ရာသီပန်းရဲ့ဒုက္ခ

ရာသီပန်းရဲ့ ဒုက္ခ

အမျိုးသမီးတွေအားလုံးရဲ့ စိတ်အနှောက်ယှက်ဖြစ်ရဆုံး စိတ်ညစ်ရဆုံးကိစ္စသည် လစဉ်ရာသီလာနေချိန်ပင်ဖြစ်ပါတယ်။ ပုံမှန်လာချိန်တွင် ကိုယ်လက်မအီမသာဖြစ်သောကြောင့် စိတ်အမြဲရူပ်နေရတတ်ပါတယ်။

အချို့အမျိုးသမီးများသည် ထိုကာလတွင် အလွန်အမင်းနာကျင်ကိုက်ခဲတတ်သောကြောင့် အလုပ်အကိုင်ပျက်သည်အထိ ခံစားရနိုင်ပါတယ်။ နာကျင်မှု ဝေဒနာသက်သာရန် အကိုက်အခဲပျောက်ဆေးသောက်ခြင်း စသည်ဖြင့်နည်းလမ်းမျိုးစုံကြိုးစားသော်လည်း သက်သာရန် ခဲယဉ်းပါတယ်။ တခါတရံထိုကာလကို ကျော်လွန်ချင်သည်အထိ စိတ်ပျက်စွာ ညည်းညူတတ်ကြပါတယ်။

ရာသီလာချိန်ကိုက်ခဲခြင်းသည် သားအိမ်နံရံများ ကွာကျသောကြောင့် ဝေဒနာဖြစ်ခြင်း ဖြစ်ပါတယ်။ အဆိုပါ ဝေဒနာအပြင် ချွေးထွက်ခြင်း၊ ဗိုက်ပွခြင်း၊ နုံးချိအားပျော့ခြင်း၊ ရင်သားနာခြင်းနှင့် စိတ်တိုအားငယ်လွယ်ခြင်းများပါ တပြိုင်နက် ခံစားရနိုင်ပါတယ်။

အမျိုးသမီးများအနေဖြင့် ရာသီလာချိန်ခံစားရသော ဝေဒနာများကို ဆေးဝါးအကူအညီဖြင့် ကျော်လွှားနိုင်သလို မိမိအနေအထိုင်အပြုအမူကို မလာခင်ကပဲကြိုတင် ရှောင်ရှားနေထိုင်ပြုမူသင့်ပါတယ်။ အဆိုပါ အပြုအမူများကို နာကျင်မှုဝေဒနာကို ပိုမိုဆိုးရွားနိုင်သည်ကို သတိပြုဆင်ခြင်သင့်ပါတယ်။

(1) အိပ်ရေးပျက်ခြင်း

ရာသီလာစဉ် ကိုက်ခဲမှုသည် အိပ်ရေးပျက်လျှင် ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ကောင်းမွန်စွာ အိပ်စက်ခြင်းသည် လိင်ဟော်မုန်းများကို မှန်ကန်စေပါတယ်။ အိပ်ရေးပျက်ပါက ရာသီမမှန် ရက်ကြာစေပြီး အိပ်ရေးမဝခြင်းကြောင့် စိတ်ဖိစီးမှုမြင့်တက်လာပြီး ပိုမိုနာကျင်ကိုက်ခဲစေပါတယ်။ ထို့ကြောင့် ရာသီလာခါနီး ရက်များတွင် အိပ်ရေးပျက်ခြင်းမရှိရန် အထူးဂရုစိုက် နေထိုင်သင့်ပါတယ်။

(2) ကဖင်းဓာတ်ပါသော အရည်များ

ရာသီလာစဉ် ကဖင်းဓာတ်ပါသော အရည်များသောက်သုံးခြင်းသည် ပိုမိုကိုက်ခဲစေပါတယ်။ ကဖင်းဓာတ်ပါသော အရည်များ သောက်သုံးသူများသည် မီးယပ်သွေးဆုံးဝေဒနာလည်း ပိုမိုခံစားရနိုင်ပါတယ်။

(3) ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်သုံးသော အမျိုးသမီးများတွင် အဆုတ်ကင်ဆာဖြစ်စေနိုင်သည်ဟု သတိထားရသည့်အပြင် ရာသီလာချိန်တွင်လည်း နာကျင်ကိုက်ခဲမႈကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။

(4) အရက်သောက်ခြင်း

အရက်သောက်ခြင်းသည် ရေဓာတ်ခမ်းခြောက်မႈအပြင် မက်ဂနီဆီယမ်ပမာဏကို များစေပြီး နာကျင်မႈဝေဒနာ ဆိုးစေပါတယ်။ အရက်သောက်ခြင်းသည် ခေါင်းကိုက်ခြင်း၊ စိတ်ပင်ပန်းခြင်းကိုလည်း ဖြစ်စေပါတယ်။

(5) အချိုစားခြင်း

နာကျင်မူဝေဒနာသက်သာရန် အချိုများစားတတ်ကြပါတယ်။ အချိုဓာတ်ကြောင့် အင်ဆူလင်ဓာတ်ကိုတိုးစေပြီး လိင်ဟော်မုန်းပမာဏကို ပြောင်းလဲစေပါတယ်။ ထို့ကြောင့် စိတ်တိုလွယ်ခြင်းစသော ဝေဒနာဖြစ်စေပါတယ်။ အချိုစားချင်ပါက အခြားသောအသီးအနှံ့များ စားသုံးပေးသင့်ပါတယ်။

(6) စိတ်ဖိစီးမှုများခြင်း

စိတ်ဖိစီးမှုများလျှင် နာကျင်မႈဒဏ်ကို ခံနိုင်ရည် မရှိတော့ပါ။ ပိုမိုနာကျင်ပြီး ပိုမိုစိတ်တိုလွယ်နိုင်ပါတယ်။ စိတ်ဖြေလျော့နည်း တခုခုလုပ်ကြည့်ပါ။ တရားထိုင်ပါ။ စာဖတ်ကြည့်ပါ။ ယောဂကျင့်ကြည့်ပါ။

(7) လေ့ကျင့်ခန်း မပြုလုပ်ခြင်း

လေ့ကျင့်ခန်းမှန်မှန်မပြုလုပ်လျှင် ကြွက်သားနာကျင်မႈဒဏ် ပိုခံစားရနိုင်ပါတယ်။

(8) ဆား

ရာသီလာခါနီးအချိန်တွင် ငန်သောအစာအစားများကို မစားပါနဲ့။ ငန်သောကြောင့် လေပွကာ ဗိုက်ကယ်နေသောကြောင့် ရာသီလာချိန် ပိုမိုဆိုးရွားစေနိုင်ပါတယ်။

ရာသီလာစဉ် ကိုက်ခဲမႈကို ဖြေလျော့စေနိုင်သော နည်းလမ်းများမှာ

– အစာအိမ်ရောဂါမရှိလျှင် အကိုက်အခဲပျောက်ဆေးအချို့သောက်သုံးနိုင်ပါတယ်။
– ဗိုက်သားပေါ်သို့ ရေနွေးအိတ်ကပ်ပေးခြင်းဖြင့် ဗိုက်အောင့် ခါးနာခြင်းကို သက်သာစေနိုင်ပါတယ်။
– လဘန်ဒါအဆီကို ဗိုက်သားပေါ်သို့လိမ်းကျံနှိပ်နယ်လိမ်းကျံပေးပါက ကိုက်ခဲမႈ ဝေဒနာလျော့ပါးစေပါတယ်။
– ရာသီလာချိန်တွင် ချုပ်စာများဖြစ်သော အပူအစပ်အငန်စသည်တို့ကို စားသုံးခြင်းရှောင်ရှားပါ။
– အပြည့်အဝအနားယူပါ။

Dr. ပြည့်ရှင်း

ဆက်စပ် ဆောင်းပါးများ