ရာသီမလာရင် အပူအပုပ်တွေ ကိုယ်ထဲမှာကျန်နေတတ်တယ်ဆိုတာ ဟုတ်သလား         

ရာသီမလာရင် အပူအပုပ်တွေ ကိုယ်ထဲမှာကျန်နေတတ်တယ်ဆိုတာ ဟုတ်သလား

အမျိုးသမီးများရာသီပုံမှန်သွေးမဆင်းခြင်းသည် အပူအပုပ်များပြီ သွေးမသန့်သောကြောင့်ဟု ပြောလေ့ရှိပါတယ်။ရာသီမလာမီနှင့် ရာသီလုံးဝလာခြင်းမရှိပါက အမျိုးသမီးများတွင် အသားအရေခြောက်သွေ့ကာ ယားယံခြင်း၊အနီကွက်ထခြင်းစသည့်အခြေအနေဖြစ်လေ့ရှိသောကြောင့် စိုးရိမ်မူလွန်ကဲတတ်ကြပါတယ်။လေ့လာတွေ့ရှိမူအသစ်အရ အမျိုးသမီးများ အဆုတ်ရင်ကျပ်ရောဂါနှင့်ဓာတ်မတည့်မူပြဿနာများသည် ရာသီပုံမှန်မလာခြင်းနှင့် ဆက်စပ်မူရှိနေနိုင်ကြောင်းတွေ့ရှိရပါတယ်။
လေ့လာသူများသည်ရှေးဦးစွာ ရာသီပုံမှန်မလာခြင်းသည် ဓာတ်မတည့်ခြင်းနှင့်ရင်ကြပ်ခြင်းကိုဆက်စပ်ကြောင်း လေ့လာခဲ့ကြပါတယ်။အမျိုးသမီးများရဲ့ဟော်မုန်းသည် ၎င်းတ်ူ့ရဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာများနှင့် ပန်းနာရင်ကြပ်ရောဂါနှင့်ဓာတ်မတည့်မူရောဂါများတွင်အဓိကအရေးကြီးသောအချက်အနေဖြင့်ပါဝင်ပါတယ်။

ရာသီပုံမှန်မလာခြင်းအတွက် အန္တရာယ်ရှိသောအချက်

မြောက်ဥရောပနိုင်ငံ၅နိုင်ငံရှိ အမျိုူသမီး၆၀၀၀ကျော်ကို ရာသီစက်ဝန်းနှင့် ပန်းနာရင်ကျပ်၊ဓာတ်မတည့်မူနှင့်အခြားသောရင်ကျပ်ပန်းနာပြဿနာများအတွက် ၁၉၉၉ မှ ၂၀၀၁ ခုနှစ်အတွင်းသုတေသနပြုခဲ့ကြပါတယ်။အဆိုပါအမျိုးသမီးများတွင် ကိုယ်ဝန်ရှိသူ။တားနည်းသုံးသူ။ဟော်မုန်းသုံးသူများကို အကျုံးမဝင်ပါ။နောက်ဆုံးတွေ့ရှိချက်အရ လေ့လာချက်သည် အမျိုးသမီးလေးယောက်တွင်တစ်ယောက်သည် ရာသီမူမမှန်သောအခြေအနေနှင့်ရင်ဆိုင်နေရကြောင်းတွေ့ရှိရပါတယ်။ အခြားရာသီပုံမှန်မလာစေသောအချက်များပါ ထည့်သွင်းစဉ်းစားပြီးနောက် ရာသီပုံမှန်မလာသောသူများသည် ရာသီပုံမှန်လာသူများထက် ဓာတ်မတည့်ခြင်းနှင့်ပန်းနာရင်ကြပ်ဖြစ်ခြင်းသည်သိသာထင်ရှားစွာဖြစ်စေနိုင်ကြောင်းတွေ့ရှိရပါတယ်။

ဥပမာအားဖြင့်အသက်၄၃နှစ်အောက်ရာသီပုံမှန်မလာသောအမျိုးသမီးများတွင်

-50%ခန့်သည် ရင်ကြပ်ပန်းနာရှိနိုင်
-30%ခန့်သည် နှာစေး ချောင်းဆိုးဓာတ်မတည့်ခြင်းဖြစ်နိုင်ကြောင်းတွေ့ရှိရပါတယ်။
ပန်းနာရင်ကြပ်ကုသမူသည် အမျိုးသမီးတိုင်းအတွက် အထူးတလည်မကွာခြားပါ။ကုသမူသည် အတူတူပါ။ဆေးကုသမူကြောင့်လည်း ရာသီမမှန်တာပိုမဆိုးစေပါ။အသက်၄၃နှစ်အထက်အမျိုးသမီးများတွင် ပန်းနာရင်ကြပ်စဖြစ်လျှင်မူမမှန်ရာသီမလာတာနဲ့ဆက်စပ်မူမရှိပါ။ လေ့လာတွေ့ရှိချက်အရ ရာသီမူမမှန်ခြင်းကြောင့်ဖြစ်ရုံသာမက ဓာတ်မတည့်ခြင်းနှင့်ပန်းနာရင်ကြပ်ဖြစ်စေခြင်းသည်အခြားသော ရောဂါများနှင့်လည်းဖြစ်စေနိုင်ပါတယ်။ အသားအရေခြောက်သွေ့ယားယံမူအစရှိသောလက္ခဏာများသည် ရာသီမလာခင် ဆယ်ရက်အလိုတွင်ဖြစ်တတ်ပြီး ရာသီလာပြီးနောက် တစ်ရက် နှစ်ရက်တွင်ပြန်လည်ကောင်းမွန်တတ်ပါတယ်။

ရာသီလာစဉ်ယားယံမူဖြစ်စေသောအကြောင်းရင်းများမှာ
ကိုယ်ခန္ဓာဟော်မုန်းအပြောင်းအလဲများသည် ကိုယ်တွင်းခုခံမူစနစ်အပေါ်သက်ရောက်သောကြောင့် အသားအရေယားယံမူ။အနီကွက်ထခြင်းစသည့်တို့ကိုပိုဆိုးစေပါတယ်။ဟော်မုန်းများကြောင့် ကိုယ်တွင်းခုခံမူသည် ပုံမှန်ဟော်မုန်းများရဲ့လုပ်ဆောင်မူကိုထိခိုက်စေနိုင်ပါတယ်။ထို့ကြောင့် ရာသီစက်ဝန်းရဲ့ အပြောင်းအလဲပေါ်များစွာသက်ရောက်ပါတယ်။အချို့အမျိုးသမီးများသည် ရာသီမလာခင် ယားယံခြင်း။ဓာတ်မတည့်ခြင်းကို ခံစားရနိုင်ပါတယ်။

ကုသမူ
ပန်းနာရင်ကြပ်ကုသမူသည် အမျိုးသမီးတိုင်းအတွက် အထူးတလည်မကွာခြားပါ။ကုသမူသည် အတူတူပါ။ဆေးကုသမူကြောင့်လည်း ရာသီမမှန်တာပိုမဆိုးစေပါ။ ယားယံမူအတွက် မဆိုးရွားသောအခြေအနေတွင် antihistamineနှင့် steroidပါသောဆေးများဖြင့်သက်သာစေနိုင်ပါတယ်။မသက်သာပါက ရာသီစက်ဝန်းပြောင်းလဲစေသောဟော်မုန်းဆေးများဖြင့် ကုသမူခံယူရပါတယ်။အလွန်ဆိုးရွားသောအခြေအနေဖြစ်ပါက ခွဲစိတ်ကုသမူအနေဖြင့် သားဥအိမ်ထုတ်ပစ်ခြင်းကိုပြုလုပ်ရပါတယ်။

ဆက်စပ် ဆောင်းပါးများ