fbpx

Download OnDoctor App on Google Play

COVID-19 Cases in Myanmar

206 – Confirmed
6 – Death
124 – Recovered

စိတ်ကုန်နေပြီလား

စိတ်ကုန်နေပြီလား

စိတ်ကုန်နေပြီ စိတ်ကုန်နေပြီဟု အမျိုသမီးက ရေရွတ်သလို၊ ကျွန်တော့်အိမ်ထောင်ရေးက ဆားမပါတဲ့ဟင်းလို အရသာပျက်နေပါပြီဟူ၍ တိုင်တည်တတ်သောယောကျာ်များလည်း Ondr မှာမကြာခဏမေးလေ့ရှိပါတယ်။

အိမ်ထောင်ရှင် အမျိုးသမီးအချို့ အမျိုးသားနဲ့ ဆက်ဆံရာမှာ စိတ်ဝင်စားမူမရှိခြင်းသည် အကြီးမားဆုံးအိမ်ထောင်ရေးပြဿနာဖြစ်လာနိုင်ပါတယ်။

အိမ်ထောင်ရှင် အမျိုးသမီးတိုင်း အသက်အရွယ်မရွေး လိင်ဆက်ဆံမှု ဆန္ဒလျော့နည်းပျောက်ဆုံးခြင်းပြဿနာဖြစ်နိုင်ပါတယ်။  အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ ပန်းသေပန်းညှိုးခြင်းမဟုတ်ဘဲ စိတ်ကျန်းမာရေးပြဿနာများနှင့် ကိုယ်ကျန်းမာရေးပြဿနာနှစ်ရပ်လုံးနှင့် သက်ဆိုင်ပါတယ်။

လိင်မကြာခဏ ဆက်ဆံခြင်းသည်လည်း ဆန္ဒမရှိခြင်းကို ကုစားမရပါ။ အမျိုးသမီးများသည် လိင်ဆန္ဒအားနည်းလာလျှင် သူမရဲ့ အိမ်ထောင်သည်ဘဝအပေါ် များစွာသက်ရောက်မှုရှိပါတယ်။

(1) လိင်စိတ်လျော့နည်းရသော အကြောင်းရင်းများမှာ

ရုပ်ပိုင်းဆိုင်ရာပြဿနာများ

– လိင်ဆက်ဆံရာတွင် ကြုံတွေ့ရသော အခက်အခဲများရှိခြင်း
– အဆစ်ရောင်၊ ကင်ဆာ၊ ဆီးချို၊သွေးတိုးနှင့် နှလုံးရောဂါ ခံစားနေရခြင်း
– စိတ်ကျရောဂါကုဆေးဝါးများ၊ တားဆေးအချို့နှင့် သွေးကျဆေးစသောဆေးဝါးများ သောက်သုံးခြင်း
– အရက်အလွန်အကျွံသောက်သုံးခြင်းနှင့် ဆေးလိပ်သောက်ခြင်း
– ရင်သားနှင့် မမျိုးပွားအင်္ဂါခွဲစိတ်မှု ခံယူထားခြင်း
– မိသားစု တာဝန်များကြောင့် အလုပ်ပင်ပန်းခြင်း
– ဟော်မုန်းပြောင်းလဲခြင်း
– သွေးဆုံးပြီး အမျိုးသမီးများတွင် Estrogen ဟော်မုန်းနည်းသောကြောင့် လိင်ဆက်ဆံရာတွင် အဆင်မပြေခြင်း
-ကိုယ်ဝန်ဆောင်စဉ်နှင့်နို့တိုက်နေစဉ် ဟော်မုန်းပြောင်းလဲမှုကြောင့် လိင်စိတ်ဆန္ဒမရှိခြင်း

စိတ်ပိုင်းဆိုင်ရာပြဿနာများ

– မိမိအိမ်ထောင်ဘက်အမျိုးသားနှင့် ဆက်ဆံရေးမပြေပြစ်သောအခါ ဥပမာ ဆွေမျိုး၊ ကလေးကိစ္စ စသည်တို့ကြောင့် လိင်ဆန္ဒလျော့နည်းတတ်ပါတယ်။
– ပြင်ပလွှမ်းမိုးမှုများ (ဥပမာ – အလုပ်ဖိအား) စသည်တို့ကြောင့် လိင်စိတ်လျော့နည်းတတ်ပါတယ်။
– ကိုယ်ခန္ဓာပြောင်းလဲခြင်း၊ ပိန်ခြင်း၊ ဝခြင်း
– လိင်ပိုင်းဆိုင်ရာစော်ကားမှုခံရဖူးခြင်း
– ယုံကြည်မှုပျောက်ဆုံးခြင်း

(2) လိင်ဆန္ဒ ပြန်လည်စိတ်ဝင်စားအောင် မည်သို့လုပ်ရမည်နည်း ?

လိင်စိတ်လျော့နည်းခြင်း အကြောင်းအရင်းသည် စိတ်ရောကိုယ်ပါ ၂ မျိုးလုံးဖြစ်နိုင်သောကြောင့် ကုသနည်းမှာ တမျိုးထက်ပို၍ တပြိုင်နက်ကုသလျှင် ပိုမိုထိရောက်မှုရှိပါတယ်။

– လိင်ဆက်ဆံရာတွင် ကြုံတွေ့သော မိမိအခက်အခဲကို မိမိရဲ့ အိမ်ထောင်ဖက်နှင့်ဆွေးနွေးခြင်း
– စိတ်ရောဂါ အထူးကု ဆရာဝန်နှင့် ဆွေးနွေးခြင်း
– မိမိသောက်သုံးနေသော ဆေးဝါးများအတွင်း ဟော်မုန်းလျော့စေသော ဆေးများကို ပြောင်းလဲသောက်သုံးခြင်း
– အမျိုးသမီးတွင် အခြားသော ရောဂါများကို ကုသခြင်း ဥပမာ သားအိမ်အသားလုံးများ
– တက်စတိုစတီရုန်း ဟော်မုန်းလျော့နည်းမှုကို ကုသခြင်း
– စိတ်ဖိဆီးမှု လျော့စေရန် ခရီးထွက်ခြင်း
– မကောင်းသော အကျင့်များ ရှောင်ရှားခြင်း
– မိမိကိုယ်ကို ယုံကြည်မှုရှိအောင် လေ့ကျင့်ခန်းလုပ်ခြင်း

အထက်ပါ ဖော်ပြပါအကြောင်းရင်းများကို သေချာရှာဖွေကုသခြင်းဖြင့် လိင်ဆန္ဒနည်းပါးပျောက်ဆုံးခြင်းကို အဖြေရှာသင့်ပါတယ်။ နည်းလမ်းမမှန်သော တရားမဝင်ဆေးဝါးများ သောက်သုံးခြင်းသည် ကျန်းမာရေးလွန်စွာ ထိခိုက်နိုင်ကြောင်း သတိပြုသင့်ပါတယ်။

Dr. Kyaw