HIV ပိုး ရွိတဲ့အမ်ိဳးသမီးက ကိုယ္ဝန္ရွိခဲ့ရင္ ကေလးေမြးခဲ့ရင္ ဘာေတြလုပ္ရမလဲ။ အပိုင္း(၃)
အပိုင္း၁ နဲ႔ အပိုင္း၂မွာ အိတ္အိုင္ဗြီပိုးရွိတဲ့ အမ်ိဳးသမီးက ကိုယ္ဝန္ရွိခဲ့ရင္ ဘာေတြလုပ္သင့္လဲ။ ေမြးလာရင္ မိခင္ႏို႔တိုက္ရမလား။ ႏို႔ဘူးတိုက္ရမလား။ ႏို႔တိုက္ေကြၽးရာမွာလည္း ဘာေတြလိုက္နာရမလဲစတဲ့ အခ်က္အလက္ေတြ ေျပာထားၿပီးပါၿပီ။
အခု အပိုင္း၃မွာေတာ့ အိတ္အိုင္ဗြီပိုးရွိတဲ့ မိခင္ကေန ေမြးလာတဲ့ကေလးမ်ားႏွင့္ ကာကြယ္ေဆးထိုးႏွံ႔ျခင္း အေၾကာင္းဆိုတာကို ေျပာပါမယ္။
အိတ္အိုင္ဗြီပိုးရွိတဲ့ မိခင္ကေမြးလာတဲ့ ကေလးတိုင္းကို က်န္းမာေရးဝန္ႀကီးဌာနက အခ်ိန္မွန္ထိုးေပးေနတဲ့ တလခြဲ၊ ႏွစ္လခြဲ၊ သုံးလခြဲအခ်ိန္ေတြမွာ ဆုံဆို႔၊ၾကက္ညႇာ၊ေမးခိုင္(DPT Vaccine) တို႔ ပိုလီယိုအစက္ခ်ကာကြယ္ေဆးတို႔ ထိုးေပးတာ၊ တိုက္ေပးတာေတြ လုပ္ႏိုင္ပါတယ္။
အသက္ ၉လနဲ႔ ၁ႏွစ္ခြဲ(၁၈လ) ျပည့္တဲ့အခါမွာလည္း ဝက္သက္ကာကြယ္ေဆးထိုးတာ စတဲ့က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ ကာကြယ္ေဆးထိုးဇယားထဲက ကာကြယ္ေဆးေတြ ထိုးေပးႏိုင္ပါတယ္။
သို႔ေသာ္ ေဆးထိုးေပးရမယ့္အခ်ိန္မွာ ကေလးကဖ်ားေနရင္ သို႔မဟုတ္ ဝမ္းေလွ်ာဝမ္းပ်က္ျဖစ္ေနရင္ေတာ့ အဖ်ားနဲ႔ဝမ္းေလွ်ာဝမ္းပ်က္ ျဖစ္တာေပ်ာက္သြားမွ ကာကြယ္ေဆးထိုးေပးသင့္ပါတယ္။
တကယ္လို႔ အိတ္အိုင္ဗြီပိုးရွိတဲ့ အမ်ိဳးသမီးက အေၾကာင္းတခုခုေၾကာင့္ ကိုယ္ဝန္ေဆာင္ကာလ မွာကတည္းကျဖစ္ေစ၊ ေမြးဖြားစဥ္ ကာလမွာ ျဖစ္ေစ၊ ေမြးၿပီးကာလမွာျဖစ္ေစ Anti-retroviral prophylaxis (PMCT – Prevention Of Mother to Child Transmission) ဆိုတဲ့ မိခင္ကေနကေလးကို ကူးစက္မႈအား ကာကြယ္တဲ့ အစီအစဥ္နဲ႔ ကုထုံး အဆင့္ေတြ ကို မရယူခဲ့လို႔ ကံဆိုးစြာနဲ႔ေမြးလာတဲ့ကေလးက ေပါက္စနအ႐ြယ္မွာကို ကိုယ္ခံအားက်ေနၿပီး အျပင္းဖ်ားေနတယ္ဆိုရင္ေတာ့ ကာကြယ္ေဆးထိုးတာေတြကို ရပ္ဆိုင္းၿပီး လိုအပ္တဲ့ေရာဂါကုသမႈေတြကို အခ်ိန္မီ ျပဳလုပ္ေပးဖို႔ လိုပါတယ္။
Author : Dr. 528
HIV ပိုး ရှိတဲ့အမျိုးသမီးက ကိုယ်ဝန်ရှိခဲ့ရင် ကလေးမွေးခဲ့ရင် ဘာတွေလုပ်ရမလဲ။ အပိုင်း(၃)
အပိုင်း၁ နဲ့ အပိုင်း၂မှာ အိတ်အိုင်ဗွီပိုးရှိတဲ့ အမျိုးသမီးက ကိုယ်ဝန်ရှိခဲ့ရင် ဘာတွေလုပ်သင့်လဲ။ မွေးလာရင် မိခင်နို့တိုက်ရမလား။ နို့ဘူးတိုက်ရမလား။ နို့တိုက်ကျွေးရာမှာလည်း ဘာတွေလိုက်နာရမလဲစတဲ့ အချက်အလက်တွေ ပြောထားပြီးပါပြီ။
အခု အပိုင်း၃မှာတော့ အိတ်အိုင်ဗွီပိုးရှိတဲ့ မိခင်ကနေ မွေးလာတဲ့ကလေးများနှင့် ကာကွယ်ဆေးထိုးနှံ့ခြင်း အကြောင်းဆိုတာကို ပြောပါမယ်။
အိတ်အိုင်ဗွီပိုးရှိတဲ့ မိခင်ကမွေးလာတဲ့ ကလေးတိုင်းကို ကျန်းမာရေးဝန်ကြီးဌာနက အချိန်မှန်ထိုးပေးနေတဲ့ တလခွဲ၊ နှစ်လခွဲ၊ သုံးလခွဲအချိန်တွေမှာ ဆုံဆို့၊ကြက်ညှာ၊မေးခိုင်(DPT Vaccine) တို့ ပိုလီယိုအစက်ချကာကွယ်ဆေးတို့ ထိုးပေးတာ၊ တိုက်ပေးတာတွေ လုပ်နိုင်ပါတယ်။
အသက် ၉လနဲ့ ၁နှစ်ခွဲ(၁၈လ) ပြည့်တဲ့အခါမှာလည်း ဝက်သက်ကာကွယ်ဆေးထိုးတာ စတဲ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကာကွယ်ဆေးထိုးဇယားထဲက ကာကွယ်ဆေးတွေ ထိုးပေးနိုင်ပါတယ်။
သို့သော် ဆေးထိုးပေးရမယ့်အချိန်မှာ ကလေးကဖျားနေရင် သို့မဟုတ် ဝမ်းလျှောဝမ်းပျက်ဖြစ်နေရင်တော့ အဖျားနဲ့ဝမ်းလျှောဝမ်းပျက် ဖြစ်တာပျောက်သွားမှ ကာကွယ်ဆေးထိုးပေးသင့်ပါတယ်။
တကယ်လို့ အိတ်အိုင်ဗွီပိုးရှိတဲ့ အမျိုးသမီးက အကြောင်းတခုခုကြောင့် ကိုယ်ဝန်ဆောင်ကာလ မှာကတည်းကဖြစ်စေ၊ မွေးဖွားစဉ် ကာလမှာ ဖြစ်စေ၊ မွေးပြီးကာလမှာဖြစ်စေ Anti-retroviral prophylaxis (PMCT – Prevention Of Mother to Child Transmission) ဆိုတဲ့ မိခင်ကနေကလေးကို ကူးစက်မှုအား ကာကွယ်တဲ့ အစီအစဉ်နဲ့ ကုထုံး အဆင့်တွေ ကို မရယူခဲ့လို့ ကံဆိုးစွာနဲ့မွေးလာတဲ့ကလေးက ပေါက်စနအရွယ်မှာကို ကိုယ်ခံအားကျနေပြီး အပြင်းဖျားနေတယ်ဆိုရင်တော့ ကာကွယ်ဆေးထိုးတာတွေကို ရပ်ဆိုင်းပြီး လိုအပ်တဲ့ရောဂါကုသမှုတွေကို အချိန်မီ ပြုလုပ်ပေးဖို့ လိုပါတယ်။
Author : Dr. 528