မိန်းမကိုယ်ရောင်ရမ်းခြင်း

မိန်းမကိုယ်ရောင်ရမ်းခြင်း

မိန်းမကိုယ်နူတ်ခမ်းသားကို အပြင်နူတ်ခမ်းသားနဲ့အတွင်းနူတ်ခမ်းသားဆိုပြီး နှစ်ပိုင်းခွဲခြားထားပါတယ်။ထိုနူတ်ခမ်းရှိခြင်းသည် မိန်းမကိုယ်အတွင်းအင်္ဂါများကို အကာအရံအတားအဆီးတစ်ခုအနေဖြင့် ဆောင်ရွက်ပေးပါတယ်။အမျိုးသမီးတစ်ဦးနှင့်တစ်ဦးသည် မိန်းမကိုယ်နူတ်ခမ်းသား အရွယ်အစားမတူညီကြပါ။သို့သော် ပိုးကူးစက်ခံရခြင်း။ဓာတ်မတည့်ခြင်းစသောအခြေအနေတွင် မိန်းမကိုယ်နုတ်ခမ်းသားသည် နီရဲရောင်ရမ်းလာတတ်ပါတယ်။

(1)ခံစားရသောလက္ခဏာများမှာ
မိန်းမကိုယ်နူတ်ခမ်းသားရောင်ရမ်းခြင်းအပြင်
-မိန်းမကိုယ်ပူခြင်း
-ယားယံခြင်း
-အနံ့ဆိုးထွက်ခြင်း
-လမ်းလျောက်ရာတွင်သော်လည်းကောင်း/ထိုင်နေစဉ်သော်လည်းကောင်း နာကျင်မူခံစားရတတ်ပါတယ်။

(2)ဘာလို့ဖြစ်ရသလဲ?
မိန်းမကိုယ်နူတ်ခမ်းသားများသည်အလွန်နူးညံ့သောအစိတ်အပိုင်းဖြစ်သောကြောင့် ရောင်ရမ်းလွယ်ပါတယ်။အများအားဖြင့်ဖြစ်နိုင်သောအကြောင်းရင်းများမှာ

-မိူပိုးဝင်ခြင်း
Candidaလို့ခေါ်တဲ့မှိုပိုးကူးစက်ခံရသောကြောင့်  မိန်းမကိုယ်တစ်ခုလုံး ပူခြင်း။ယားယံခြင်းနှင့်ရောင်ရမ်းခြင်းကို ဖြစ်စေပါတယ်။မှိုးပိုးကူးစက်ခြင်းသည် ပိုးသတ်ဆေးအလွန်အကျွံသုံးခြင်း။ဆီးချိုနှင့်တားဆေးဆိုးကျိုးတို့ကြောင့် ကူးစက်ခံရနိုင်ပါတယ်။

-ဘက်တီးရီးယားပိုးကူးစက်ခြင်း
အပျော်အပါးလိုက်စားသူများတွင်ဖြစ်နိုင်ပါတယ်။ငါးညီနံ့ကဲ့သို့ စိမ်းရွှေရွှေအဖြူရည်များဆင်းလေ့ရှိပါတယ်။

-ကပ်ပါးပိုးကူးစက်ခြင်း
လိင်ဆက်ဆံခြင်းကြောင့်ကူးစက်ခံရသော ကပ်ပါးပိုးကြောင့်လည်း မိန်းမကိုယ် ပူခြင်း။နာခြင်းနှင့်ရောင်ရမ်းခြင်းအပြင်ဆီးသွားရခက်ခြင်းစသည်တို့ကိုဖြစ်စေပါတယ်။

-ဓာတ်မတည့်ခြင်း
မိန်းမကိုယ်နူတ်ခမ်းသားများသည် မိမိနှင့်ဓာတ်မတည့်သော ရေမွှေး။ဆပ်ပြာနှင့်ကွန်ဒုံး စသည်တို့ကြောင့်လည်း ရောင်ရမ်းစေနိုင်ပါတယ်။

-Bartholin cyst
Bartholin glandတွင်ရေအိတ်တည်ခြင်းကြောင့် ပိုးဝင်ကာ ရောင်ရမ်းနာကျင်မူကိုဖြစ်စေပါတယ်။

-လိင်ဆက်ဆံရာတွင်ခြောက်သွေ့ခြင်း
လိင်ဆက်ဆံရာတွင် ချောမွေ့စေသောအရည်မထွက်သောကြောင့် ရောင်ရမ်းမူဖြစ်စေပါတယ်။

(3)ရောဂါရှာဖွေမူ
မိန်းမကိုယ်နူတ်ခမ်းသားရောင်ရမ်းမူခံစားရပါက သေချာ သားဖွားမီးယပ်အထူးကုနှင့်တိုင်ပင်ကာ ပိုးကူးစက်အဓိကအကြောင်းရင်းကို ရှာဖွေပါ။အသားစယူခြင်း။အချွဲစစ်ခြင်းစသည်တို့ကိုပြုလုပ်သင့်ပါတယ်။

(4)အိမ်တွင်းကုသမူအနေဖြင့် မိန်းမကိုယ်နူတ်ခမ်းသားရောင်ရမ်းမူသက်သာစေသောနည်းများကိုအသုံးပြုပါ။

-ရောင်ရမ်းနေသောနေရာကို ရေခဲကပ်ပါ။
-အကိုက်အခဲပျောက်ဆေးသောက်ပါ။
-မိန်းမကိုယ်အတွင်းသို့မိမိဖာသာမိမိ ဆေးရည်မထည့်ရပါ။
-သက်သာချောင်ချိသော အတွင်းခံဝတ်ပါ။
-မိမိနှင့်မတည့်သော ဆပ်ပြာ ။ရေမွှေးစသည်တို့ကိုရှောင်ပါ။
-ကွန်ဒုံးနှင့်မတည့်လျှင်အခြားသောတားနည်းသုံးပါ။
-လိင်ဆက်ဆံမူ ခေတ္တရှောင်ပါ။
-လိင်ဆက်ဆံရာတွင်အဆင်ပြေရန်ချောဆီသုံးပါ။စသည့်နည်းလမ်းများကို အသုံးပြုပါ။မသက်သာပါက နီးစပ်ရာဆရာဝန်နှင့်အမြန်ကုသမူခံယူပါ။

(5)ကုသမူအနေဖြင့် ဖြစ်စေသော ပိုးအခြေအနေပေါ်မူတည်ရျ် ပိုးသတ်ဆေးဖြင့်ထိရောက်စွာကုသမူခံယူနိုင်ပါတယ်။ဓာတ်မတည့်မူအခြေအနေတွင်လည်း စတီးရွိုက်လိမ်းဆေးများဖြင့်လည်းကုသမူခံယူပျောက်ကင်းနိုင်ပါတယ်။Bartholin cystဖြစ်လာပါကလည်း ခွဲစိတ်ကုသမူခံယူနိုင်ပါတယ်။

 

ဆက်စပ် ဆောင်းပါးများ