ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်)က ထုတ်ပြန်ခဲ့တဲ့ Child Alert အစီအရင်စာအရ မြန်မာနိုင်ငံရဲ့လူဦးရေ ၅၃ ဒသမ ၁ သန်းမှာ ၃၄ ရာခိုင်နှုန်းဟာ ကလေးသူငယ်တွေ ဖြစ်ကြပြီး မှတ်ပုံတင် မွေးဖွားခြင်း မရှိတာကတော့ ကလေးငါးဦးမှာ တစ်ဦးနှုန်း မွေးဖွားနေကြတယ်လို့ ဆိုထားပါတယ်။ ၂၀၁၆ ခုနှစ်ထဲက ပြင်ဆင်ခဲ့တဲ့ အစီအရင်ခံစာအရ မြန်မာနိုင်ငံလူဦးရေ ၃၄ ရာခိုင်နှုန်းရဲ့ ကလေးထက်ဝက်ကျော်ဟာ ဆင်းရဲနွမ်းပါးမှု အခြေအနေမှာ နေထိုင်ကြရပြီး ငါးနှစ်မြောက် မွေးနေ့မတိုင်မီ သေဆုံးနေတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံဒေသနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပါက (၅) နှစ်အောက် ကလေးသေဆုံးမှု အများဆုံးနိုင်ငံထဲတွင် ပါဝင်နေပြီး ဆင်းရဲနွမ်းပါးမှုနဲ့ ပဋိပက္ခတွေကြောင့် နေ့စဉ်ကလေးငယ် ၁၅၀ ခန့် သေဆုံးနေတယ်လို့ သိရပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ မကွေးတိုင်းနဲ့ဧရာဝတီတိုင်း ဒေသကြီးများ၌ ကလေးသေဆုံးမှုအမြင့်မားဆုံးဖြစ်ပြီး ကလေးငယ် ၁ ဒသမ ၈ သန်းခန့်ဟာ ငြိမ်းချမ်းမှုမရှိတဲ့ နယ်မြေတွေမှာ နေထိုင်ကြရပါတယ်။ အဆိုပါဖြစ်စဉ်တွေကို လျော့နည်းသွားအောင် မြန်မာနိုင်ငံကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက် မြန် မာ)က ၂၀၁၇ ခုနှစ်ရဲ့ ကျန်းမာရေး ထောက်ပံ့မှု၊ ပညာရေးကဏ္ဍ၊ အာဟာရဖြည့်တင်းမှု၊ ကာကွယ်ဆေးထိုးဆေးတိုက် အစရှိတဲ့ကဏ္ဍတွေအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၅ သန်းကျော် လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။