတယ္။ မူမမွန္ေသြးဆင္းရျခင္း အေၾကာင္းအရင္းမ်ားစြာရွိလို႔ အၿမဲတမ္းအေရးႀကီးပါတယ္လို႔ သတ္မွတ္လို႔ေတာ့ မရပါ။ ျဖစ္ရတဲ့အေၾကာင္းရင္းေတြကေတာ့
(၁)ေဟာ္မုန္းေျပာင္းလဲျခင္း
အီစတိုဂ်င္နဲ႔ပ႐ိုဂ်က္စတုန္းေဟာ္မုန္း အမ်ိဳးအစား၂ မ်ိဳးက ပုံမွန္ရာသီစက္ဝန္းကိုထိန္းညႇိပါတယ္။ ထိုေဟာ္မုန္းမညီမွ်ရင္ ကြက္တိကြက္ၾကား ရာသီေသြးဆင္းႏိုင္ပါတယ္။ မ်ိဳးဥအိမ္ျပသာနာရွိျခင္း၊ သိုင္း႐ြိဳက္ဂလင္းျပႆနာရွိျခင္း၊ တားေဆးစေသာက္ျခင္းႏွင့္ရပ္ျခင္း မ်ားေၾကာင့္ ေဟာ္မုန္းမ်ားေျပာင္းလဲမႈ ျဖစ္ႏိုင္ပါတယ္။ အခ်ိဳ႕အမ်ိဳးသမီးမ်ားတြင္ မ်ိဳးဥေႂကြခ်ိန္တြင္ ရာသီအနည္းငယ္ ဆင္းတတ္ပါတယ္။ ေဟာ္မုန္းပါေသာ မည္သည့္တားေဆးမဆို စသုံးသည့္ပထမသုံးလအတြင္း မူမမွန္ေသြးဆင္းႏိုင္ပါတယ္။ဥပမာ တစ္လေသာက္ေဆး၊ အေရးေပၚတားေဆး၊ သုံးလခံထိုးေဆး၊ သားအိမ္ထဲထည့္သည့္ ပစၥည္းႏွင့္ လက္ေမာင္းထဲထည့္ပ စၥည္းမ်ားေၾကာင့္ ျဖစ္ႏိုင္ပါတယ္။
(၂)ကိုယ္ဝန္ေဆာင္စဥ္ေသြးဆင္းျခင္း
ကိုယ္ဝန္ေဆာင္စဥ္ေသြးဆင္းခဲ့လွ်င္ ကိုယ္ဝန္ပ်က္က်ျခင္းႏွင့္ သားအိမ္ျပင္ပသေႏၶတည္ျခင္းတို႔ေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ကိုယ္ဝန္ေဆာင္စဥ္ အနည္းငယ္ေသြးဆင္းတိုင္းေတာ့ ပ်က္က်တယ္ ေျပာမရပါ။ ေသြးဆင္းခဲ့လွ်င္ေတာ့ နားလည္တတ္ကြၽမ္းတဲ့ဆရာနဲ႔ ခ်က္ခ်င္းျပသပါ။ ေမြးဖြားၿပီးေနာက္ ပထမရက္သတၱပတ္အတြင္း ေသြးဆင္းမ်ားခဲ့လွ်င္လည္း သားအိမ္ထဲတြင္ အခ်င္းအပိုင္းအစက်န္ျခင္းေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ အခ်ိဳ႕ဖ်က္ခ်သူမ်ားတြင္ သားအိမ္ထဲသေႏၶသား အပိုင္းအစက်န္ျခင္းေၾကာင့္ ေသြးဆင္းမ်ားႏိုင္ပါတယ္။
(၃)သားအိမ္ထဲအလုံးရွိျခင္း
သားအိမ္ထဲရွိကင္ဆာမဟုတ္ေသာအလုံးမ်ားေၾကာင့္လည္း မူမမွန္ေသြးဆင္းတတ္ပါတယ္။
(၄)ပိုးဝင္ျခင္း
ပုံမွန္ရာသီရက္မဟုတ္ဘဲ ေသြးဆင္းျခင္းသည္ မ်ိဳးပြားအဂၤါလမ္းေၾကာင္းအတြင္း ပိုးဝင္ျခင္းေၾကာင့္ျဖစ္ႏိုင္ပါတယ္။ လိင္ဆက္ဆံျခင္းေၾကာင့္ ကူးစက္တတ္ေသာ ေရာဂါပိုးမ်ားေၾကာင့္ ျဖစ္ႏိုင္ပါတယ္။
(၅)ကင္ဆာ
သားအိမ္ေခါင္းကင္ဆာ၊ သားအိမ္ကင္ဆာႏွင့္ သားဥအိမ္ကင္ဆာေရာဂါမ်ားေၾကာင့္ မူမမွန္ေသြးဆင္းမူျဖစ္ႏိုင္ပါတယ္။
(၆)ေဆးဝါးမ်ား
ေသြးက်ဲေဆးေသာက္သုံးသူမ်ားတြင္လည္း မူမမွန္ရာသီေသြးဆင္းျခင္းျဖစ္ႏိုင္ပါတယ္။
(၇)သားဥအိမ္ေရအိတ္တည္ျခင္း
သားဥအိမ္ေရအိတ္ေပါက္ခဲ့ေသာ္ မူမမွန္ေသြးဆင္းမူျဖစ္ႏိုင္ပါတယ္။ ေအာက္ပိုင္းကိုက္ခဲမယ္၊ ဖ်ားမယ္ ကြက္တိကြက္ၾကားေသြးဆင္းခဲ့မယ္ဆိုရင္ ကုသမႈ႕ အျမန္ခံယူပါ။
(၈)မိန္းမကိုယ္ေျခာက္ေသြ႕ျခင္း
အီစတိုဂ်င္ ေဟာ္မုန္းနည္းခဲ့လွ်င္ မိန္းမကိုယ္ေျခာက္ေသြ႕ျခင္း၊ မိန္းမကိုယ္ေသးငယ္သြားျခင္း တို႔ေၾကာင့္ ရာသီတစက္စက္ လာတတ္ပါတယ္။
(၉)တျခားျဖစ္ႏိုင္ေသာ အေၾကာင္းအရာမ်ားကေတာ့ မေတာ္တဆမိန္းမကိုယ္ထိခိုက္ျခင္း၊ စိတ္ဖိစီးမႈ႕မ်ားျခင္း၊ ဆီးခ်ိဳရွိျခင္း၊ သိုင္း႐ြိဳက္ေရာဂါမ်ားရွိျခင္းႏွင့္ အဝလြန္ျခင္းသို႔မဟုတ္ ပိန္ခ်ဳံးျခင္းစသည္တို႔ေၾကာင့္ျဖစ္ႏိုင္ပါတယ္။ အကယ္၍ အသက္၄၀ေက်ာ္အမ်ိဳးသမီးမ်ား ရာသီကေမာက္ကမလာခဲ့လွ်င္ ေသြးဆုံးမယ့္ အျခအေနမ်ိဳးျဖစ္ႏိုင္ပါတယ္။
သင္မွာ မူမမွန္ ရာသီေသြးဆင္းခဲ့မယ္ဆိုလွ်င္ နားလည္တတ္ကြၽမ္းသည့္ ဆရာဝန္ႏွင့္ျပသၿပီး အေၾကာင္းရင္းရွာၿပီး ကုသမႈ႕ခံယူပါ။ မူမမွန္ေသြးဆင္းသည့္အျပင္ ကိုက္ခဲမယ္၊ ဖ်ားမယ္၊ မူးမယ္ ျဖစ္ခဲ့လွ်င္ေတာ့ အျမန္ဆုံး ကုသမႈ ခံယူသင့္ပါတယ္။ မူမမွန္ေသြးဆင္းမႈ႕ကို ေပါ့ဆစြာကုသမႈ႕ မခံပါက အေၾကာင္းရင္သည္ ပိုးဝင္ျခင္း၊ ကင္ဆာျဖစ္ျခင္းႏွင့္ သားအိမ္ျပင္ပသေႏၶတည္ျခင္းျဖစ္ခဲ့လွ်င္ အသက္အႏၲရာယ္ထိခိုက္သည္အထိ ျဖစ္ႏိုင္ပါတယ္။
Author : Dr. ျပည့္ရွင္း
(Unicode)
အမျိုးသမီးအများစုမှာ မူမမှန်ရာသီဆင်းတာ ကွက်တိကွက်ကြားသွေးဆင်းတာ ကြုံဖူးကြပါတယ်။ဘာကြောင့်လဲလို့လည်းondr မှာလည်းအမြဲမေးကြပါတယ်။ဘယ်အခါမျိုးမှာ မူမမှန်ရာသီဆင်းတယ်လို့သတ်မှတ်ပါသလဲဆိုတာ ပထမဦးဆုံးရှင်းပြပါမယ်။သင်သည် ရာသီလာချိန်မဟုတ်ဘဲ မမျှော်လင့်ပဲသွေးဆင်းခဲ့မယ်။ သင်ရဲ့ရာသီသွေးဆင်းမူသည်ပုံမှန်ထက်နည်းမယ် သို့မဟုတ် များမယ်။ အသက် ၉နှစ်မတိုင်ခင် ရာသီလာခဲ့လျှင်၊ ကိုယ်ဝန်နဲ့သွေးဆင်းမယ်၊ သို့မဟုတ် သွေးဆုံးပြီးမှ ရာသီပြန်လာခဲ့မယ် ။ ဒီအချက်တွေနဲ့ သတ်မှတ်ပါတယ်။ မူမမှန်သွေးဆင်းရခြင်း အကြောင်းအရင်းများစွာရှိလို့ အမြဲတမ်းအရေးကြီးပါတယ်လို့ သတ်မှတ်လို့တော့ မရပါ။ ဖြစ်ရတဲ့အကြောင်းရင်းတွေကတော့
(၁)ဟော်မုန်းပြောင်းလဲခြင်း
အီစတိုဂျင်နဲ့ပရိုဂျက်စတုန်းဟော်မုန်း အမျိုးအစား၂ မျိုးက ပုံမှန်ရာသီစက်ဝန်းကိုထိန်းညှိပါတယ်။ ထိုဟော်မုန်းမညီမျှရင် ကွက်တိကွက်ကြား ရာသီသွေးဆင်းနိုင်ပါတယ်။ မျိုးဥအိမ်ပြသာနာရှိခြင်း၊ သိုင်းရွိုက်ဂလင်းပြဿနာရှိခြင်း၊ တားဆေးစသောက်ခြင်းနှင့်ရပ်ခြင်း များကြောင့် ဟော်မုန်းများပြောင်းလဲမှု ဖြစ်နိုင်ပါတယ်။ အချို့အမျိုးသမီးများတွင် မျိုးဥကြွေချိန်တွင် ရာသီအနည်းငယ် ဆင်းတတ်ပါတယ်။ ဟော်မုန်းပါသော မည်သည့်တားဆေးမဆို စသုံးသည့်ပထမသုံးလအတွင်း မူမမှန်သွေးဆင်းနိုင်ပါတယ်။ဥပမာ တစ်လသောက်ဆေး၊ အရေးပေါ်တားဆေး၊ သုံးလခံထိုးဆေး၊ သားအိမ်ထဲထည့်သည့် ပစ္စည်းနှင့် လက်မောင်းထဲထည့်ပ စ္စည်းများကြောင့် ဖြစ်နိုင်ပါတယ်။
(၂)ကိုယ်ဝန်ဆောင်စဉ်သွေးဆင်းခြင်း
ကိုယ်ဝန်ဆောင်စဉ်သွေးဆင်းခဲ့လျှင် ကိုယ်ဝန်ပျက်ကျခြင်းနှင့် သားအိမ်ပြင်ပသန္ဓေတည်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် အနည်းငယ်သွေးဆင်းတိုင်းတော့ ပျက်ကျတယ် ပြောမရပါ။ သွေးဆင်းခဲ့လျှင်တော့ နားလည်တတ်ကျွမ်းတဲ့ဆရာနဲ့ ချက်ချင်းပြသပါ။ မွေးဖွားပြီးနောက် ပထမရက်သတ္တပတ်အတွင်း သွေးဆင်းများခဲ့လျှင်လည်း သားအိမ်ထဲတွင် အချင်းအပိုင်းအစကျန်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အချို့ဖျက်ချသူများတွင် သားအိမ်ထဲသန္ဓေသား အပိုင်းအစကျန်ခြင်းကြောင့် သွေးဆင်းများနိုင်ပါတယ်။
(၃)သားအိမ်ထဲအလုံးရှိခြင်း
သားအိမ်ထဲရှိကင်ဆာမဟုတ်သောအလုံးများကြောင့်လည်း မူမမှန်သွေးဆင်းတတ်ပါတယ်။
(၄)ပိုးဝင်ခြင်း
ပုံမှန်ရာသီရက်မဟုတ်ဘဲ သွေးဆင်းခြင်းသည် မျိုးပွားအင်္ဂါလမ်းကြောင်းအတွင်း ပိုးဝင်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ လိင်ဆက်ဆံခြင်းကြောင့် ကူးစက်တတ်သော ရောဂါပိုးများကြောင့် ဖြစ်နိုင်ပါတယ်။
(၅)ကင်ဆာ
သားအိမ်ခေါင်းကင်ဆာ၊ သားအိမ်ကင်ဆာနှင့် သားဥအိမ်ကင်ဆာရောဂါများကြောင့် မူမမှန်သွေးဆင်းမူဖြစ်နိုင်ပါတယ်။
(၆)ဆေးဝါးများ
သွေးကျဲဆေးသောက်သုံးသူများတွင်လည်း မူမမှန်ရာသီသွေးဆင်းခြင်းဖြစ်နိုင်ပါတယ်။
(၇)သားဥအိမ်ရေအိတ်တည်ခြင်း
သားဥအိမ်ရေအိတ်ပေါက်ခဲ့သော် မူမမှန်သွေးဆင်းမူဖြစ်နိုင်ပါတယ်။ အောက်ပိုင်းကိုက်ခဲမယ်၊ ဖျားမယ် ကွက်တိကွက်ကြားသွေးဆင်းခဲ့မယ်ဆိုရင် ကုသမှု့ အမြန်ခံယူပါ။
(၈)မိန်းမကိုယ်ခြောက်သွေ့ခြင်း
အီစတိုဂျင် ဟော်မုန်းနည်းခဲ့လျှင် မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ မိန်းမကိုယ်သေးငယ်သွားခြင်း တို့ကြောင့် ရာသီတစက်စက် လာတတ်ပါတယ်။
(၉)တခြားဖြစ်နိုင်သော အကြောင်းအရာများကတော့ မတော်တဆမိန်းမကိုယ်ထိခိုက်ခြင်း၊ စိတ်ဖိစီးမှု့များခြင်း၊ ဆီးချိုရှိခြင်း၊ သိုင်းရွိုက်ရောဂါများရှိခြင်းနှင့် အဝလွန်ခြင်းသို့မဟုတ် ပိန်ချုံးခြင်းစသည်တို့ကြောင့်ဖြစ်နိုင်ပါတယ်။ အကယ်၍ အသက်၄၀ကျော်အမျိုးသမီးများ ရာသီကမောက်ကမလာခဲ့လျှင် သွေးဆုံးမယ့် အခြအနေမျိုးဖြစ်နိုင်ပါတယ်။
သင်မှာ မူမမှန် ရာသီသွေးဆင်းခဲ့မယ်ဆိုလျှင် နားလည်တတ်ကျွမ်းသည့် ဆရာဝန်နှင့်ပြသပြီး အကြောင်းရင်းရှာပြီး ကုသမှု့ခံယူပါ။ မူမမှန်သွေးဆင်းသည့်အပြင် ကိုက်ခဲမယ်၊ ဖျားမယ်၊ မူးမယ် ဖြစ်ခဲ့လျှင်တော့ အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။ မူမမှန်သွေးဆင်းမှု့ကို ပေါ့ဆစွာကုသမှု့ မခံပါက အကြောင်းရင်သည် ပိုးဝင်ခြင်း၊ ကင်ဆာဖြစ်ခြင်းနှင့် သားအိမ်ပြင်ပသန္ဓေတည်ခြင်းဖြစ်ခဲ့လျှင် အသက်အန္တရာယ်ထိခိုက်သည်အထိ ဖြစ်နိုင်ပါတယ်။
Author : Dr. ပြည့်ရှင်း