fbpx

အဖန်ငါးရာငါးကမ္ဘာကို  ဂရုမစိုက်ကြတော့သူများအကြောင်း

အဖန်ငါးရာငါးကမ္ဘာကို  ဂရုမစိုက်ကြတော့သူများအကြောင်း

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း   WHO ၏ ၂၀၁၈ ခုနှစ် စာရင်း အရ တစ်နှစ်လျှင် လူပေါင်း ၈၀၀၀၀၀ နီးပါးလောက်သည် သတ်သေကြသည်ဟု စာရင်းထုတ်ပြန်ထားသည်။  Suicide လုပ်ခြင်းကြောင့် မိသားစု နှင့် လူ့ပတ်ဝန်းကျင်ကို သာ ထိခိုက်သည်မဟုတ် တိုင်းပြည်ကိုပါ ထိခိုက် နစ်နာစေပါသည်။ ထို့အပြင် ကျန်ခဲ့သော မိသားစုဝင်များတွင်လည်း နာကျင်မှု တုန်လှုပ်မှု နှင့် နောက်တ တရားတို့ကိုလည်း အချိန်ကြာမြင့်စွာ ဖြစ်ပေါ်နေစေသည်။

Suicide သည် အသက် ၁၅ နှစ် နှင့် ၂၉ နှစ်အတွင်း သေဆုံးမှုတွင် ဒုတိယ အများဆုံး သေဆုံးမှု ဖြစ်သည်။

Suicide လုပ်ခြင်းသည် ဆင်းရဲ သော တိုင်းပြည်များနှင့် အသင့်အတင့် ချမ်းသာသော နိုင်ငံများတွင်သာ အဖြစ်များသည်။

Suicide လုပ်ခြင်းသည် စိတ်ပိုင်းဆိုင်ရာ ပြသနာများနှင့် များစွာ ဆက်စပ်မှု ရှိသည်။ အရက်အလွန် အကျွံ သောက်သုံးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရောဂါများရှိခြင်း၊ အလုပ်အကိုင်များ အဆင်မပြေမှုများရှိခြင်း၊ မိသားစု နှင့် အဆင်မပြေခြင်းများသည် Suicide  ဖြစ်စေရန် တွန်းအားပေးသော အကြောင်းအရာများဖြစ်သည်။

သတ်သေ မဲ့ သူတွေဟာ မသေခင်မှာ အရိပ်အယောင်တွေ ပြတတ်ပါသည်။ ဂရုစိုက်ပြီး ကြည့်ရင် သိသာပါသည်။

၁) မိမိပိုင်ဆိုင်သော ပစ္စည်းများကို လှူဒါန်းခြင်းနှင့် နီးစပ်သူများကို ခွဲဝေပေးခြင်း

၂)ဆွေမျိုးမိတ်ဆွေ သူငယ်ချင်းများအိမိသို့ အလည်အပတ်သွားရောက်၍ နောက်တွင် မတွေ့ဆုံတော့မည့်ပုံစံဖြင့် နှုတ်ဆက်ခြင်း၊

၃) ငါမရှိရင် အားလုံးကောင်းသွားမှာပါ၊ အားလုံးအဆင်ပြေသွားမှာလို့ ခဏခဏ ပြောဆိုခြင်း

၄) သတ်သေ ချင်သည်ဟု မကြာခဏ ပြောဆိုခြင်း၊ သေချင်လိုက်တာ ဟု မကြာခဏ ငြီးငြူခြင်း

၅)ငါ့ဘဝတော့ အဓိပ္ပာယ်မရှိတော့ပါဘူး ဟု ခဏခဏ ပြောဆိုနေခြင်း

၆) အလွန်အမင်း စိတ်ဓာတ်ကျနေတတ်ခြင်း

၇) အလွန်အမင်း စိတ်ဓာတ်ကျနေရာမှသိသိသာသာ ပြောင်းလဲသွားကာ ပျော်ရွှင်နေတဲ့ အမူအရာများဟန်ဆောင်နေခြင်း

၈) တွေးတော စဉ်းစားနေသော အချိန်များကြာလာခြင်း

၉) ညဖက် မအိပ်ခြင်းနှင့် အိပ်ခဲ့လျှင်လည်း မကြာခဏ နိုးတတ်ခြင်း

၁၀) အစားစားခြင် စိတ်များ ပြောင်းလဲ လာတတ်ခြင်း

၁၁) အာရုံစူးစိုက်မှု နည်းလာခြင်း

လူ တစ်ယောက် depression ဝင်နေပြီ ဆိုရင်  အားပေးစကား နှစ်သိမ့်စကားများပြောပေးရပါမည်။ ဘာမဟုတ်တဲ့ ကိစ္စလေးကို ဒီလောက်ဖြစ်နေရတာလားဆိုပြီး အပြစ်ပြောဆိုတာမျိုး မလုပ်သင့်ပါ။ လူတစ်ယောက်နှင့် တစ်ယောက်ဟာ ခံနိုင်ရည်အား မတူညီကြပါ။ ကိုယ်ခံနိုင်ပေမဲ့ တစ်ခြားလူတစ်ယောက်က ခံနိုင်ရည်ရှိချင်မှ ရှိပါသည်။ ထို့ကြောင့် ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင် စိတ်ဓာတ်ကျနေတဲ့သူများရှိခဲ့ရင် လှောင်ပြောင်တာတွေ မလုပ်သင့်ပါ။ ငါ့တုန်းက ဆိုရင် ပြောပြီး ကိုယ်ရည်သွေးဖို့လည်း မလိုအပ်ပါ။  ကိုယ် သန်မာ နေပေမဲ့ တစ်ဖက်လူ မှာ ခံနိုင်ရည် မရှိတာမျိုး ဖြစ်တတ်ပါသည်။ ဒါကြောင့် အားငယ်နေရင် ဖေးမ ကူညီရပါမည်။ နှစ်သိမ့်ရပါမည်။ စိတ်ဓာတ်ကျနေသူများကို အားပေးသင့်ပါသည်။ အထူးသဖြင့် သူနှင့်အရင်းအနှီးဆုံး မိသားစုဝင်များနှင့် သူငယ်ချင်းများက ပေးသင့်ပါသည်။

Depression ရနေပြီဆိုလျှင်လည်း ဖြစ်ပေါ် လာသည့် အခြေအနေ အရပ်ရပ်ကို သေချာစွာရှင်းပြရပါမည်။ ဘဝဆိုတာ ဆက်လက်ကြိုးစားရဦးမည်ဟု သိအောင် ဖြောင်းဖြ ပြောဆိုသင့်ပါသည်။ မင်းဘေးနားမှာ ချစ်တဲ့သူတွေ အများကြီး ရှိသေးတယ်ဟု သိအောင် နားချရပါမည်။ အရေးကြီးဆုံးကတော့ မိသားစုဝင်တွေ သူ့ဘေးနားမှာ အမြဲတမ်း အတူရှိနေရပါမည်။ သူခံစားချက်များကို ရင်ဖွင့်လာသည်အခါ စိတ်ရှည်ရှည်နှင့် နားထောင်ပေးရပါမည်။ Suicide လုပ်မည့်သူများကို အချိန်ပေး စကားပြောပေးရမည်။ Depression ရနေသူများ၏ ပြောစကားများကို နားထောင်ပေးခြင်းသည် Suicide လုပ်ခြင်း များကို ကြိုတင်ကာကွယ်ခြင်းဖြစ်ပေမည်။ ကာကွယ်လို့လည်း ရပါသည်။ နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းမျိုးလည်း လုပ်ဆောင်ပေးသင့်ပါသည်။ ထို့အပြင် နွေးထွေး ကြင်နာသော နှလုံးသားများ နှင့် Suicide လုပ်သူများကို ကာကွယ်နိုင်ပါသည်။

ဆက်စပ် ဆောင်းပါးများ