ကာလအားဖြင့်လည်း ဝါလကင်းလွတ်၊ သီတင်းကျွတ်တော့မယ်ဆိုတော့ကာ မင်္ဂလာဆောင်ဖို့ ပြင်ဆင် နေတဲ့ မောင်မယ် တွေလဲ မင်္ဂလာပွဲအထမြောက်ဖို့အတွက် လူရောစိတ်ရောအပင်ပန်းခံပြီး ကြိုးစားပြင်ဆင်နေကြ ပါတယ်။ ဒီလိုပြင်ဆင်ကြတဲ့အခါ အားလုံးဟာ အပေါ်ယံအခမ်းအနားအတွက်သာ အဓိကထားပြီး အာရုံစိုက်နေ ကြလို့ တကယ်တမ်း ဂရုစိုက်ရမယ့်အရာကို မေ့လျော့နေတတ်ကြပါတယ်။ သတို့သမီးမေမေပါ။
သတို့သမီးမေ မေဆိုတာ မင်္ဂလာပွဲတစ်ခုမှာ သတို့သမီးပြီးရင် အရေးကြီးဆုံး အမျိုးသမီးဖြစ်ပါတယ်။ ဒီလိုနေ့မျိုးမှာ သတို့သမီး လေးနည်းတူ သူမဟာလည်း ရင်ခုန်စိတ်လှုပ်ရှားပြီး ပြောမပြတတ်တဲ့ ခံစားမှုပေါင်းစုံ ရောထွေးယှက်နွယ်ပြီး ခံစားနေရမှာ အသေချာပါပဲ။ သတို့သမီးမေမေရဲ့ စိတ်ထဲမှာ ဘယ်လိုအတွေးမျိုး တွေးနေ မလဲဆိုတာ မမမှိုပွင့် လေးနဲ့အတူ စပ်စုကြည့်ရင်း မျှဝေခံစားလိုက်ကြရအောင်–
၁။ ငါ့သမီးလေးတောင် အရွယ်ရောက်နေပါရောလား။
သူမရဲ့ မျက်စိရှေ့မှောက်မှာ မနေ့တစ်နေ့ကလေးတင် လူငုတ်တုတ်သွားငုတ်တုတ် လမ်းလျှောက်သင်ခါစ သမီးလေး ဟာ အခုတော့ သူ့ခင်ပွန်းလောင်းနဲ့အတူ ယှဉ်တွဲလို့ လူများစွာရဲ့အလယ်မှာ မင်္ဂလာပွဲကြီးကျင်းပ တော့မယ်ဆိုပြီး သူမဘာသာ သူမတွေးတောရင်း အံ့သြမဆုံးဖြစ်နေမှာပါ။ သမီးလေးရဲ့ မင်္ဂလာပွဲဟာ မေမေ့ဘ ဝအတွက် အလွန်ကြီးမားတဲ့ အမှတ်တရ ကြီးတစ်ခုလဲ ဖြစ်ပါတယ်။
၂။ ဒီလိုနေ့မျိုးကိုစောင့်နေတာ သူလေးမွေးထဲကပေါ့။
သူမရဲ့ ချစ်လှစွာသော သမီးလေးကို တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ တကယ်ချစ်မြတ်နိုးရတဲ့သူနဲ့ ဖူးစာဆုံပြီး အခုလို ပရိသတ်ကြီးရဲ့ ကောင်းချီးသြဘာသံတွေ ဝေစီနေတဲ့ မင်္ဂလာခန်းမကြီးမှာ လက်ထပ်ပွဲဆင်နွှဲဖို့ မျှော်လင့်နေတာ သမီးလေး မွေးဖွားတဲ့ နေ့ကတည်းကမို့လို့ ဒီနေ့မှာတော့ မျှော်လင့်ချက်အကောင်အထည် ပေါ်လာပြီဆိုပြီး မေမေတစ်ယောက် ဝမ်းသာ ကြည်နူးရတဲ့ နေ့လဲ ဖြစ်ပါတယ်။
၃။ အတိတ်ကို တစိမ့်စိမ့်ပြန်တွေးရင်းကြည်နူး။
သမီးလေးရဲ့ မင်္ဂလာပွဲကို တက်ရောက်နေတဲ့ မေမေတိုင်း ဖြစ်ပေါ်တဲ့ခံစားချက်လေးပါ။ သူမဟာ အခု လက်ရှိမှာ အိမ်ထောင်ဖက်နဲ့ ကွာရှင်းထားသူပဲဖြစ်ပါစေ ဒါမှမဟုတ် ချစ်ခင်ပွန်းနဲ့ ပျော်ပျော်ရွှင်ရွှင် ဘဝခရီးရှေ့ ဆက်နေသူပဲဖြစ်စေ မေမေတွေတိုင်းဟာ သူတို့ငယ်ရွယ်နုပျိုစဉ်က ကျင်းပခဲ့တဲ့ မင်္ဂလာပွဲကတည်းက ဘယ် လောက်ကျေနပ် ပီတိဖြစ်ပြီး ပျော်ရွှင်ဖွယ်အတိ ဖြစ်ခဲ့လဲဆိုတာကို ပြန်တွေးရင်း သူတို့ရဲ့ ချစ်ခရီးလမ်းအစကို ပြန်လည်ရင်ခုန်နေတတ်ကြသူတွေပါ။
၄။ သမီးရဲ့ မင်္ဂလာပွဲမှာ ငါကကြည့်လို့မှကောင်းပါ့မလား။
ဘယ်လိုပဲ သူမသမီးရဲ့ မင်္ဂလာပွဲပဲဖြစ်ဖြစ်။ သူမရဲ့ ဆံပင်၊ မိတ်ကပ်နဲ့ အဝတ်အစားတွေအားလုံးကို သတို့သမီးလောက် နီးနီး ပြည့်စုံနေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ရွှေပွဲလာပရိသတ်တွေအားလုံးရဲ့ အမြင်မှာ သူ့အမေကိုတောင် သေချာ ဂရုတစိုက် မပြင်ရကောင်းလားဆိုပြီး သူ့သမီးလေးကို အပြစ်တင်ကြမှာ စိုးလို့ပါ။ အဲဒါအပြင် တစ်သက်မှာ တစ်ခါသာ ကျင်းပရတဲ့ သမီးလေးရဲ့ မင်္ဂလာပွဲ ပုံရိပ်တွေမှာ ပြီးပြည့်စုံနေတဲ့ မေမေအ ဖြစ် ရပ်တည်ပါဝင်ခြင်လို့ပဲဖြစ်ပါတယ်။
၅။ ငါတွေ့ဖူးသမျှ သတို့သမီးလေးတွေထဲ ငါ့သမီးအလှဆုံးပဲ။
မင်္ဂလာပွဲမှာ ကျက်သရေရှိစွာ လှပနေမဲ့ သမီးလေးကို မယုံကြည်နိုင်လောက်အောင် ကြည့်ရင်း သူမ တွေးနေမှာပါ။ အပြင်မှာ ပါးစပ်ကနေ တစ်ကြိမ်တစ်ခါလေးတောင် ဖွင့်ဟမပြောဘဲ နေချင်နေမယ်၊ စိတ်ထဲမှာ တော့လှလိုက်တာ မေမေ့သမီး လေးရယ်လို့ ကြိမ်ဖန်များစွာပြောရင်း ဝမ်းသာဂုဏ်ယူနေမယ့်မေမေပါ။
၆။ မငိုပါနဲ့သမီးလေးရယ်။
မင်္ဂလာပွဲနေ့မှာ နှစ်ဖက်မိဘကို လက်အုပ်ချီကန်တော့ရင်း တွေတွေကျနေမဲ့ မျက်ရည်တွေနဲ့ ချစ်သမီး လေးရဲ့ မျက်ဝန်းထဲက မျက်ရည်တွေမြင်ရင် “အားတင်းထားပါ သမီးလေး” လို့ သမီးရဲ့မေမေက တစ်ညလုံးအ သောမသတ် ဖြိုင်ဖြိုင်ကျနေတဲ့ သူမမျက်ရည်တွေကို လျစ်လျူရှုရင်း၊ အားပေးနေမှာပါ။ ချစ်ရတဲ့ ခင်ပွန်းသာအ ဘေးနားမှာအတူတူရှိနေရင် “အမေကြီး အားတင်းထား၊ အဖေကြီးအနားမှာ တစ်ယောက်လုံးရှိပါသေးတယ်” လို့ အားပေးကောင်းအားပေးနေပေမယ့် တစ်ဦးတည်းရပ်တည်နေရတဲ့ မေမေသာဆိုခဲ့ရင် တီးတိုးသမီးလေးကို နှမြောတသစိတ်တွေ ပြည့်နှက်ပြီး အထီးကျန်တဲ့ ခံစားချက်တွေရင်နဲ့မဆံ့လို့ ညစဉ်ညတိုင်း ဝမ်းပန်းတနည်း ငိုကြွေးနေမိမှာ အမှန်ပါပဲ။
အထက်ဖော်ပြပါ အချက်လေးတွေကတော့ အများစုသော သတို့သမီးမေမေတွေရဲ့ ရင်တွင်းခံစားချက် တွေနဲ့ ထပ်တူကျမယ်လို့ ယူဆပါတယ်။ သတို့သမီးလေးတွေကို မေမေသာမက သတို့သားတွေရဲ့ မေမေတွေ ကလည်း နှလုံးသားရှိကြသူတွေချည်းပဲမို့ ကိုယ့်ရဲ့လက်တွဲဖော်ကိုသာမက ကိုယ့်လက်တွဲဖော်မိသားစုရဲ့ စိတ်ခံ စားချက်တွေကိုပါ ဂရုစိုက်ပေးပြီး တတ်နိုင်သလောက် ဂရုစိုက်ပေးပြီး တတ်နိုင်သလောက်ဖြည့်ဆည်းပေးဖို့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို တစ်သက်တာ ထာဝရပိုင်ဆိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါ တယ်။
Author – ဒေါက်တာမှိုပွင့်လေး (ဆေး -၁)