ရာသီလာချိန်မှာ လုံးဝမလုပ်ရမယ့်အရာတွေ

ရာသီလာချိန်မှာ လုံးဝမလုပ်ရမယ့်အရာတွေ

အပျိုဖော်ဝင်ချိန်မှစ၍ အမျိုးသမီးတိုင်း သွေးမဆုံးချိန်ထိ ရာသီသွေး လစဉ်ဆင်းသည်မှာ ဓမ္မတာတစ်ရပ်ပါ။ ရာသီသွေးဆင်းခြင်းသည် အမျိုးသမီးတိုင်းစိတ်အနှောက်အယှက်တစ်ခုကဲ့သို့ခံစားရသောအချိန်ဟု လူတိုင်းလက်ခံထားကြပါတယ်။ ရာသီဆင်းနေချိန်သည် မိမိကိုယ်မိမိ သတိထားရသောအချိန်လည်းဖြစ်ပါတယ်။ ရာသီလာချိန်တွင် မည်သို့နေထိုင်သင့်သလဲဆိုတာကလည်း အရေးကြီးသောအချက်များပင်ဖြစ်ပါတယ်။ ရာသီလာချိန်တွင် ပြုလုပ်သင့်သောအရာနှင့် မပြုလုပ်သင့်သောအရာများကို ကောင်းစွာသဘောပေါက်မှသာ ရာသီသွေးဆင်းချိန်တွင် ကျန်းမာရေးနေထိူင်မူအဆင်ပြေနိုင်မှာပါ။ လေ့လာချက်များအရ အမျိုးသမီးများသည် ရာသီလာချိန်တွင် စိတ်ရော ကိုယ်ပါ ဖိဆီးနေတတ်ပါတယ်။ ခေါင်းကိုက်၊ ဗိုက်နာ၊ ပျို့အန်၊ ကိုယ်ပူခြင်းနှင့် လေပွခြင်းစသည်တို့ဖြစ်တတ်ပါတယ်။

(1)ရာသီလာချိန်တွင် ပြုလုပ်သင့်သောအရာများ
-ရေချိုးပါ
အမုျိုးသမီးများသည်  ရာသီလာချိန်တွင် မောပန်းနွယ်နယ်သကဲ့သို့ခံစားရပြီး ခြေလက်များမလှုပ်ချင်မကိုင်ချင်အောင်လေးလံနေပါလိမ့်မယ်။ ထိုအခါမျိုးတွင် လန်းဆန်းတက်ကြွနေရန် တကိုယ်ရည်သန့်ရှင်းမူကိုအထူးပြုလုပ်ပါ။ အတွင်းခံနှင့် အောက်ခံဂွမ်းထုပ်များ လဲလှယ်ပါ။ ရေချိုးပါ။

-လေ့ကျင့်ခန်းလုပ်ပါ
အကယ်၍ ရာသီလာချိန်တွင် ဗိုက်နာ ဗိုက်အောင့်ဖြစ်တတ်သူများသည် သက်သာစေရန်ပေါ့ပါးသောလေ့ကျင့်ခန်းလုပ်ပါ။ သွေးပူလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် အကြောပြေကာ နာကျင်မူသက်သာစေပါတယ်။

-ရေများများသောက်ပါ
ရေဓာတ်ခမ်းခြောက်မှုသက်သာစေရန် ရေနှင့်အသီးဖျော်ရည်များများသောက်ပါ။ ရာသီလာချိန်တွင် ရေဓာတ်ခမ်းခြောက်နေပြီး ရေများများသောက်ရန်လိုအပ်ပါတယ်။

-အပူအစပ်။အဆီအစိမ့်အစားများရှောင်ကြဉ်ပါ။
ရာသီလာချိန်တွင် အစာအိမ်နှင့်အူလမ်းကြောင်းလေပွသောကြောင့် အစာမကြေဖြစ်တတ်ပါသည်။ အစာကိုနည်းနည်းနဲ့မကြာမကြာစားပေးပါ။ ပြည့်အင်အောင်မစားသင့်ပါ။

-အသီးအနှံစားပါ
နာကျင်မူသက်သာစေရန် အသီးအနှံများ၊ ဂျင်းအစရှိသည်တို့ကိုအနည်းငယ်စားပေးပါ။

-ပေါ့ပေါ့ပါးပါးဝတ်ဆင်ပါ။
ရာသီလာချိန်တွင် ပေါ့ပါးချောင်ချိသော ချည်ထည်အဝတ်အစားများကိုသာရွေးချယ်ဝတ်ဆင်ပါ။

-ဝမ်းနည်းစရာရုပ်ရှင်မကြည့်ရ
ရာသီလာချိန်တွင် ဝမ်းနည်းစရာဖြစ်စေသောရုပ်ရှင်များမကြည့်သင့်ပါ။ စိတ်လူပ်ရှားမူအတက်အကျများစေပြီး ပိုမိုဝမ်းနည်းလာတတ်ပါတယ်။

(2)မပြုလုပ်သင့်သောအရာများ
-အိပ်ယာထဲမနေရ
ရာသီချိန်တွင် အိပ်ယာထဲတွင် အမြဲလှဲမနေသင့်ပါ။ ပုံမှန်လူပ်ရှားမူအလုပ်များကိုလုပ်ပါ။

-ကော်ဖီကိုအလွန်အကြူးမသောက်သင့်ပါ
ကော်ဖီတွင်ပါဝင်သော ကာဖိန်းဓာတ်ကြောင့် နာကျင်ကိုက်ခဲမူဖြစ်စေပါတယ်။ ထို့ကြောင့် ကော်ဖီသောက်ခြင်းကို ရှောင်ကြဉ်ပါ။

-ရာသီလာချိန်တွင် မူးယစ်စေသောအရာများသုံးစွဲခြင်းရှောင်ကြဉ်ပါ။

-ရာသီလာချိန်တွင်အရက်သောက်ခြင်းကိုရှောင်ကြဉ်ပါ
အရက်သည် ရေဓာတ်ခမ်းခြောက်စေပြီး သွေးလည်ပတ်မူကို အားနည်းစေပြီး ပိုမိုနာကျင်ကိုက်ခဲစေပါတယ်။

-နို့နှင့်နို့ထွက်အစာ စားခြင်းရှောင်ပါ။
ရာသီလာချိန်တွင် နို့နှင့် နို့ထွက်ပစ္စည်းများ စားသောက်ခြင်းရှောင်ကြဉ်ပါ။ ဒိန်ချဉ်လိုအစာကြောင့် ဝမ်းဗိုက်ပိုမို နာကျင်စေပါတယ်။

-အငန်ဓာတ်လွန်ကဲသောအစာများစားသုံးခြင်း ရှောင်ကြဉ်ပါ။

အငန်ဓာတ်သည် လေထိုး ဗိုက်နာ အောင့်ခြင်းပိုမိုဖြစ်စေပါတယ်။

-ကယ်လိုရီများသောအစာအစားများလည်းမစားပါနဲ့။

-အောက်ခံဂွမ်းထုပ်ကိ အချိန်မှီမလဲပဲ အချိန်ကြာကြာသုံးစွဲခြင်းကိုရှောင်ကြဉ်ပါ။ သို့မဟုတ်ပါက ပိုးမွှားများ ပေါက်နိုင်ပြီး မိန်းမကိုယ် ယားယံစေနိုင်ပါတယ်။

-ရာသီလာစဉ် လိင်ဆက်ဆံခြင်းရှောင်ကြဉ်ပါ။

လိင်ဆက်ဆံခြင်းသည် ပိုမိုနာကျင်ကိုက်ခဲစေပြီး သွေးသွန်ခြင်းဖြစ်စေနိုင်ကာရာသီလာရက်ရှည်စေပါတယ်။

Dr. ပြည့်ရှင်း

ဆက်စပ် ဆောင်းပါးများ