သိကြားမကိုဋ်

တိုးတက်မှုတွေများပြားနေတဲ့ ယနေ့ခေတ်ကြီးမှာ နေထိုင်စားသောက်မှုတွေ ပြောင်းလဲလာတာဟာလည်း ကျန်းမာရေးအတွက်အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။အနောက်တိုင်းဆန်ဆန်စားသောက်မှုပုံစံတေ ကြောင့်ခန္ဓာကိုယ်ဝဖြိုးခြင်း၊ သွေးအတွင်းအဆီ ဓာတ်များပြားလာခြင်းတို့နဲ့အတူ ဆီးချိုရောဂါဖြစ်ပွားခြင်းတို့ကိုပါ တိုးပွားလာစေပါတယ်။ ယနေ့ဆီးချိုရောဂါရှင်သန်းတစ်ရာမှ ခရစ်နှစ် ၂၀၂၅ မှာ သန်းသုံးရာရှိလာလိမ့်မယ်လို့ သုတေသီတွေက ခန့်မှန်း ထားကြပါတယ်။

ဆီးချိုရောဂါဆိုတာ အခါးဓာတ်ချို့တဲ့ခြင်းကြောင့် အစား အစာတွေကို ကောင်းစွာချေဖျက်ပေးနိုင်တဲ့ အင်ဆူလင်ဟိုမုန်းမထုတ် နိုင်ခြင်းကြောင့်ရရှိလာတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒါ့ပြင် မျိုးရိုး လိုက်ခြင်း၊ ခန္ဓာကိုယ်အဝလွန်ခြင်း၊အသက်အရွယ်၊လိင်၊လူမျိုး၊လှုပ်ရှားမှုမရှိခြင်းနဲ့စိတ်ဖိစီးမှုစတဲ့အခြေအနေတွေကြောင့်လည်း ဆီးချိုသွေးချိုရရှိစေနိုင်ပါတယ်။
ဆီးချိုသွေးချိုရောဂါကို အင်ဆူလင်မှီခိုအသုံးပြုရတဲ့ ဆီးချိုနဲ့ အင်ဆူလင်မှီခိုမှုမရှိတဲ့ဆီးချိုဆိုပြီး နှစ်မျိုးနှစ်စားခွဲခြားထား ပါတယ်။ အမျိုးအစား- ၁ ဟာ ကလေးတွေနဲ့ သက်လတ်ပိုင်းတွေမှာ ဖြစ်လေ့ရှိပြီး အမျိုးအစား- ၂ ကတော့ ၃၅ နှစ်ကျော်အရွယ်တွေမှာ ဖြစ်လေ့ရှိပါတယ်။ အမျိုး အစားမှာ အင်ဆူလင် ထုတ်လုပ်မှု လုံလောက် ပေမဲ့လည်း ခန္ဓာကိုယ် မှာရှိတဲ့ကလပ်စည်းတွေ အသုံးမပြုနိုင်ဘဲ ရောဂါ ဖြစ်လာရတာဖြစ်ပါတယ်။

အင်ဆူလင်ဟာ ကျွန်တော်တို့ နေ့စဉ် စားလိုက်တဲ့အထဲမှာ ပါတဲ့ သကြားဓာတ် (Glucose) တွေကို စွမ်းအင်အဖြစ်ပြောင်း လဲအသုံးပြုနိုင်ဖို့ ဆဲလ် တွေဆီ အရောက်ပို့ပေး ပါတယ်။ ဒါကြောင့် လူ တစ်ယောက်မှာ အင် ဆူလင်မထုတ်နိုင်ရင်ပဲ ဖြစ်ဖြစ် အင်ဆူလင်ထွက်တာမလုံလောက်ရင်ပဲဖြစ်ဖြစ် သကြား ဓာတ်တွေဟာ ဆဲလ်တွေဆီမရောက်တော့ဘဲ သွေးထဲမှာတင်စုပုံလာ ပါတော့တယ်။ သွေးထဲမှာ သကြားဓာတ်တွေ အဆမတန်များပြားလာ ခြင်းဟာ နှလုံးဆီကိုသွားတဲ့သွေးကြောလေးတွေနဲ့ အာရုံကြောတွေကို ဖျက်ဆီးပစ်နိုင်တာကြောင့် လေဖြတ်တာ၊ နှလုံးဖောက်တာ၊ ကျောက် ကပ်အားနည်းတာ၊ အမြင်လွှာပျက်ဆီးတာ၊ အမြင်အာရုံချို့တဲ့ တာတွေအပြင် မျက်စိကွယ်တဲ့အထိပါ နောက်ဆက်တွဲဆိုးကျိုး တွေကိုခံစားရနိုင်ပါတယ်။

ဒါကြောင့် လူ့ခန္ဓာကိုယ်ထဲကို အသံတိတ်ချဉ်းနင်းဝင် ရောက်လာတတ်တဲ့ဆီးချိုရောဂါဟာ ပေါ့ဆလို့မရတဲ့ရောဂါတစ်ခု ပါပဲ။ သူ့ကိုကုသဖို့အတွက် အနောက်တိုင်းဆေးမျိုးစုံရှိပေမဲ့လည်း အနောက်တိုင်းဆေးတစ်မျိုးတည်းနဲ့ကုသခြင်းထက် သဘာဝအသီး အရွက်တွေနဲ့တွဲဖက်အသုံးပြုတာက ပိုမိုထိရောက်ကြောင်း သိရှိလာ ကြပါတယ်။ သက်တမ်းနုသေးတဲ့ဆီးချိုရောဂါအတွက်ဆိုရင် သဘာဝ နည်းတစ်မျိုးတည်းနဲ့ သက်သာပျောက်ကင်းနိုင်ကြောင်းတွေ့ရှိရပါတယ်။

ဆီးချိုရောဂါအတွက် ဆေးဖက်ဝင်သဘာဝအပင်တွေထဲ မှာမှ သိကြားမကိုဋ်ပင် (Java Tea) ဟာလည်း တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။သိကြားမကိုဋ်ပင်ဟာဆီးချိုရောဂါအတွက်သိသိသာသာကောင်းကျိုးပေးနိုင်တဲ့အတွက် သူ့ကိုဆီးချိုပင်လို့တောင် ခေါ်ကြပါသေးတယ်။
သိကြားမကိုဋ်ဟာသေးငယ်ပြီးဖြူပြာရောင်အပွင့်တွေအခိုင်လိုက်ပွင်တဲ့ပင်ပျော့အမျိုးအစားအပင်ဖြစ်ပါတယ်။ နေရာမရွေးစိုက်ပျိုးပေါက်ရောက်နိုင်တဲ့အပင်ဖြစ်လို့ မြန်မာနိုင်ငံမှာလည်း နေရာအနှံ့အပြားမှာပေါက်ရောက်နိုင်ပါတယ်။
အရင်ကသိကြားမကိုဋ်ကိုအရိပ်ထဲမှာအခြောက်လှန်းပြီးလက်ဖက်ခြောက်လို ရေနွေးမှာခပ်ပြီးသောက်သုံးခြင်းဖြင့် ကျောက် ကပ်ရောဂါ၊ ဆီးချိုရောဂါ၊ အဆစ်အမျက်ကိုက်ရောဂါတွေမှာ သုံးလေ့ရှိပါတယ်။ သိကြားမကိုဋ်ပင်ဟာ ဆီးရွှင်စေတဲ့အာနိသင် ရှိတာကြောင့်လည်းအချို့က ဆီးနည်းတာတွေအတွက် အစိမ်း အတိုင်း ပြုတ်သောက်ကြတာတွေ့ရပါတယ်။ ဒီလိုဆီးများများသွား စေတဲ့အတွက် သွေးတိုးသမားတွေနဲ့လည်းသင့်တော်ပါတယ်။ သွေး ပေါင်ကျစေတဲ့အပြင် နှလုံးခုန်နှုန်းကိုလည်း ကျဆင်းလျော့နည်းစေ နိုင်ပါတယ်။ ဒါ့ပြင် ဆီးလမ်းကြောင်းပိုးဝင်တာအတွက်လည်း သုံးနိုင် ပါသေးတယ်။ အခုနောက်ပိုင်းမှာတော့ သိကြားမကိုဋ်အရွက်ရဲ့ အလွန်ခါးတဲ့အရသာကြောင့် ဆီးချိုရောဂါအတွက် အဓိကသုံးလာ ကြပါတယ်။

သိကြားမကိုဋ်ပင်တွေမှာ သွေးတွင်းသကြားဓာတ်ကိုကျစေ နိုင်တဲ့ Glucoside တစ်မျိုးဖြစ်တဲ့ Orhtosiphonin နဲ့ တခြားဆေး ဖက်ဝင်တစ်မျိုးဖြစ်တဲ့Saphonins၊ Tanin ၊ Alkaloids Flavonoids အဓိက (Sinensetin)နဲ့ Essential Oilတွေ ကြွယ်ဝစွာပါဝင်နေပါတယ်။
ဆီးချိုရောဂါအတွက် သိကြားမကိုဋ်ကိုမှီဝဲတဲ့အခါ သဘာဝထုတ်တဲ့ ဆီးချိုကျဆေးတွေဖြစ်ဖြစ်၊ အနောက်တိုင်းဆီးချိုကျဆေးတွေနဲ့ဖြစ်ဖြစ်တွဲသောက်ရင်သွေးတွင်းရှိအချိုဓာတ်ကို ပိုကျ စေတာတွေ့ရပါတယ်။ အဲဒီအထဲမှာမှ အနောက်တိုင်းဆီးချိုကျဆေး တွေနဲ့ တွဲဖက်သောက်သုံးမယ်ဆိုရင်တော့ အနောက်တိုင်းဆေးရဲ့ အချိန်အဆကိုလျှော့ချဖို့လိုတဲ့အတွက် တတ်ကျွမ်းတဲ့သမားတော် တွေနဲ့တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။

ဆက်စပ် ဆောင်းပါးများ