အမျိုးသမီးတယောက်အတွက် တနေ့ထဲမှာ  လိင်ဆက်ဆံတဲ့အကြိမ်အရေအတွက်များလွန်းခဲ့ရင်

 

အမျိုးသမီးတယောက်အတွက် တနေ့ထဲမှာ  လိင်ဆက်ဆံတဲ့အကြိမ်အရေအတွက်များလွန်းခဲ့ရင်

အမျိုးသမီးများအဖို့ ကျန်းမာရေးအတွက်သင့်တော်သော လိင်ဆက်ဆံခြင်းအကြိမ်အရေအတွက် တနေ့လှ ျင်အကြိမ်မည်မျှရှိသင့်သလဲဆိုပြီး သတ်မှတ်ထားခြင်းမရှိပါ။လိင်ဆက်ဆံခြင်းသည် လူသားတိုင်းအတွက် ပျော်ရွှင်မူပေးနိုင်သောအရာဟူရျ် သတ်မှတ်ထားလို့ရပါတယ်။အမျိုးသမီးများအတွက် လိင်ဆက်ဆံမူအကြိမ်ရေများလွန်းလျှင်တော့ အောက်ပါဆိုးကျိုးများဖြစ်လာနိုင်ပါတယ်။

(1)မောပန်းခြင်း
လိင်ဆက်ဆံမူများခြင်းသည် ကျန်းမာရေးကိုထိခိုက်စေပါတယ်။လိင်ဆက်ဆံခြင်းသည် အားအင်များကိုအသုံးပြုရသောအပြုအမူတစ်ခုပါ။လိင်ဆက်ဆံနေစဉ် ကယ်လိုရီများစွာအသုံးပြုရပါတယ်။စိတ်ခံစားမူအမြင့်ဆုံးအခြေအနေမှာ ကိုယ်ခန္ဓာမှ သွေးကြောထဲသို့ ဟော်မုန်းများထွက်လာစေပြီး နှလုံးခုန်မြန်ခြင်း။သွေးတိုးခြင်း။အချိုဓာတ်နှင့်ကြွက်သာတောင့်တင်ခြင်းစသည်တို့ဖြစ်စေသောကြောင့် အကြိမ်ရေများလာလျှင် ကိုယ်ခန္ဓာသည် ပင်ပန်းနွမ်းလျလာပါလိမ့်မယ်။

(2)ရောင်ရမ်းခြင်း
လိင်ဆက်ဆံမူအကြိမ်ရေများခြင်းသည် မိန်းမကိုယ်ရောင်ရမ်းခြင်းဖြစ်စေသည် မိန်းမကိုယ်ဒဏ်ရာအနာများဖြစ်စေပါတယ်။ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်ခြင်း။လမ်းလျောက်ရာတွင်ခက်ခဲခြင်း စသည်တို့ဖြစ်စေပါတယ်။ထို့ကြောင့် အကြိမ်ရေများခြင်းနှင့်ကြမ်းတမ်းစွာလိင်ဆက်ဆံခြင်သည် အမျိုးသမီးများအတွက် ရှောင်ကြဉ်သင့်ပါတယ်။

(3)ရေဓာတ်ခမ်းခြောက်ခြင်း
လိင်ဆက်ဆံနေစဉ် ချွေးထွက်များသောကြောင့် ရေဓာတ်ဆုံးရှုံးတတ်ပါတယ်။နေ့ညဆက်တိုက်ဆက်ဆံလျှင် ရေဓာတ်အများအပြားဆုံးရှုံးတတ်သောကြောင့် ချမ်းတုန်လာနိူင်ပါတယ်။ထို့ကြောင့် လိင်မဆက်ဆံခင်နှင့်ဆက်ဆံပြီး ရေများများသောက်ပါ။

(4)ဆီးလမ်းကြောင်းပိုးဝင်ခြင်း
လိင်ဆက်ဆံမူများခြငသည် ဆက်ဆံဖော်မှတဆင့် ဆီးလမ်းကြောင်းပိုးဝင်ရန် အခွင့်အလမ်းပိုများပါတယ်။ဆီးပူ။ဆီးကျဉ်ခြင်းမှအစ ဖျားခြင်းသည်ဆိုးရွားတတ်ပါတယ်။

(5)ခါးနာခြင်း
လ်င်ဆက်ဆံခြင်းသည် ကြွက်သားများဆွဲဆန့်နေသကဲ့သို့ဖစ်ပြီး ခါးအနောက်ပိုင်းကို ပိုမိုအားစိုက်ရသောကြောင့်ခါးနာတတ်ပါတယ်။ပုံစံမူမမှန်ဆက်ဆံသောကြောင့်လည်းနာကျင်တတ်ပါတယ်။

(6)ကိုယိခံအားနည်းခြင်း
လိင်ဆက်ဆံစဉ်သွေးကြောထဲသို့ဟော်မုန်းများထွက်ခြင်းကြောင့် ကိုယ်ခန္ဓာရောင်ရမ်းခြင်း။နာကျင်ခြင်းနှင့်ဖျားခြင်းစသည်တိူ့ဖြစ်စေပါတယ်။ထို့ကြောင့်ကိုယ်ခံအားနည်းစေပြီး အားနည်းလာသောကြောင့် လိင်စိတ်နည်းပါးစေပါတယ်။

(7)လိင်စိတ်ဝင်စားမူနည်းပါးခြင်း
လိင်ဆက်ဆံမူအကြိမ်ရေများလာလျှင် မိမိဆက်ဆံဖော်အပေါ်တွင် စိတ်ဝင်စားမူနည်းပါးလာသည့်အပြင် လိင်ဆက်ဆံမူကိုလည်း ထူးခြားသောစိတ်ခံစားမူ မဖြစ်ပေါ်စေသောကြောငိ့ ပျော်ရွှင်မူနည်းပါးလာစေပါတယ်။လိင်ဆက်ဆံခြင်းကို တာဝန်တစ်ရပ်ဟူု ယူဆကာ စိတ်ဖိဆီးမူတိုးပွားစေပါတယ်။

(8)ရောဂါပိုးများကူးစက်တတ်ခြင်း
လိင်ဆက်ဆံမူအကြိမ်ရေများခြင်းသည် လိင်ဆက်ဆံသောကြောင့်ကူးစက်တတ်သောရောဂါများဖြစ်ရန် အခွင့်အလမိးများစေပါတယ်။

ဆက်စပ် ဆောင်းပါးများ