လူငယ်တွေဟာတက်ကြွတယ်။ရဲရင့်တယ်။အနာဂတ်ကိုစိုးမိုးတယ်။
မောင်။ ။ ကိုယ်ရည်ကိုယ်သွေးထိန်းသိမ်းခြင်းဆိုတာ စီးပွားရေးလုပ်သူများ၊ ဝန်ထမ်းများ၊ စီမံခန့်ခွဲမှု သင်တန်းများ၊ ဝန်ဆောင်မှုများ၊ ထုတ်ကုန်နဲ့ ဝန်ထမ်းများရဲ့ စွမ်းရည်မြှင့်တင်ဖို့ စတာတွေမှာ ပြောဆို သုံးနှုန်းကြပါတယ်။
မယ်။ ။ – ကောင်းတဲ့စံနှုန်းတွေကို ဆိုလိုတာပေါ့နော်ဆရာ။
ဒေါက်တာမင်္ဂလာ။ ။- ကိုယ်ရည်ကိုယ်သွေးဆိုတာ ကိုယ့်မှာ ကောင်းတဲ့ စိတ်ထားတွေ အခြေပြုတဲ့စံနှုန်း၊ ကောင်းတဲ့အပြုအမူ၊ အပြောအဆို၊ စွမ်းဆောင်နိုင်စွမ်းရှိနေခြင်းလို့ဆိုတော့ ကိုယ့်မှာ အရည်အချင်း ကောင်းတွေရှိဖို့ မဖြစ်မနေ လိုအပ်လာပြီဖြစ်တယ်။
မောင်။ – ။ဘယ်လို ကြိုးစားသင့်ပါသလဲဆရာ။ ဒေါက်တာမင်္ဂလာ – စိတ်ဝင်စားမှု၊ စေတနာနှင့် မှန်ကန်တဲ့ သဘောထားကို အားပြုရင်း၊ ကြိုးစား ရင်း စံနှုန်း (Quality) ကောင်းတဲ့သဘာဝနေနည်းတွေရမယ်။ ကိုယ်ပြောတဲ့စကားတစ်ခွန်း၊ ကိုယ်ပြုတဲ့ အပြုအမူ၊ ကိုယ်ရေး တဲ့ စာတစ်ကြောင်းကအစ စံနှုန်း (Quality) အကောင်းဆုံးဖြစ်သင့်တယ်။ အခြား လုပ်ကိုင်တဲ့၊ ပါဝင်တဲ့နေရာ များမှာလည်း ကိုယ်နဲ့သက်ဆိုင်သမျှ စံနှုန်းကောင်းအောင် ဂရုစိုက်ရမယ်။ ကောင်းလိုက်၊ ဆိုးလိုက်၊ အဆိုး သံသရာထဲ တစ်ဝဲလည်နေလို့ မဖြစ်ဘူး။ ကိုယ့်လက်ရှိအဆင့်နေရာထက် လျှောမကျအောင်၊ အဆင့် မနိမ့်အောင် ကိုယ်ရည်ကိုယ်သွေး ထိန်းသိမ်းခြင်း လုပ်ရမယ်။
မယ်။ – ။ပညာရေးနဲ့ နှိုင်းယှဉ်ပြီး ဆွေးနွေးပေးပါလားဆရာ။ ဒေါက်တာမင်္ဂလာ – ပညာရေးမှာ တစိုက်မတ်မတ် ကြိုးစားအားထုတ်ရမယ်။ အပြုအမူ အပြော အဆိုတွေ ကောင်းဖို့လိုအပ်သလို စိတ်ထားကောင်းပြီးသတိနဲ့ နေထိုင်သွားဖို့လည်း အရေးကြီးတယ်။
မောင်။ – ။စိတ်ကောင်းရှိဖို့ မှန်မှန်ကြိုးစားအားထုတ်သွားဖို့ ဆိုလိုတာပေါ့နော်ဆရာ။
ဒေါက်တာမင်္ဂလာ။ – ။သတိထားပြီး ဘဝမှာ အသက်ရှင်နေထိုင်တတ်တဲ့ အလေ့အကျင့်တွေ မွေးမြူလေ့ကျင့်ရင် စိတ်ကောင်းရရှိဖို့ လိုတယ်။ စိတ်ထားကောင်းမှ စိတ်တည်ငြိမ်မှာ။ ကိုယ်လိုချင်တဲ့နေရာ၊ ကိုယ်အလွယ်တကူ လျှောက်နိုင်၊ ခရီးရောက်နိုင်မှာပဲဖြစ်တယ်။
မယ်။ – ။ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးထိန်းသိမ်းဖို့ ဆိုတာကရောဆရာ။
ဒေါက်တာမင်္ဂလာ။ – ။ကိုယ့်ရဲ့စံနှုန်း ကိုယ်ထိန်းရမယ်။ ကမ္ဘာ့တာတိုဘုရင် အူစိန်ဘော့ဟာ မီတာ ၁၀၀ မှာ ကိုယ့်စံချိန်ကိုယ်ထိန်းရင်း နာမည်ကျော်လာတာပဲ။ ဘောလုံးမှာ ပီလီတို့၊ မာရာဒိုနာတို့၊ ဒေးဗစ် ဘက်ခမ်း တို့ဟာ ပြင်းထန်တဲ့ လေ့ကျင့်မှု၊ ပြိုင်ပွဲများများဝင်ပြိုင်တဲ့ အတွေ့အကြုံတွေက စံနှုန်းထိန်းရပါတယ်။
မောင်။ – ။အကြီးအကဲဖြစ်သွားသူများကရောဆရာ။
ဒေါက်တာမင်္ဂလာ။ – ။အကြီးအကဲတွေမှာလည်း ကိုယ့်စံနှုန်းကိုယ်ထိန်းရတယ်။ အကျင့်သီလ မပျက်စီးဘူး ဆိုတောင် ပြင်ပအရာတွေ၊ စံနှုန်းတွေကောင်းဖို့ ကြိုးစားရင်း၊ ပတ်ဝန်းကျင်ကိုလည်း ဂရုစိုက်ရတယ်။ ဦးစားပေး ရမယ်။
မယ်။ -။ ဒေါသကြီးသူ၊ ရန်လိုသူ မဖြစ်သင့်ဘူးပေါ့နော် ဆရာ။
ဒေါက်တာမင်္ဂလာ။ – ။အကြီးအကဲလုပ်သူဟာ မယဉ်ကျေးသူ၊ ဒေါသကြီးသူ၊ နေရာတကာ အပြစ်မြင်တတ်သူ မဖြစ်သင့်ပါဘူး။
မောင်။ – ။ကိုယ်ရည်ကိုယ်သွေးနိမ့်ပါးခြင်းရောဂါဆိုတာကရောဆရာ။
ဒေါက်တာမင်္ဂလာ။ – ။ကိုယ်ရည်ကိုယ်သွေးနိမ့်ပါးခြင်းကို လူတစ်ယောက်ကို မူမှန်စိတ်နဲ့ ယှဉ်တွဲမှသာ သိနိုင်တယ်။ အချို့မွေးရာပါဖြစ်ပြီး အချို့ပတ်ဝန်းကျင်၊ သူငယ်ချင်းများ၊ အရက်မူးယစ်ဆေးဝါး အလွဲသုံးမှု တို့ကြောင့်ဖြစ်တတ်ပါတယ်။ အချို့က ကိုယ့်ရဲ့အားနည်းချက်ကို တစ်ခုခုနဲ့ ဖုံးထားတတ်တယ်။ (ဥပမာ – ကွမ်းစားခြင်း) မယ် – ကတ်တဲ (kattle) ရဲ့ ကိုယ်ရည်ကိုယ်သွေး အင်္ဂါ (၁၆) ရပ် အကြောင်းဆွေးနွေးပါဦးဆရာ။
ဒေါက်တာမင်္ဂလာ။ – ။၁၆ ချက်မှာ ၁၆မှတ်ပေးထားတယ်။ အလယ်အလတ် ၈ မှတ်နေရာရမှသာ သာမန်စိတ်ထား ကိုယ်ရည်ကိုယ်သွေးရှိသူလို့ ဆိုတယ်။ မှန်ရင် ၁ မှတ်၊ မှားရင် ၀ မှတ် ပေးတဲ့နည်းပါ။
မောင်။ – ။ဘယ်လို အချက်မျိုးပါဝင်သလဲဆရာ။
ဒေါက်တာမင်္ဂလာ။ – ။က္ကုနြေ္ဒကြီးခြင်း၊ ပွင့်လင်းခြင်း၊ ဉာဏ်ရည်နိမ့်မြင့်ခြင်း၊ စိတ်မတည်ငြိမ်ခြင်း၊ စိတ်လှုပ်ရှားခြင်းနှင့် ကြောက်တတ်ခြင်း၊ သည်းခံခြင်းနှင့် စိတ်ဆတ်ခြင်း၊ ယုံကြည်ခြင်းနှင့် မသင်္ကာခြင်း၊ လက်တွေ့ကျခြင်းနှင့် စိတ်ကူးယဉ်ခြင်းတို့ပါဝင်တယ်။
မယ်။ -။ ကျန်တဲ့ ၆ ချက်ကရောဆရာ။
ဒေါက်တာမင်္ဂလာ။ – ။ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် ယုံကြည်မှုနည်းခြင်း၊ ခေတ်အမြင်ရှိခြင်းနှင့် ရှေးဆန်ခြင်း၊ ကိုယ့်ကိုကိုယ် အားကိုးခြင်းနှင့် အုပ်စုအပေါ်မှီခိုခြင်း၊ ထိန်းချုပ်ခြင်းနှင့် ထိန်းချုပ်မှုမဲ့ခြင်း၊ ဖြေလျော့ခြင်းနှင့် ကြမ်းတမ်းခက်မာခြင်းတို့ပါဝင်ပါတယ်။
မောင်။ – ။အားသာချက်၊ အားနည်းချက်များပြောပြပါဦးဆရာ။
ဒေါက်တာမင်္ဂလာ။ -။ စောစောက ပြောသလို (၈) မှတ်မှ (၁၄) မှတ်ရရင် သာမန်အားနည်းချက်များ၊ လွန်ရင် “ဘဝင်မြင့်ရောဂါ”၊ အားနည်းချက်များလွန်းရင် “ကိုယ်ရည်ကိုယ်သွေးနိမ့်ကျရောဂါ” လို့ သတ်မှတ်ရပါမယ်။ စိတ်ရောဂါကုဆရာဝန်များနှင့်ဆွေးနွေးတိုင်ပင်တာ၊ စိတ်ပညာရှင်တို့ရဲ့ အကူအညီကို ရယူသင့်ပါတယ်။
မယ်။-။ကိုယ်ရည်ကိုယ်သွေးကောင်းသူတစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးနိုင်တာပေါ့နော်ဆရာ။
ဒေါက်တာမင်္ဂလာ။ -။ လူငယ်များကို ပတ်ဝန်းကျင်ရဲ့ ဖေးမကူညီခြင်း၊ ဘာသာရေးလိုက်စားခြင်း၊ တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်း၊ အပေါင်းအသင်းများနှင့် ဖွဲ့သီစကားပြောနားထောင်စေခြင်း၊ ဝင်ဆံ့ပေးခြင်းကနေ လူကောင်း တစ်ယောက်ဖြစ်လာနိုင်ပါတယ်။
မောင်။ – ။ဆိုးရွားလာရင်ရောဆရာ။
ဒေါက်တာမင်္ဂလာ။ – ။ကိုယ်ရည်ကိုယ်သွေးဆိုးရွားလာရင် အလုပ်ထဲ၊ အပေါင်းအသင်း မိသားစုထဲမှာ အဖု အထစ်တွေဖြစ်လာတယ်။ ဆိုးရွားတဲ့အပြုအမူရှိသူများ မိသားစုဆရာဝန်နဲ့ တိုင်ပင်ကုသသင့်ပါတယ်။ အချို့ စိတ်ရောဂါကု ဆရာဝန်များရဲ့ စောင့်ရှောက်မှု ရယူကြရပြီး ပုံမှန်စိတ်ကုသဆေးများ သောက်သုံးကြ ရပါတယ်။ အချို့ အိပ်လို့မရသူများ၊ အိပ်ဆေးပုံမှန်သောက်ဖို့ လိုလာတတ်တယ်။
Credit to: ဒေါက်တာ မင်္ဂလာ
Health Care Journal (Vol-7, No-15)