မိုးလေတဖွဲဖွဲ နှာရည်တရွှဲရွှဲ

လေတဖွဲဖွဲ နှာရည်တရွှဲရွှဲ

မိုးလေတဖွဲဖွဲ နှာရည်တရွှဲရွှဲနှင့် နေ့စဉ်လူပ်ရှားမူတိုင်းအတွက်ထာ စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။တရွှဲရွှဲထွက်နေသောနှာရည်ကို တချိန်လုံးညှစ်ရသောကြောင့် နှာခေါင်းတခုလုံးနာ ။ခေါင်းတခုလုံးအုံနှင့် လူလည်ဖျားချင်ချင်ဖြစ်လာပါတယ်။
နှာပိတ်နေလျှင် နှာရည်မထွက်ဘဲ နှာရည်ကပ်နေတတ်ပါတယ်။နှာစေးသက်သာအောင် သက်သာစေဆေးများသည်လည်း အိပ်ချင်သောကြောင့်အလွယ်တကူသောက်ရန်မဖြစ်နိုင်ပါတယ်။ထို့ကြောင့်ယခုလိုမိုးရာသီမှာ နှာတရွှဲရွှဲ သို့မဟုတ် နှာစေးနှာပိတ်ခြင်းကို အလွယ်တကူသက်သာစေသောနည်းလမ်းများကိုသာ သိချင်သောကြောင့်ondrကို လှမ်းမေးနေသောပရိသတ်များအတွက်အိမ်တွင်းဆေးနည်းများရေးသားလိုက်ရပါတယ်။

နှာရည်ယို နှာစေးခြင်းဖြစ်စေနိုင်သောအကြောင်းရင်းများမှာ
-တုပ်ကွေးမိခြင်း
-ဓာတ်မတည့်ခြင်း
-ရာသီဥတုပြောင်းလဲခြင်းစသောအခြေအနေများဖြစ်ပါတယ်။အချိန်မှီမကုသပါက ချောင်းဆိုးခြင်။နားကိုက်ခြင်း။ခေါင်းကိုက်ခြင်းစသောအခြားလက္ခဏာများဖြစ်လာနိုင်ပါတယ်။အလွယ်တကူသက်သာစေသောဆေးဝါးများရှိသောလည်းဆိုးကျိုးအနေဖြင့်မူးဝေခြင်းကိုမခံစားနိုင်လျှင်အောက်ပါအိမ်တွင်းနည်းလမ်းများကိုအသုံးပြုပါ။

အိမ်တွင်းနည်းလမ်းများမှာ
-ဆားရေနွေး
ဆားရေနွေးသည် နှာရည်ယို နှာပိတ်ခြင်းအတွက်သက်သာစေသောအကောင်းဆုံးနည်းလမ်းတစ်ခုပါ။ဆားရေနွေးသည် နှာခေါင်းချွဲကပ်နေခြင်းကို ပျော်စေကာ အလွယ်ထွက်စေနိုင်ပါတယ်။ဆားလဘက်ရည်ဇွန်းတဝက်နှင့်ရေနွေး၂ခွက်ထဲထည့်ဖျော်ကာ ဆားရေနွေးတစ်၂စက်ကို နှာခေါင်းထဲအစက်ချပါ။ဆားရေနွေးကို နှာခေါင်းထဲသို့ရူသွင်းပေးပါ။နေ့စဉ်မကြာခဏလုပ်ပေးပါက အထူးသက်သာစေနိုင်ပါတယ်။
-ရေနွေးငွေ့ရူခြင်း
ရေနွေးငွေ့ရူုခြင်းသည် နှာပိတ်ခြင်း နှာချီခြင်းကို သက်သာစေပါတယ်။အချွဲကပ်ခြင်းကို သက်သာစေပါတယ်။
ရေနွေးပူထဲကို ပရုတ်အနည်းငယ်ထွက်လာလျှင် အငွေ့ရူသွင်းပေးပါ။နေ့စဉ်ပြုလုပ်ပေးပါက နှာပိတ်ခြင်းသကသာစေပါတယ်။
-မုန့်ညင်းဆီ
မုန့်ညင်းဆီသည် ပိုးသေစေနိုင်သော။ဓာတ်မတည့်မူသက်သာစေနိုင်သောအစွမ်းရှိပါတယ်။ရေနွေးထဲကို မုန့်ညင်းဆီထည့်ကာ နှာခေါင်းထဲသို့ ရေနွေးတစက်နှစ်စက်ထည့်ပေးပါ။နှာခေါင်းအတွင်းအချွဲပျော်ရျ် သက်သာစေပါတယ်။အဆ်ုပါမုန့်ညင်းဆီရေနွေးငွေ့ကိုရူပေးပါက အသက်ရူလမ်းကြောင်းဆိုင်ရာလက္ခဏာများသက်သာစေပါတယ်။
-နနွင်း
နနွင်းသည် ကျန်းမာရေးအတွက်သင့်တော်သောဆေးဝါးတစ်လက်ပါ။နနွင်းသည် ဓာတ်တိုးဆန့်ကျင်နိုင်စွမ်း။ပိုးသတ်ဆေးနိုင်သောအစွမ်းနှင့်အရောင်ကျစေသောအစွမ်းရှိပါတယ်။နနွင်းမူန့်ကို နှမ်းကြတ်ဆီနှင့်ရောရျ် အငွေ့ထွက်သည်ထိ အပူပေးပါ။အဆိုပါအငွေ့ကို အထဲရောက်သည်အထိ ရိူက်ရူပေးပါ။အအေးမိနှာစေးခြင်းအတွက်အထူးသက်သာစေပါတယ်။နနွင်းမူန့်ကိုနွားနို့ပူပူနှင့် ညအိပ်ခါနီးတိုင်းသောက်ပေးပါက အအေးမိ ချောင်းဆိုးနှာစေးခြင်းကို ကာကွယ်မူပေးပါတယ်။
-ချင်း
ချင်းတွင်ဓာတ်တိုးဆန့်ကျင်နိုင်စွမ်း။ပိုးသတ်ဆေးနိုင်သောအစွမ်းနှင့်အရောင်ကျစေသောအစွမ်း။မိူပိုးသေစေနိုင်သောအစွမ်းရှိပါတယ်။ချင်းကိုဆားနဲ့တို့ရျ် အနည်းငယ်စားပေးပါ။ရေနွေးပူထဲသိုချင်းထည့်သောက်ပါ။ချင်းပြုတ်ရည်အငွေ့ရူပါ။နှာရည်ယို နှာပိတ်ခြင်းအထူးသက်သာစေပါတယ်။
-ကြက်သွန်ဖြူ
ကြက်သွန်ဖြူတွင်ဓာတ်တိုးဆန့်ကျင်နိုင်စွမ်း။ပိုးသတ်ဆေးနိုင်သောအစွမ်းနှင့်အရောင်ကျစေသောအစွမ်းရှိပါတယ်။ကြက်သွန်ဖြူကိုရေနွေးပူပူထဲကိုပါးပါးလှီးကာစိမ်သောက်ပါ။ကြက်သွန်ဖြူကိုနေ့စဉ်စားပေးပါ။အခြားသောကြက်သွန်ဖြူနှင့်ပြုလုပ်ထားသောအစာအစားများကိုစားပေးပါ။ကြက်သွန်ဖြူသည်နာရည်ယို နှာပိတ်ခြင်းအတွက်အထူးသင့်လျော်ပါတယ်။
-ပျားရည်
ပျားရည်သည် ပိုးသေစေနိုင်သောအစွမ်းရှိပါတယ်။ပျားရည်၂ဇွန်း။လိမ္မော်ရည်၂ဇွန်း နေ့စဉ်၂ကြိမ်သောက်ပါ။ကိုယ်ခံအားကောင်းစေပြီး နှာစေးနှာပိတ်ခြင်းကင်းစင်ပါတယ်။
-ငရုတ်သီးမူန့်
ငရုတ်သီးမူန့်သည် ဓာတ်မတည့်ခြင်းဖြစ်မူကိုဆန့်ကျင်ကာ နှာခေါင်းပိတ်ခြင်းကို သက်သာစေပါတယ်။အစားအသောက်ထဲတွင်အနည်းငယ်စားပေးပါက နှာပိတ်ခြင်းသက်သာစေနိုင်ပါတယ်။
အထက်ပါနည်းလမ်းများအသုံးပြုပါက နှာရည်ယိုနှာပိတ်ခြင်းရက်အနည်းငယ်အတွင်းသက်သာစေနိုင်ပါတယ်။နှာရည်ယို နှာပိတ်ခြင်းအပြင် ဖျား။ချောင်းဆိုး။ကိုယ်လက်ကိုက်ခဲပါက နီးစပ်ရာဆရာဝန်ပြပါ။

Dr. ပြည့်ရှင်း

ဆက်စပ် ဆောင်းပါးများ