fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 233 Total Cases
😥 6 Deaths
😇 145 Recovered

အပျိုကြီးဖြစ်ခြင်းသည် ကျန်းမာရေးနှင့် အထူးညီညွတ်ကြောင်း

များစွာသော ကျန်းမာရေးအကျိုးကျေးဇူးများသည်  အိမ်ထောင်ပြုခြင်း၊ ကလေးမွေးခြင်းနှင့် ဆက်စပ်မှုရှိသည်ဟု ဆိုကြသော်လည်း ကျန်းမာရေးကောင်းမွန်သူ ထက်ဝက်ကျော်ကိုကြည့်လိုက်လျှင် တကိုယ်တည်းအပျိုကြီးများဖြစ်သည်ကို လေ့လာချက်များအရ တွေ့ရှိရပါတယ်။

ဘဝတွင် တဦးနှင့် တဦးဆက်ဆံမှုပြိုကွဲခဲ့သော် ကျန်းမာရေးတွင် သိသာစွာထိခိုက်မှုရှိလာနိုင်ပါတယ်။ သုတေသနပြုချက်အရ လူအချို့သည် လက်ထပ်ပြီးနောက် နှလုံးရောဂါနှင့် အူမကြီးကင်ဆာဖြစ်ရန် ပိုမိုအခွင့်အလမ်း များလာနိုင်ပါတယ်။

တကိုယ်တည်း အပျိုကြီးဖြစ်နေသူများရဲ့ ကျန်းမာရေးအားသာချက်များကတော့

(1) ကိုယ်ခန္ဓာအချိုးအဆ ပြေပြစ်လှပမှု

လူတစ်ယောက်ရဲ့ ကျန်းမာရေးနှင့် ညီညွတ်သော အချိုးအဆတိုင်းတာမႈ BMI သည် လူတိုင်းအတွက် အရေးကြီးပါတယ်။ လေ့လာချက်များအရ အိမ်ထောင်သည်များသည် အိမ်ထောင်မရှိသူများထက် အစာပိုစားပြီး လေ့ကျင့်ခန်းလုပ်ရန် ပျက်ကွက်ကာ အလေးချ်န်ပိုတိုးလာသည်ကို တွေ့ရှိရပါတယ်။

ပုံမှန်အရပ်အလေးချိန်ရှိသူများတွင် အိမ်ထောင်သည်နှင့် အပျိုကြီး BMI ကွာခြားချက်သည် နှစ်ကီလိုဂရမ် ကွာခြားသည်။ BMI မြင့်မားသူများသည် နှလုံး၊ ဆီးချို၊ ကင်ဆာနှင့် သည်းခြေကျောက်ဖြစ်ရန် အခွင့်အလမ်းများပါတယ်။ ထိုကြောင့် အပျိုကြီးများသည် ကိုယ်ခန္ဓာအချိုးအဆ ပိုမိုပြေပြစ်လှပကြပါတယ်။

(2) ဆုံးဖြတ်ချက် ပိုမိုခိုင်မာခြင်း

တကိုယ်တည်း အပျိုကြီးများသည် အိမ်ထောင်သည်များနှင့် ယှဉ်လျှင် ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိခြင်း အတွေးအခေါ်ကို သေချာသုံးသပ်နိုင်ခြင်းရှိပါတယ်။ မိမိဘဝကို မိမိကိုယ်တိုင် ဖန်တီးနိုင်ခြင်းကို အိမ်ထောင်သည်များထက် ပိုမိုပျော်ရွှင်သော စိတ်အခြေအနေပိုင်ဆိုင်ကြပါတယ်။ ပတ်ဝန်းကျင်အပေါ် အကောင်းမြင်စိတ်များ ပိုမိုအားကောင်းသောကြောင့် ပတ်ဝန်းကျင်အတွက်လည်း အထောက်အကူပြုပေးပါတယ်။

(3) ဖန်တီးနိုင်မှု စွမ်းအားမြင့်မားခြင်း

အပျိုကြီးများသည် မိသားစုအရေးအတွက် စိတ်ဖိဆီးမှုနည်းပါးခြင်းကြောင့် အလုပ်တွင် ဖန်တီးနိုင်မှုနှင့် ထုတ်လုပ်နိုင်မှုစွမ်းအား များမြင့်မားကြပါတယ်။ အလုပ်အပေါ် အချိန်ပေးနိုင်မှုရှိခြင်းကြောင့် လုပ်ငန်းခွင်တွင် အောင်မြင်ပျော်ရွှင်မှု အပြည့်အဝရရှိစေပါတယ်။

(4) ပေါင်းသင်းဆက်ဆံမှု အားကောင်းခြင်း

အပျိုကြီးများသည် အိမ်ထောင်သည်များထက် ပေါင်းသင်းဆက်ဆံမှုအားကောင်းပါတယ်။ မိမိအပေါင်းအသင်းများအပေါ် လိုအပ်သောအကူအညီ ပေးနိုင်မှု အချိန်ပေးနိုင်မှုကြောင့် ပေါင်းသင်းဆက်ဆံမှုအားကောင်းပါတယ်။ အပေါင်းအသင်းများခြင်းသည် စိတ်ရောကိုယ်ပါ တက်ကြွမှုကြောင့် အဝလွန်ခြင်းကို လျော့စေပါတယ်။ အသက်ရှည်ကျန်းမာခြင်းကိုလည်းအထောက်အကူပြုပါတယ်။

(5) ကိုယ်ခန္ဓာ ကြံ့ခိုင်မှုရှိခြင်း

အိမ်ထောင်သည်များသည် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရန် အချ်န်မပေးနိုင်ပဲ အပျိုကြီးများသည် နေ့စဉ်လေ့ကျင့်ခန်းလုပ်ရန် အချိန်ပေးနိုင်ပါတယ်။ ပုံမှန်လေ့ကျင့်မှုကြောင့် ကိုယ်လက်ကြံ့ခိုင်ပြီး ရောဂါများကို ကာကွယ်နိုင်စွမ်းမြင့်မားကာ ကျန်းမာသောဘဝကို ရရှိစေပါတယ်။

ဒါကြောင့်မို့ ဝါကျွတ်ချိန်နီးတိုင်း ဘယ်တော့စားရမလဲဆိုတဲ့ မေးခွန်းကို ဖြေဖို့ စဉ်းစားမနေပဲ အပေါ်ကအချက်တွေကိုပဲ ပြန်တွေးကြည့်ပြီး ပျော်ရွှင်စွာခံစားကြည့်လိုက်ပါ။

Dr.ပြည့်ရှင်း

ဆက်စပ် ဆောင်းပါးများ