မိန်းမကိုယ်မှ အနံ့ဆိုးထွက်ခြင်း

မိန်းမကိုယ်မှ အနံ့ဆိုးထွက်ခြင်း

မိန်းမကိုယ်မှ အနံ့ဆိုးထွက်ခြင်းဟာ အမျိုးသမီးတိုင်း ကြုံရတတ်တဲ့ ကိစ္စတခုဖြစ်ပြီး အမျိုးသမီးတွေကို စိတ်ဒုက္ခအတော်ရောက်စေတဲ့ ကိစ္စတခုလည်းဖြစ်ပါတယ်။

မိန်းမကိုယ်ဟာ အများအားဖြင့် ပြင်းပြမှုမရှိတဲ့အသားနံ့ခပ်ပျော့ပျော့ ရှိတတ်ပါတယ်။

တကိုယ်ရေသန့်ရှင်းမှုအားနည်းတာ

အသန့်အကြိုက်လွန်ပြီး မိန်းမကိုယ်ကို ဆပ်ပြာမွှေးတွေသုံးပြီးဆေးတာ၊သန့်စင်ဆေးရည်တွေအလွန်အကျွံသုံးတာ

ချွေးထွက်များတာ

ဓမ္မတာဆင်းတာ

ဘက်တီးရီးယားပိုးဝင်တာ

မှိုပိုးဝင်တာ

မသန့်ရှင်းတဲ့လိင်ဆက်ဆံရာမှတဆင့် Ganorrhoea နဲ့ Chlamydia ရောဂါဖြစ်တာ

ရာသီလာတဲ့အခါမိန်းမကိုယ်ထဲထည့်သုံးရတဲ့ တန်ပွန်(Tampon)ထည့်ပြီး ပြန်ထုပ်ဖို့မေ့တာ

မိန်းမကိုယ်ကင်ဆာဖြစ်တာ

သားအိမ်ခေါင်းကင်ဆာဖြစ်တာ

မိန်းမကိုယ်နဲ့အူမကြီးကြားမှာပုံမှန်မဟုတ်တဲ့လမ်းကြောင်းတခုဖြစ်ပြီးဆက်နေတာ စတဲ့အကြောင်းတွေကြောင့် မိန်းမကိုယ်ကနေ အနံ့ဆိုးတွေထွက်နိုင်ပါတယ်။

မိန်းမကိုယ်ကအနံ့ဆိုးထွက်တိုင်း အရမ်းစိုးရိမ်စရာမလိုပါ။

ဓမ္မတာလာနေစဉ်မှာ သတ္ထုနံ့ သို့မဟုတ် သံအနံ့ ထွက်လေ့ရှိပြီး လိင်ဆက်ဆံပြီးအချိန်မှာလည်း ညှီစို့စို့အနံ့ ထွက်နိုင်ပါတယ်။

ဓမ္မတာလာနေစဉ်အနံ့ထွက်တာက လစဉ်သုံးဂွမ်းထုပ်ကို မကြာခဏလဲလှယ်ပေးတာ၊သန့်ရှင်းခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းတဲ့အတွင်းခံဝတ်တာတွေလုပ်ပေးခြင်းဖြင့် သက်သာနိုင်ပြီး ဓမ္မတာလာတာပြီးတဲ့အခါမှာ အနံ့ပျောက်သွားပါတယ်။

လိင်ဆက်ဆံပြီးချိန်ညှီစို့စို့အနံ့ထွက်တာကလည်း ရေဆေးလိုက်ပါက အနံ့သက်သာနိုင်ပြီး နာရီအနည်းငယ်ကြာရင် အနံ့ပျောက်သွားတတ်ပါတယ်။

တကယ်လို့ မိန်းမကိုယ်က အနံ့ဆိုးထွက်တာက အချိန်ကြာတဲ့အထိမပျောက်ဘူး၊ပိုပိုအနံ့ပြင်းလာတယ်

ငါးညှီနံ့လိုအနံ့လည်းထွက်လာတယ်၊အဖြူအဆင်းများတာ၊ဆင်းတဲ့အဖြူထဲအဖြူဖတ်တွေပါလာတာ၊စိမ်းဝါရောင်သမ်းပြီးအမြုပ်ထတဲ့အဖြူတွေဆင်းတာ၊မိန်းမကိုယ်ယားတာ၊နာတာ၊ဆီးစပ်တွေကိုက်တာ စတဲ့ လက္ခဏာတွေပါ တွဲဖြစ်တယ်ဆိုရင်တော့ စိုးရိမ်ရပါတယ်။ဆရာဝန်နဲ့ပြသစမ်းသပ်ပြီး သေချာကုဖို့လိုပါတယ်။

မိန်းမကိုယ်အနံ့ဆိုးထွက်ခြင်း ဖြစ်နိုင်ခြေနည်းအောင်အောက်ပါအချက်များကိုဂရုစိုက်လိုက်နာပါ။

လေဝင်လေထွက်ကောင်းသော ချည်သားအတွင်းခံကိုပဲဝတ်ပါ။တအားကြပ်တဲ့ဆိုက်(size)တွေမဝတ်ပါနဲ့။ခပ်ချောင်ချောင်ကိုသာဝတ်ပါ။တနေ့တထည်လဲပါ။ စိုထိုင်းတာများရင် တနေ့တထည်ထက်ပိုပြီး လဲပါ။

ညအိပ်တဲ့အခါ အတွင်းခံမဝတ်ပါနဲ့။

အတွင်းခံကို သေချာလျှော်ဖွတ်ပြီး နေရောင်ကောင်းစွာရတဲ့နေရာမှာနေပူလှမ်းပါ သို့မဟုတ် မီးပူတိုက်ပါ။

ဝမ်းမချုပ်ပါစေနဲ့

ဆီးသွားပြီးတဲ့အခါတိုင်းမိန်းမကိုယ်ကိုရေနဲ့သန့်စင်အောင်ဆေးပြီး အဝတ်သန့် သို့မဟုတ် စက္ကူသန့်နဲ့ခြောက်အောင်သုတ်ပါ။ဆပ်ပြာမွှေးတွေသုံးပြီးဆေးတာ၊မိန်းမကိုယ်ကိုအမွှေးနံ့သာတွေဖျန်းတာ၊လိမ်းတာတွေ မလုပ်ပါနဲ့။

မိန်းမကိုယ်သန့်စင်ဆေးရည်တွေ သုံးမယ်ဆိုရင်လည်း တနေ့ တကြိမ်ထက်ပိုမသုံးပါနဲ့။

အိမ်သာတက်ပီး ချီးကုန်းတဲ့အခါ လက်က ရှေ့ဘက်ကနေ နောက်စအိုရှိရာဘက်သို့ ဦးတည်ရာတဖက်တည်းကိုပဲသွားပါ နောက်ကနေ ရှေ့ပြန်မလာပါနဲ့။

အိမ်ထောင်ရှိပါက အတူနေလိင်ဆက်ဆံပြီးတိုင်းမှာ မိန်းမကိုယ်ကိုရေနဲ့သေချာဆေးပါ။

ဓမ္မတာဆင်းနေတဲ့အချိန်မှာ ရေမချိုးဘဲနေတာမျိုးမလုပ်ပါနဲ့။နေ့စဉ်မှန်မှန်ရေချိုးသင့်ပါတယ်။ရာသီလာနေစဉ်သုံးတဲ့ လစဉ်သုံးဂွမ်းထုပ်ကိုလည်း တအားစိုရွဲမှလဲလှယ်တာမျိုးမလုပ်ဘဲ

မကြာခဏလဲပေးပါ။

ဒိန်ချဉ်မကြာခဏစားပေးပါ။

Dr 528

ဆက်စပ် ဆောင်းပါးများ