ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် ကျင့်သုံးလျက်ရှိတဲ့ ဥပဒေပေါင်း ၂၃ ခုရှိပြီး
အသစ်ပြဌာန်းဖို့ စီစဉ်ရေးဆွဲနေတဲ့ ဥပဒေရှစ်ခုရှိတယ်လို့ သိရပါတယ်။
လက်ရှိအဆိုပါဥပဒေတွေမှာ လက်ထောက်ကျန်းမာရေးမှူးတွေအတွက် လုပ်ငန်းခွင်လုံခြုံရေးကို ကာကွယ်ပေးဥပဒေမပါဝင်သေးဘဲ ဆရာဝန်နဲ့ သူနာပြုတွေ၊ ဝန်ထမ်းတွေအတွက် လုပ်ငန်းခွင်လုံခြုံရေးကာကွယ်သည့် ဥပဒေ မရှိသေးဘူးလို့ သိရပါတယ်။
ဒါပြင်ကျန်းမာရေးမှူးတွေ ဆေးကုသမှုကြောင့် ဖြစ်ပေါ်လာတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်လို့ အခြေခံကျန်းမာရေးဝန်ထမ်းလုပ်ငန်းခွင်တွင် အရေးပေါ်ဆေးကုသခြင်းတွေ မဖြစ်မနေဆောင်ရွက်ရတဲ့အခါ ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာပါက ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ ညှိနှိုင်းဖြေရှင်းပေးနေတယ်လို့ သိရပါတယ်။
ကျင့်ဝတ်နဲ့ပတ်သက်တာ၊ ပေါ့ဆမှုကြောင့်ဖြစ်ပေါ်လာတဲ့ ပြဿနာတွေ ရှိလာပါက အရေးယူမှာဖြစ်ပြီး လက်ရှိအချိန်အထိ ကျန်းမာရေးမှူးတွေနဲ့ ပြည်သူတွေအကြား အခက်အခဲ မကြုံတွေ့ရသေး ဘူးလို့ သိရပါတယ်။ မြန်မာနိုင်ငံကျန်းမာရေးမှူးကောင်စီဥပဒေကြမ်း (မူကြမ်း) ကိုသဘောထားမှတ်ချက် ပြန်ကြားရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ပေးပို့ထားပြီး အဆိုပါဥပဒေအတည်ဖြစ်ပါက မြန်မာနိုင်ငံကျန်းမာရေးမှူးကောင်စီ ထွက်ပေါ်လာမှာဖြစ်တယ်လို့ သိရပါတယ်။
၂၀၀၈ ခုနှစ်က ပြင်ဆင်ထုတ်ဝေထားတဲ့ အခြေခံကျန်းမာရေးဝန်ထမ်းတွေရဲ့တာဝန်ဝတ္တရားများနှင့် လုပ်နည်း လုပ် ဟန်များစာအုပ်မှာပါတဲ့ အချက်အလက်တချို့ဟာ ခေတ်ကာလနဲ့ လျော်ညီမှု မရှိတော့တဲ့အတွက် တာဝန်ဝတ္တရားတွေနဲ့ လုပ်နည်းလုပ်ဟန်တွေကို အသစ်ပြင်ဆင်ရေးဆွဲထားတာဖြစ်ပါတယ်။
Author: New