တားဆေးသောက်ဖို့မေ့သွားရင် ဘယ်လိုလုပ်ရမလဲ? 

တားဆေးသောက်ဖို့မေ့သွားရင် ဘယ်လိုလုပ်ရမလဲ?

ဤဆောင်းပါးသည် ဟော်မုန်းနှစ်မျိုးပေါင်းဆေး (combined oral contraceptive pill) များ  အတွက် ဖြစ်ပါသည်။

ဆေးတစ်လုံးသောက်ရန် မေ့လျှင် သို့ ဆေးကဒ်သစ်စသောက်ရန် တစ်ရက်နောက်ကျလျှင်

– သောက်ရန်မေ့နေသော ဆေးတစ်လုံးအား သတိရရခြင်း ချက်ချင်း သောက်ပါ။ ကျန်ဆေးများအား ပုံမှန်သောက်နေကျအချိန်အတိုင်း ဆက်သောက်ပါ။ ထို့ကြောင့် ထိုနေ့တွင် ဆေးနှစ်လုံး သောက်မိသွားပါလိမ့်မည်။

– အထက်ပါအတိုင်း သောက်ပါက ကိုယ်ဝန်ရနိုင်ခြေနည်းပါသည်။ လိင်ဆက်ဆံရာတွင် ကွန်ဒုံးသုံးရန် မလိုပါ။

ဆေးနှစ်လုံး သို့ နှစ်လုံးထပ်ပိုပြီး သောက်ရန်မေ့နေလျှင်

– သောက်ရန် မေ့နေသော ဆေးများထဲမှ နောက်ဆုံးဆေးတစ်လုံးအား သတိရရခြင်း ချက်ချင်း သောက်ပါ။ ကျန်သောက်ရန် မေ့ဆေးများအား လွင့်ပစ်ပါ။ ဥပမာ 10.12.18, 11.12.18, 12.12.18 တို့တွင် ဆေးသောက်ရန် မေ့လျင် 12.12.18 တွင် သောက်ရမည့်ဆေးအား သတိရရခြင်း ချက်ချင်း သောက်ပါ။ 10.12.18, 11.12.18 တို့တွင် သောက်ရမည့်ဆေးများအား လွင့်ပစ်ပါ။  ပုံမှန်ဆေးများအား ပုံမှန်သောက်နေကျအချိန်အတိုင်း ဆက်သောက်ပါ။ ထို့ကြောင့် ထိုနေ့တွင် ဆေးနှစ်လုံး သောက်မိသွားပါလိမ့်မည်။

– ဆေးနှစ်လုံးနှင့်အထက် သောက်ရန်မေ့လျင် ဆေး၏ ကိုယ်ဝန်တားသော အာနိသင်ကျပါသည်။ ထို့ကြောင့် လိင်ဆက်ဆံမှုကို ၇ ရက်တိတိရှောင်ပါ။ မရှောင်နိုင်ပါက condom သုံးပါ။

Dr. Wutyi