အမျိုးသမီးတိုင်းသိထားသင့်တဲ့ လိင်ဟော်မုန်းအကြောင်း

အမျိုးသမီးတိုင်းသိထားသင့်တဲ့ လိင်ဟော်မုန်းအကြောင်း

အမျိုးသမီးများအတွက် လိင် ဟော်မုန်းများသည် အထူးအရေးကြီးပါတယ်။အပျိုဝင်ချိန်မှစရျ် သွေးဆုံးချိန်ထိ တောက်လျောက် ပုံမှန်ကျန်းမာရေးတစ်ခုလုံးအတွက်အရေးကြီးပါတယ်။လိင်ဟော်မုန်းမျာသည် အချိန်နှင့်အမျှပြောင်းလဲတတ်ပါတယ်။

အရွယ်ရောက်ချိန်။ကိုယ်ဝန်ဆောင်ချိန်။သွေးဆုံးချိန်စသည်ဖြင့် ကွာခြားနိုင်ပါတယ်။      ဟော်မုန်းဆိုသည်မှာအစာစားချိန်စိတ်။အိပ်ခြင်းနှင့် ကိုယ်ကြီးထွားရန်စသညိဖြင့်ကူညီမူပေးပါတယ်။လိင် ဟော်မုန်းများသည် လိင်အင်္ဂါဖွံ့ြဖ်ုးတိုးတက်ရန်နှင့်မျိုးပွားမူဆိုင်ရာများတွင်အရးကြီးပါတယ်။လိင်ဟော်မုန်းသည် အသက်အရွယ်။ရာသီချိန်။ကိုယ်ဝန်ဆောင်ချိန်။သွေးဆုံးချိန်။စိတ်ဖိဆီးမူ။ဆေးဝါးသုံးခြင်းနှင့်ပတ်ဝန်းကျင် အခြေအနေစသည်တို့ကြောင့်ပြောင်းလဲတတ်ပါတယ်။

လိင်ဟော်မုန်း မညီမျှမူသည် လိင်စိတ်ပြောင်းလဲမူနှင့်အခြားသော ကျန်းမာရေးအခြေအနေများ ဥပမာ ဆံပင်ကျွတ်ခြင်း။အရိုးကျိုးခြင်းနှင့် ကလေးမရခြင်းစသည်တို့ဖြစ်စေပါတယ်။လိင် ဟော်မုန်းများမှာ-estrogen သည် မမျိုးပွားခြင်းနှင့်လိင်အင်္ဂါဖွံ့ဖြိုးတိုးတက်မူတွင်အရေးကြီးပါတယ်။-progesterone သည် ရာသီစက်ဝန်းနှင့်ကိုယ်ဝန်ဆောင်ချိန်တွင်သက်ဆိုင်ပါတယ်။-testeroneသည် အမျိုးသား လိင် ဟော်မုန်းဖြစ်သော်လည်း အမျိုးသမီးများတွင်လည်း အနည်းငယ်ရှိပါတယ်။အပျိုဖော်ဝင်စအချိန်      အမျိုးသမီးများသည် အသက်၈နှစ်မှ ၁၃နှစ်အတွင်း အပျိုဖော်စဝင်သောအချိန်ဖြစ်ပါတယ်။အပျု်ဖော်ဝင်စအချိန်တွင် estrogenနွဲှprogesteroneထွက်ပါတယ်။

အဆိုပါဟော်မုန်းများမြင့်တကိလာသောကြောင့်အခြာသောအပျိုဖြစ်မူလက္ခဏာများ ဖြစ်လာပါတယ်။-ရင်သားကြီးထွားမူ-လိင်အင်္ဂါတဝိုက်အမွှေးပေါက်ခြင်း-အရပ်ထွက်ခြင်း-ကိုယ်ခန္ဓာပြောင်းလဲခြင်းစသည်တို့ဖြစ်လာပါတယ်။ရာသီလာချိန်     ရာသီစက်ဝန်းသည် ၂၄ရက်မှ ၃၈ရက်အတွင်းပြောင်းလဲတတ်ပါတယ်။ရာသီလာချ်န်တွင် လိင် ဟော်မုန်းများပြောင်းလဲမူရှိပါတယိ။လိင် ဟော်မုန်းအခြေအနေပေါ်မူတည်ရျိ ရာသီစက်ဝန်းလည်းပြောင်းလဲနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်     ကိုယ်ဝန်ဆောင်ချိန်တွင် ပထမရက်သတ္တပတ်တွင် Progesteroneသည် မြင့်တကိပြီး သားအိမ်ခေါင်းထူကာ အချွဲများနှင့်ပိတ်စေပါတယ်။Estrogenနဲ့ Progestetoneသည် မိခင်ရဲ့ဇီဝကမ္မဖြစ်စဉ်ကိုထိန်းပြီး ကလေးအတွက် ထိန်းညှိပေးပါတယ်။မွေးခါနီးတွင်ဟော်မုန်းပမာဏတဖြေးဖြေးကျကာ ပုံမှန်ဖြစ်လာပါတယ်။နို့တိုက်သောအခါ estrogen သည် ကျလာကာ မမျိုးဥကြွေခြင်းကိုတားဆီးပေးပါတယ်။

သွေးဆုံးချိန်     သွေးမဆုံးခင် အချိန်သည် ဟော်မုန်းအပြောင်အလဲများစွာဖြစ်သောကြောင့် လက္ခဏာမျိုးစုံခံစားရနိုင်ပါတယ်။-ရာသီမမှန်ခြင်း-ပူရှိန်းမူခံစားရခြင်း-အိပ်မပျော်ခြင်း-စိတ်ခံစားမူပြောင်းလဲခြင်း-မိန်းမကိုယ်ခြောက်သွေ့ခြင်းစသည်တို့ခံစားရပါတယ်။လုံးဝရာသီမလာသောအချိန်တွင် ဟော်မုန်းပမဏနည်းသောကြောင့် လိင်စိတ်လျော့နည်းခြင်း။အရိုးပွခြင်းစသည်တို့ဖြစ်ပြီးဟော်မုန်းပြောင်းလဲသောကြောင့် နှလုံးနှင့် လေဖြတ်ခြင်းစသည်တို့ဖြစ်စေပါတယ်။။ဟော်မုန်းမညီမျှခြင်း     ဟော်မုန်းမညီမျှခြင်းကြောင့်-ရာသီမမှန်ခြင်း-အမွှေးအမျှင်ပိုထွက်ခြင်း-ဝက်ခြံထွက်ခြင်း-မိန်းမကိုယ်ခြောက်ခြင်း-လိင်စိတ်နည်းခြင်း-ရင်သားနာခြင်း-ပူရှိန်းမူခံစားရခြင်း-ညဘက်ချွေးထွက်ခြင်း-ကိုယ်အလေးချိန်တိုးခြင်း-အားအင်ကုန်ခမ်းခြင်း-စိတိပြောင်းလဲခြင်း-အိပ်မပျော်ခြင်း-ကလေးရရန်ခက်ခဲခြင်းစသည်တို့ကိုဖြစ်စေနိုင်ပါတယ်။

Dr.Pyae Shin

ဆက်စပ် ဆောင်းပါးများ