(Zawgyi)
ဘဦးတစ္ေယာက္ နီလာကို လုံးဝမေက်နပ္ေပ။ ေတာ္ေတာ္ကို ႀကီးက်ယ္တဲ့ မိန္းမဟုေတြးေနမိသည္။ သားေလးကိုေမြးထားတဲ့ မီးေနသည္ မိန္းမတစ္ေယာက္ျဖစ္ေနလို႔သာ အက်ယ္အက်ယ္ စကားမမ်ားျခင္းျဖစ္သည္။ စိတ္ထဲကေတာ့ ဒီမိန္းမကိုေတာ္ေတာ္ကိုစိတ္ကုန္မိသည္။နီလာႏွင့္ ဘဦးတို႔ကတစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္လြန္းလို႔ယူခဲ့ၾကတာပါ။ တစ္ေယာက္နဲ႔တစ္ေယာက္စိတ္တူကိုယ္တူ၊ အေတြးတူအျမင္တူရွိလွသည္ဟုဘဦးထင္ခဲ့သည္။
ခ်စ္သူသက္တမ္းတေလွ်ာက္လုံးသာမက အိမ္ေထာက္က်ၿပီးတဲ့အထိ စကားမ်ားရန္ျဖစ္ၾကတာသိပ္မရွိလွေပ။ တစ္ေယာက္ကအေလ်ာ့ေပးလိုက္။ တစ္ေယာက္ကသည္းခံလိုက္ႏွင့္ပဲ အိမ္ေထာင္ေရးကသာယာေနခဲ့သည္။သားေလးကိုယ္ဝန္ေဆာင္ေနစဥ္ ကာလပတ္လုံးလည္းဘဦးတစ္ေယာက္ နီလာကိုဂ႐ုတစိုက္ ျပဳစုခဲ့သည္။ သားဦး ကိုယ္ဝန္မို႔ လင္မယားႏွစ္ေယာက္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ႏွင့္ အနာဂတ္အတြက္ စိတ္ကူးယဥ္ခဲ့ၾကေသးသည္။ ကိုယ္ဝန္ေဆာင္ေနစဥ္ အထိနီလာတစ္ေယာက္ အေကာင္းပကတိ။
ကေလးေမြးဖြားၿပီးမွ ဒီဇာတ္လမ္းကစတင္ျခင္းျဖစ္သည္။ သားဦးေလးေမြးၿပီးေဆး႐ုံကဆင္းကာနီး သူနာျပဳဆရာမမွနီလာအားမွာလိုက္သည္။ ဒီဇာတ္လမ္းေတြကအားလုံးကဒီဆရာမေၾကာင့္ စတင္ခဲ့ျခင္းပင္ျဖစ္သည္။“ကေလးဆိုတာအရမ္းႏုနယ္တယ္။ အျပင္လူေတြ လာၾကည့္ရင္ ေရာဂါပိုးေတြ ကူးတတ္တယ္။ ျဖစ္ႏိုင္ရင္ကေလးကိုလူေတြအမ်ားႀကီးနဲ႔ေပးမေတြ႕နဲ႔။ ဧည့္သည္ေတြကအျပင္ကေနလာၾကည့္ၾကတယ္။ သူတို႔ရဲ႕အဝတ္အစားေတြမွာ လက္ေတြမွာေရာဂါပိုးေတြကပ္ေနရင္ ကေလးကိုကူးမယ္။”
ဆရာမစကားကိုနီလာကအျပည့္အ၀ နားေထာင္သည္။ အိမ္ျပန္ေရာက္ကတည္းကကေလးကိုဘယ္သူနဲ႔မွ ေပးမေတြ႕ေပ။ ကေလးလာၾကည့္ၾကေသာဧည့္သည္မ်ားကိုလည္း နီလာတစ္ေယာက္သာထြက္ဧည့္ခံ၍ ကေလးအားမည္သူ႔ကိုမွ် မျပေပ။ အဆိုးဆုံးကဘဦး၏ မိဘမ်ားအားကေလးႏွင့္ လုံးဝေပးမေတြ႕ျခင္းပင္။ ဘဦးအေဖကတီဘီေရာဂါျဖစ္ေန၍ တီဘီေဆးေသာက္ေနေသာလူနာျဖစ္ေနေသာေၾကာင့္ ကေလးႏွင့္ေပးမေတြ႕တာဟုနီလာမွ အေၾကာင္းျပသည္။ နီလာကိုယ္တိုင္ပင္ ဘဦးမိဘမ်ားအားထြက္မေတြ႕ပဲအခန္းေအာင္းေနသည္။ ဘဦးအေဖႏွင့္ အေမလည္းသူတို႔၏ ေျမးဦးေလးကိုေတြ႕ခ်င္ရွာမည္။ ေခြၽးမလုပ္သူမွ အေဖ့ေရာဂါ အရွင္းေပ်ာက္သြားလွ်င္ သမီးကိုယ္တိုင္ ကေလးႏွင့္အတူအေဖႏွင့္ အေမဆီကိုလာခဲ့ပါမယ္လို႔ ေတာင္းပန္ေနသည္။
မ်က္ရည္စက္လက္ႏွင့္ ျပန္သြားက်ေသာမိဘႏွစ္ပါးကို ၾကည့္၍ ဘဦးတစ္ေယာက္ ေဒါသေတြထြက္ရသည္။ ဒီမိန္းမ ငါ့မိဘကိုမေထမဲ့ျမင္လုပ္တာလို႔ လည္းယူဆသည္။ သားအခ်စ္ေျမးအႏွစ္ဆိုတဲ့ စကားအတိုင္းအေဖႏွင့္ အေမသည္ သူတို႔၏ ေျမးဦးေလးကိုခ်စ္ရွာေပမည္။ ေတြ႕ခ်င္ရွာေပမည္။
ဘဦးတစ္ေယာက္ နီလာႏွင့္စကားမမ်ားခ်င္၍ လက္ဖက္ရည္ဆိုင္သို႔ ထြက္လာခဲ့သည္။ လက္ဖက္ရည္ဆိုင္မွာသူငယ္ခ်င္းဆရာဝန္တစ္ေယာက္ႏွင့္ ေတြ႕သည္။
“ေဟ့ေကာင္ ဘဦး. ဒီမွာလာထိုင္ေလ။ ငါလည္းတစ္ေယာက္တည္းပဲ”
ဘဦးေက်ာ္ေက်ာ့္စားပြဲမွာဝင္ထိုင္သည္။ မ်က္ႏွာသုန္သုန္မႈန္မႈန္ ျဖစ္ေနေသာဘဦးအားေက်ာ္ေက်ာ္က
“မိန္းမနဲ႔ရန္ျဖစ္လာတာလား ငါ့လူရယ္”
ဘဦးတစ္ေယာက္ ေဒါသထြက္ထြက္နဲ႔
“နီလာနဲ႔ရန္ျဖစ္လာတာမဟုတ္ဘူး။ စိတ္တိုလာတာ။ နီလာကိုစိတ္တိုလာတာ”
“ဘာျဖစ္လို႔စိတ္တိုရတာလဲ။ ရွင္းစမ္းပါဦး”
“နီလာကေလးေမြးထားတာမင္းလည္းသိတာပဲေလ။ ေဆး႐ုံကဆင္းကာနီးဆရာမကမွာလိုက္တယ္။
ကေလးကိုဧည့္သည္ေတြအမ်ားႀကီးနဲ႔ေပးမေတြ႕နဲ႔ ေရာဂါပိုးေတြကူးတတ္တယ္လို႔ေျပာလိုက္တယ္။ အဲဒါ သူကကေလးကိုအိပ္ခန္းထဲမွာထည့္ထားၿပီးကေလးလာၾကည့္တဲ့ ဧည့္သည္မွန္သမွ်နဲ႔ ကေလးကို လုံးဝေပးမေတြ႕ဘူး။ သူပဲထြက္ေတြ႕တယ္”
“ဒါကေတာ့ နီလာ တယူသန္ျဖစ္သြားတာပါ။ ကေလးငယ္ငယ္ေလးကိုဧည့္သည္ေတြ အမ်ားႀကီးနဲ႔ေပးမေတြ႕ရဘူးဆိုတာကေတာ့မွန္တယ္။ တခ်ိဳးဧည့္သည္ေတြကကေလးကိုခ်ီတဲ့သူကခ်ီ၊ နမ္းတဲ့သူကနမ္းနဲ႔လုပ္တတ္တယ္။ ဒီလိုအခ်ိန္မ်ိဳးမွာကေလးကိုေရာဂါပိုးေတြကူးတတ္တယ္။ ဧည့္သည္ေတြကိုကေလးေပးမခ်ီရဘူး။ မနမ္းခိုင္းရဘူး။ အိပ္ေနတဲ့ကေလးကိုခပ္လွမ္းလွမ္းကေန ၾကည့္တာမ်ိဳးေလာက္ေတာ့ လုပ္လို႔ရပါတယ္။”
“အခုဟာကကေလးကိုဘယ္သူနဲ႔မွ ေပးမေတြ႕တာကိုယ့္လူေရ”
“အေမဆိုေတာ့လည္းကိုယ့္သားသမီးကိုခ်စ္လြန္းလို႔ျဖစ္တာပါ။ မင္းခြင့္လြတ္လိုက္ပါ။”
ေက်ာ္ေက်ာ္တစ္ေယာက္ ဘဦးအားေဖ်ာင္းဖ်ေနရသည္။
“အဆိုးဆုံးက ငါ့အေဖနဲ႔အေမကကေလးကိုလာၾကည့္တယ္။ အေဖကတီဘီေရာဂါရွိလို႔တီဘီေဆးေသာက္ေနရတယ္။ အဲဒါေၾကာင့္ ကေလးကိုတီဘီေရာဂါကူးမွာစိုးလို႔ ေပးမေတြ႕တဲ့အျပင္ သူကိုယ္တိုင္ေတာင္ အခန္းထဲကေန ငါ့မိဘေတြကိုထြက္မေတြ႕ဘူး။ အေဖနဲ႔ အေမကို ျပန္ၾကပါလို႔ပဲအခန္းထဲကေနေျပာေနတယ္။ အေဖနဲ႔အေမဆိုတာမ်က္ရည္စက္လက္နဲ႔ ျပန္သြားၾကတယ္။ ငါ့တသက္ အေဖနဲ႔အေမ ငါ့ေၾကာင့္မ်က္ရည္က်ရတာဒီတစ္ႀကိမ္ ပထမဆုံးအႀကိမ္ပဲကြာ။ ငါ နီလာကိုအရမ္းေဒါသထြက္တယ္။ ငါေဒါသထြက္ေနမွန္းသိေတာ့ အခန္းထဲကထြက္မလာဘူးေလ။ ညဖက္သူအိပ္ေနတုန္းကေလးေခၚၿပီးအေဖနဲ႔ အေမကိုသြားျပရင္ ေကာင္းမလားလို႔ စဥ္းစားေနတယ္။ မင္းကူညီမလား။”
ဘဦးတစ္ေယာက္ ေဒါသထြက္ထြက္ႏွင့္ ေျပာခ်င္ရာကိုငယ္သူငယ္ခ်င္းအားစြတ္ေျပာခ်လိုက္ေတာ့သည္။
ေက်ာ္ေက်ာ္မွ ျပာျပာသလဲႏွင့္
“အဲဒါေတာ့ မင္းမွားသြားၿပီ။ နီလာလုပ္ရပ္ကမွန္တယ္လို႔ေျပာလို႔ရတယ္။”
“ ဘာ………နီလာလုပ္ရပ္ကမွန္တယ္။ ဟုတ္လား။”
ဘဦးတစ္ေယာက္ နားမလည္ေပ။
“တီဘီေဆးေသာက္ေနတဲ့ လူတစ္ေယာက္ကိုနီလာကမင္းကေလးနဲ႔ ေပးမေတြ႕ဘူး။
သူကိုယ္တိုင္းလည္းထြက္မေတြ႕ဘူး။ တီဘီေရာဂါပိုးဟာမင္းကေလးကိုကူးႏိုင္တယ္ေလ။ စကားေျပာရင္းေခ်ာင္းဆိုးရင္းနဲ႔ နီလာကိုလည္းကူးသြားႏိုင္တယ္။ နီလာကိုကူးရင္နီးနီးကပ္ကပ္ ေနေနရတဲ့ မင္းကေလးကိုလည္းေရာဂါကူးႏိုင္တယ္”
ဘဦးတစ္ေယာက္ သူငယ္ခ်င္းအားမ်က္လုံးျပဳုးၿပီး ၾကည့္ေနမိသည္။
“ငါကေတာ့ နီလာမွန္တယ္လို႔ေျပာရမွာပဲေလ။ မင္းအေဖကတီဘီေဆးေသာက္ေနတဲ့ လူနာတစ္ေယာက္။ မင္းအေမကလည္းအခုမွ သလိပ္စစ္ထားတုန္းဆိုေတာ့ တီဘီပိုးရွိမရွိဆိုတာမေျပာႏိုင္ေသးဘူး။ နီလာကစိုးရိမ္မွာေပါ့။ ကေလးကိုကူးႏိုင္တယ္ေလ။ ေရာဂါေတြ အရွင္းေပ်ာက္သြားမွပဲကေလးနဲ႔မင္းမိဘကိုေပးေတြ႕လိုက္ပါ။ အခုေတာ့ ဓာတ္ပုံေလးေတြ႐ိုက္ၿပီးပဲ ပို႔ေပးလိုက္ေပါ့။ Video ေတြလည္း႐ိုက္လို႔ရေနၿပီေလ။ Video ေလးေတြလည္း ျပေပါ့ကြာ။”
ဘဦးတစ္ေယာက္ ဆရာဝန္ငယ္သူငယ္ခ်င္းရွင္းမွပဲစိတ္ရွင္းသြားေတာ့သည္။
“ေက်းဇူးတင္ပါတယ္ သူငယ္ခ်င္းရာ။ နီလာကိုသြားျပန္ေခ်ာ့လိုက္ဦးမယ္”
ဘဦးတစ္ေယာက္ သူငယ္ခ်င္းျဖစ္သူအားေက်းဇူးတင္စကားေျပာ၍ နီလာႀကိဳက္ေသာ နံျပားေထာပတ္သုတ္ ေလးဝယ္၍ အိမ္သို႔ျပန္လာခဲ့ေတာ့သည္။
AUTHOR – Dr. ေအးခ်မ္းမိုး
(Unicode)
ဘဦးတစ်ယောက် နီလာကို လုံးဝမကျေနပ်ပေ။ တော်တော်ကို ကြီးကျယ်တဲ့ မိန်းမဟုတွေးနေမိသည်။ သားလေးကိုမွေးထားတဲ့ မီးနေသည် မိန်းမတစ်ယောက်ဖြစ်နေလို့သာ အကျယ်အကျယ် စကားမများခြင်းဖြစ်သည်။ စိတ်ထဲကတော့ ဒီမိန်းမကိုတော်တော်ကိုစိတ်ကုန်မိသည်။နီလာနှင့် ဘဦးတို့ကတစ်ယောက်နဲ့တစ်ယောက် ချစ်လွန်းလို့ယူခဲ့ကြတာပါ။ တစ်ယောက်နဲ့တစ်ယောက်စိတ်တူကိုယ်တူ၊ အတွေးတူအမြင်တူရှိလှသည်ဟုဘဦးထင်ခဲ့သည်။
ချစ်သူသက်တမ်းတလျှောက်လုံးသာမက အိမ်ထောက်ကျပြီးတဲ့အထိ စကားများရန်ဖြစ်ကြတာသိပ်မရှိလှပေ။ တစ်ယောက်ကအလျော့ပေးလိုက်။ တစ်ယောက်ကသည်းခံလိုက်နှင့်ပဲ အိမ်ထောင်ရေးကသာယာနေခဲ့သည်။သားလေးကိုယ်ဝန်ဆောင်နေစဉ် ကာလပတ်လုံးလည်းဘဦးတစ်ယောက် နီလာကိုဂရုတစိုက် ပြုစုခဲ့သည်။ သားဦး ကိုယ်ဝန်မို့ လင်မယားနှစ်ယောက် ပျော်ပျော်ရွှင်ရွှင်နှင့် အနာဂတ်အတွက် စိတ်ကူးယဉ်ခဲ့ကြသေးသည်။ ကိုယ်ဝန်ဆောင်နေစဉ် အထိနီလာတစ်ယောက် အကောင်းပကတိ။
ကလေးမွေးဖွားပြီးမှ ဒီဇာတ်လမ်းကစတင်ခြင်းဖြစ်သည်။ သားဦးလေးမွေးပြီးဆေးရုံကဆင်းကာနီး သူနာပြုဆရာမမှနီလာအားမှာလိုက်သည်။ ဒီဇာတ်လမ်းတွေကအားလုံးကဒီဆရာမကြောင့် စတင်ခဲ့ခြင်းပင်ဖြစ်သည်။“ကလေးဆိုတာအရမ်းနုနယ်တယ်။ အပြင်လူတွေ လာကြည့်ရင် ရောဂါပိုးတွေ ကူးတတ်တယ်။ ဖြစ်နိုင်ရင်ကလေးကိုလူတွေအများကြီးနဲ့ပေးမတွေ့နဲ့။ ဧည့်သည်တွေကအပြင်ကနေလာကြည့်ကြတယ်။ သူတို့ရဲ့အဝတ်အစားတွေမှာ လက်တွေမှာရောဂါပိုးတွေကပ်နေရင် ကလေးကိုကူးမယ်။”
ဆရာမစကားကိုနီလာကအပြည့်အ၀ နားထောင်သည်။ အိမ်ပြန်ရောက်ကတည်းကကလေးကိုဘယ်သူနဲ့မှ ပေးမတွေ့ပေ။ ကလေးလာကြည့်ကြသောဧည့်သည်များကိုလည်း နီလာတစ်ယောက်သာထွက်ဧည့်ခံ၍ ကလေးအားမည်သူ့ကိုမျှ မပြပေ။ အဆိုးဆုံးကဘဦး၏ မိဘများအားကလေးနှင့် လုံးဝပေးမတွေ့ခြင်းပင်။ ဘဦးအဖေကတီဘီရောဂါဖြစ်နေ၍ တီဘီဆေးသောက်နေသောလူနာဖြစ်နေသောကြောင့် ကလေးနှင့်ပေးမတွေ့တာဟုနီလာမှ အကြောင်းပြသည်။ နီလာကိုယ်တိုင်ပင် ဘဦးမိဘများအားထွက်မတွေ့ပဲအခန်းအောင်းနေသည်။ ဘဦးအဖေနှင့် အမေလည်းသူတို့၏ မြေးဦးလေးကိုတွေ့ချင်ရှာမည်။ ချွေးမလုပ်သူမှ အဖေ့ရောဂါ အရှင်းပျောက်သွားလျှင် သမီးကိုယ်တိုင် ကလေးနှင့်အတူအဖေနှင့် အမေဆီကိုလာခဲ့ပါမယ်လို့ တောင်းပန်နေသည်။
မျက်ရည်စက်လက်နှင့် ပြန်သွားကျသောမိဘနှစ်ပါးကို ကြည့်၍ ဘဦးတစ်ယောက် ဒေါသတွေထွက်ရသည်။ ဒီမိန်းမ ငါ့မိဘကိုမထေမဲ့မြင်လုပ်တာလို့ လည်းယူဆသည်။ သားအချစ်မြေးအနှစ်ဆိုတဲ့ စကားအတိုင်းအဖေနှင့် အမေသည် သူတို့၏ မြေးဦးလေးကိုချစ်ရှာပေမည်။ တွေ့ချင်ရှာပေမည်။
ဘဦးတစ်ယောက် နီလာနှင့်စကားမများချင်၍ လက်ဖက်ရည်ဆိုင်သို့ ထွက်လာခဲ့သည်။ လက်ဖက်ရည်ဆိုင်မှာသူငယ်ချင်းဆရာဝန်တစ်ယောက်နှင့် တွေ့သည်။
“ဟေ့ကောင် ဘဦး. ဒီမှာလာထိုင်လေ။ ငါလည်းတစ်ယောက်တည်းပဲ”
ဘဦးကျော်ကျော့်စားပွဲမှာဝင်ထိုင်သည်။ မျက်နှာသုန်သုန်မှုန်မှုန် ဖြစ်နေသောဘဦးအားကျော်ကျော်က
“မိန်းမနဲ့ရန်ဖြစ်လာတာလား ငါ့လူရယ်”
ဘဦးတစ်ယောက် ဒေါသထွက်ထွက်နဲ့
“နီလာနဲ့ရန်ဖြစ်လာတာမဟုတ်ဘူး။ စိတ်တိုလာတာ။ နီလာကိုစိတ်တိုလာတာ”
“ဘာဖြစ်လို့စိတ်တိုရတာလဲ။ ရှင်းစမ်းပါဦး”
“နီလာကလေးမွေးထားတာမင်းလည်းသိတာပဲလေ။ ဆေးရုံကဆင်းကာနီးဆရာမကမှာလိုက်တယ်။
ကလေးကိုဧည့်သည်တွေအများကြီးနဲ့ပေးမတွေ့နဲ့ ရောဂါပိုးတွေကူးတတ်တယ်လို့ပြောလိုက်တယ်။ အဲဒါ သူကကလေးကိုအိပ်ခန်းထဲမှာထည့်ထားပြီးကလေးလာကြည့်တဲ့ ဧည့်သည်မှန်သမျှနဲ့ ကလေးကို လုံးဝပေးမတွေ့ဘူး။ သူပဲထွက်တွေ့တယ်”
“ဒါကတော့ နီလာ တယူသန်ဖြစ်သွားတာပါ။ ကလေးငယ်ငယ်လေးကိုဧည့်သည်တွေ အများကြီးနဲ့ပေးမတွေ့ရဘူးဆိုတာကတော့မှန်တယ်။ တချိုးဧည့်သည်တွေကကလေးကိုချီတဲ့သူကချီ၊ နမ်းတဲ့သူကနမ်းနဲ့လုပ်တတ်တယ်။ ဒီလိုအချိန်မျိုးမှာကလေးကိုရောဂါပိုးတွေကူးတတ်တယ်။ ဧည့်သည်တွေကိုကလေးပေးမချီရဘူး။ မနမ်းခိုင်းရဘူး။ အိပ်နေတဲ့ကလေးကိုခပ်လှမ်းလှမ်းကနေ ကြည့်တာမျိုးလောက်တော့ လုပ်လို့ရပါတယ်။”
“အခုဟာကကလေးကိုဘယ်သူနဲ့မှ ပေးမတွေ့တာကိုယ့်လူရေ”
“အမေဆိုတော့လည်းကိုယ့်သားသမီးကိုချစ်လွန်းလို့ဖြစ်တာပါ။ မင်းခွင့်လွတ်လိုက်ပါ။”
ကျော်ကျော်တစ်ယောက် ဘဦးအားဖျောင်းဖျနေရသည်။
“အဆိုးဆုံးက ငါ့အဖေနဲ့အမေကကလေးကိုလာကြည့်တယ်။ အဖေကတီဘီရောဂါရှိလို့တီဘီဆေးသောက်နေရတယ်။ အဲဒါကြောင့် ကလေးကိုတီဘီရောဂါကူးမှာစိုးလို့ ပေးမတွေ့တဲ့အပြင် သူကိုယ်တိုင်တောင် အခန်းထဲကနေ ငါ့မိဘတွေကိုထွက်မတွေ့ဘူး။ အဖေနဲ့ အမေကို ပြန်ကြပါလို့ပဲအခန်းထဲကနေပြောနေတယ်။ အဖေနဲ့အမေဆိုတာမျက်ရည်စက်လက်နဲ့ ပြန်သွားကြတယ်။ ငါ့တသက် အဖေနဲ့အမေ ငါ့ကြောင့်မျက်ရည်ကျရတာဒီတစ်ကြိမ် ပထမဆုံးအကြိမ်ပဲကွာ။ ငါ နီလာကိုအရမ်းဒေါသထွက်တယ်။ ငါဒေါသထွက်နေမှန်းသိတော့ အခန်းထဲကထွက်မလာဘူးလေ။ ညဖက်သူအိပ်နေတုန်းကလေးခေါ်ပြီးအဖေနဲ့ အမေကိုသွားပြရင် ကောင်းမလားလို့ စဉ်းစားနေတယ်။ မင်းကူညီမလား။”
ဘဦးတစ်ယောက် ဒေါသထွက်ထွက်နှင့် ပြောချင်ရာကိုငယ်သူငယ်ချင်းအားစွတ်ပြောချလိုက်တော့သည်။
ကျော်ကျော်မှ ပြာပြာသလဲနှင့်
“အဲဒါတော့ မင်းမှားသွားပြီ။ နီလာလုပ်ရပ်ကမှန်တယ်လို့ပြောလို့ရတယ်။”
“ ဘာ………နီလာလုပ်ရပ်ကမှန်တယ်။ ဟုတ်လား။”
ဘဦးတစ်ယောက် နားမလည်ပေ။
“တီဘီဆေးသောက်နေတဲ့ လူတစ်ယောက်ကိုနီလာကမင်းကလေးနဲ့ ပေးမတွေ့ဘူး။
သူကိုယ်တိုင်းလည်းထွက်မတွေ့ဘူး။ တီဘီရောဂါပိုးဟာမင်းကလေးကိုကူးနိုင်တယ်လေ။ စကားပြောရင်းချောင်းဆိုးရင်းနဲ့ နီလာကိုလည်းကူးသွားနိုင်တယ်။ နီလာကိုကူးရင်နီးနီးကပ်ကပ် နေနေရတဲ့ မင်းကလေးကိုလည်းရောဂါကူးနိုင်တယ်”
ဘဦးတစ်ယောက် သူငယ်ချင်းအားမျက်လုံးပြုုးပြီး ကြည့်နေမိသည်။
“ငါကတော့ နီလာမှန်တယ်လို့ပြောရမှာပဲလေ။ မင်းအဖေကတီဘီဆေးသောက်နေတဲ့ လူနာတစ်ယောက်။ မင်းအမေကလည်းအခုမှ သလိပ်စစ်ထားတုန်းဆိုတော့ တီဘီပိုးရှိမရှိဆိုတာမပြောနိုင်သေးဘူး။ နီလာကစိုးရိမ်မှာပေါ့။ ကလေးကိုကူးနိုင်တယ်လေ။ ရောဂါတွေ အရှင်းပျောက်သွားမှပဲကလေးနဲ့မင်းမိဘကိုပေးတွေ့လိုက်ပါ။ အခုတော့ ဓာတ်ပုံလေးတွေရိုက်ပြီးပဲ ပို့ပေးလိုက်ပေါ့။ Video တွေလည်းရိုက်လို့ရနေပြီလေ။ Video လေးတွေလည်း ပြပေါ့ကွာ။”
ဘဦးတစ်ယောက် ဆရာဝန်ငယ်သူငယ်ချင်းရှင်းမှပဲစိတ်ရှင်းသွားတော့သည်။
“ကျေးဇူးတင်ပါတယ် သူငယ်ချင်းရာ။ နီလာကိုသွားပြန်ချော့လိုက်ဦးမယ်”
ဘဦးတစ်ယောက် သူငယ်ချင်းဖြစ်သူအားကျေးဇူးတင်စကားပြော၍ နီလာကြိုက်သော နံပြားထောပတ်သုတ် လေးဝယ်၍ အိမ်သို့ပြန်လာခဲ့တော့သည်။
AUTHOR – Dr. အေးချမ်းမိုး