မိန်းမကိုယ်မှ ဂတ်စ်ထွက်ခြင်း

မိန်းမကိုယ်မှ ဂတ်စ်ထွက်ခြင်း

“ရှူး” လို့အသံထွက်နေသောအခါ မိမိကိုယ်ကို မိမိအလန့်တကြားထိတ်လန့်မိပါတယ်။ လေလည်နေသောအသံကဲ့သို့ မိန်းမကိုယ်မှထွက်သောအခါ ဇဝေဇန အဖြေရှာနေမိပါတယ်။

ဒါက ပုံမှန်လား  ? ပြင်းထန်သောရောဂါတခုရဲ့ လက္ခဏာလား စိုးရိမ်စိတ်လည်းရှိနေတတ်ပါတယ်။

မိန်းမကိုယ်မှ ဂတ်စ် (ဝါ) လေထွက်ခြင်းအကြောင်းရင်းခံကို သိချင်သူ အမျိုးသမီးအများအပြား OnDoctor ပရိသတ်တွေအတွက် ရေးပြလိုက်ပါတယ်။

(1) လေထွက်သောအကြောင်းရင်းများစွာ ရှိသည့်အနက် အရေးကြီးသောအကြောင်းရင်းနှင့်ဖြစ်လေ့ရှိတတ်သောအကြောင်းရင်းကိုသေချာစွာခွဲခြားတတ်ရန်လိုအပ်ပါတယ်။

– လိင်ဆက်ဆံခြင်း

လိင်ဆက်ဆံခြင်းသည် အဖြစ်များသောလေထွက်သောအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ အမျိုးသားလိင်တံ မိန်းမကိုယ်ထဲဝင်ရာတွင် လေပါခိုအောင်းပြီး ကြွက်သားများကျုံ့ဆန့်သောအခါ လေထွက်ပြီး လေလည်သံထွက်ကာ လေပူဖောင်းထွက်သကဲ့သို့ခံစားရတတ်ပါတယ်။ ပုံမှန်မဟုတ်သောဆက်ဆံခြင်း oral sex ကြောင့်လည်း ဖြစ်တတ်ပါတယ်။

– တင်ပါးဆုံမူမမှန်ခြင်း

တင်ပါးဆုံကြွက်သားများ မူမမှန်ခြင်းကြောင့်လည်း မိန်းမကိုယ်မှ အသံထွက်တတ်ပါတယ်။

– မိန်းမကိုယ်အပေါက်ရှိခြင်း

မိန်းမကိုယ်သည် မူမမှန်အပေါက်ဖြစ်ကာ မိန်းမကိုယ်နှင့် အခြားသောအတွင်းကလီစာနှင့်ဆက်စပ်ခြင်းကြောင့် ဖြစ်နိုင်ချေရှိပါတယ်။ လိင်ဆက်ဆံခြင်းနှင့်မဆိုင်ဘဲ ပုံမှန်လေထွက်နေခြင်းဖြစ်နိုင်ပါတယ်။ ပုံစံမျိုးစုံဖြင့် မိန်းမကိုယ်အပေါက် ဖြစ်နေတတ်ပါတယ်။

ဆီးအိမ်နှင့် ဆက်စပ်နေလား အူမကြီးနှင့်ဆက်စပ်နေလား စသည်ဖြင့်အမျိုးမျိုးရှိပါတယ်။ မိန်းမကိုယ်နှင့် ဆီးပြွန်ဆက်စပ်နေတတ်တယ်။ တခါတရံ မိန်းမကိုယ်နှင့် အူမကြီးဆက်စပ်နေတတ်ပါတယ်။ မွေးရာပါမဟုတ်ဘဲ ကလေးမွေးစဉ် ပြသနာဖြစ်က အူမကြီးနှင့်ဆက်သွားတတ်ပါတယ်။ ခွဲစိတ်မှု၊ ကင်ဆာ ရောဂါတွေကြောင့်လည်း အပေါက်ဖြစ်ကာ မိန်းမကိုယ်လေထွက်တတ်ပါတယ်။

– စအိုမှ မှန်ပြောင်းကြည့်ခြင်း

မှန်ပြောင်းကြည့်ရူခြင်းကြောင့် လေများပြန်နှံ့ကာ မိန်းမကိုယ်လေထွက်ခြင်းဖြစ်စေပါတယ်။

(2) လက္ခဏာများမှာ မိန်းမကိုယ်သည် အခြားသောအင်္ဂါတစ်ခုနှင့် ဆက်သွယ်အပေါက်ဖြစ်နေပါက မိန်းမကိုယ်လေထွက်ခြင်းအပြင် အခြားသောလက္ခဏာများလည်း ခံစားရတတ်ပါတယ်။

– လေထွက်ခြင်း
– ဆီးထဲဝမ်းပါခြင်း
– မိန်းမကိုယ်အနံမကောင်းခြင်း
– မိန်းမကိုယ်ရောင်ခြင်း
– ဆီးဝမ်းမထိန်းနိုင်ခြင်း
– မိန်းမကိုယ်နဲ့စအို တဝိုက်နာကျင်ခြင်း
– လိင်ဆက်ဆံရာတွင်နာကျင်ခြင်း
– ဗိုက်နာခြင်း
– ပျို့အန်ခြင်းစသည်တို့ပါခံစားရနိုင်ပါတယ်။

(3) လေထွက်ခြင်းကာကွယ်ရန်

လေထွက်ခြင်းကာကွယ်ရန် နည်းလမ်းအထွေအထူးမရှိပါ။ ပုံမှန်အားဖြင့် လိင်ဆက်ဆံခြင်းကြောင့် သဘာဝအားဖြင့် အသံထွက်ခြင်းဖြစ်ပါတယ်။ Kegel လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် တင်ပါးဆုံကြွက်သားများကို လေ့ကျင့်ပေးပါ။ ဆိုးရွားပါက မိန်းမကိုယ်အပေါက်ကျဉ်းစေရန်ခွဲစိတ်မှုခံယူပါ။

(4) ကုသရန်

မိန်းမကိုယ်လေထွက်ခြင်းသည် ရောဂါအကြောင်းရင်းမရှိပါက ကုသရန်မလိုပါ။ သို့သော်မိန်းမကိုယ်သည် အခြားသောအင်္ဂါနှင့် ဆက်စပ်အပေါက်ဖြစ်နေပါက သေချာခွဲစိတ်ကုသရန်လိုအပ်ပါတယ်။ မကုသပါက နောက်ဆက်တွဲဆိုးကျိုးများ ခံစားရနိုင်ချေရှိပါတယ်။

Dr.ပြည့်ရှင်း

ဆက်စပ် ဆောင်းပါးများ