မေလ ၂၉ ရက်ကတော့ ၅၉ ကြိမ်မြောက် ကျရောက်တဲ့ ကမ္ဘာ့အစာအိမ်နှင့် အူလမ်းကြောင်းနေ့ ပဲဖြစ်ပါတယ်။ အဆိုပါနေ့အတွက် ဆောင်ပုဒ်ကတော့ Inflammatory Bowel Disease (IBD): Navigating Evolving Therapies in an Evolving Disease ဖြစ်ပါတယ်။ ယနေ့အချိန်ထိ ကမ္ဘာ ပေါ်မှာ လူအသုံးအများဆုံးဆေးကတော့ အကိုက်အခဲပျောက်ဆေးဖြစ်ပြီး အဆိုပါဆေးကို အလွန် အကျွံသုံးစွဲပါက အစာအိမ်အူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။ အမေရိကန်နိုင်ငံရှိ လူဦးရေရဲ့ ၅.၄ ရာခိုင်နှုန်း၊ လူ ၁၃ သန်းကျော်ဟာ အကိုက်အခဲပျောက်ဆေးတစ်မျိုးမျိုးကို သောက် သုံးနေရပြီး လူတစ်သောင်းကနေ နှစ်သောင်းအထိ အကိုက်အခဲပျောက်ဆေးတွေရဲ့ ဘေးထွက်ဆိုး ကျိုးတွေကြောင့် နှစ်စဉ်သေဆုံးလျက် ရှိတယ်လို့ သိရပါတယ်။
အကိုက်အခဲပျောက်ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မရှိဘဲ နီးစပ်ရာဆေးဆိုင်တွေမှာ အလွန် အကျွံဝယ်ယူ သောက်သုံးတာဟာ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ အစာအိမ်မှာ အနာဖြစ်တာ၊ အစာ အိမ်သွေးကြောပေါက်ခြင်း၊ အစာအိမ်နဲ့အူသိမ်ပေါက်ခြင်း၊ အူမကြီးအနာဖြစ်တာစတဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေကို မလိုအပ်ဘဲ မသောက်သင့်ကြောင်း၊ စပ်ဆေး တွေ၊ အထူးသဖြင့် စတီးရွိုက်ပါတဲ့ဆေးတွေကို ပူးတွဲသုံးစွဲမှု ရှောင်ကြဉ်သင့်ပါတယ်။ အစာအိမ်သွေးယို စိမ့်မှုလက္ခဏာတွေအဖြစ် ကော်ဖီ ရောင်အန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ ရုတ်တရက် သွေးပေါင်ထိုး ကျခြင်းစတာတွေ ဖြစ်ပြီး အဆိုပါလက္ခဏာတွေ ဖြစ်ပေါ်လာပါက အကိုက်အခဲပျောက်ဆေး သုံးစွဲမှုကို ချက်ချင်းရပ်ရမည်ဖြစ်ကြောင်း သိရသည်။ ဒါပြင် အူလမ်းကြောင်းတွင် သန်ကောင်များမှာ အဓိက အန္တရာယ်ပေးနိုင်တဲ့အတွက် သန်ချဆေးသောက်သုံးတာကို ခြောက်လတစ်ကြိမ် ပြုလုပ်ပေးသင့်ပါတယ်။