အမြင်အာရုံဓာတ်မတည့်မှုအတွက်နည်းလမ်းများ

မျက်လုံးဓာတ်မတည့်မှုဖြစ်တာဟာ လေထဲမှာပျံ့လွင့်နေတဲ့ပန်း ဝတ်မှုန်တွေကြောင့်ပါ။ ခန္ဓာကိုယ်မှာ ပန်းဝတ်မှုန်တွေ ဓာတ်မတည့် တဲ့လက္ခဏာတွေဖြစ်တဲ့ ယားယံခြင်း၊ မျက်ခွံများရောင်ခြင်း၊ နှာရည် ယိုခြင်းနဲ့ နှာချေခြင်းတို့ကိုခံစားစေနိုင်ပါတယ်။ဒါကြောင့်ဒီပန်းဝတ်မှုန်တွေနဲ့ထိတွေ့မှုကိုလျှော့ချပြီးမျက်လုံးထဲစေးကပ်တဲ့ပန်းဝတ်မှုန်တွေတွယ်ကပ်တဲ့အခါခံစားရမယ့်လက္ခဏာတွေကိုကာကွယ်နိုင်ဖို့လိုအပ်ပါတယ်။ ကာကွယ်ခြင်းဟာကုသခြင်းထက် ပိုမို တန်ဖိုးရှိတယ်ဆိုတဲ့စကားအတိုင်း မျက်လုံးဓာတ်မတည့်မှုကို ရှောင် ကြဉ်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ပန်းဝတ်မှုန်တွေနဲ့ ထိတွေ့မှုကိုလျှော့ချဖို့ပဲဖြစ်ပါတယ်။

ပတ်ဝန်းကျင်ရှိ ပန်းဝတ်မှုန်ပမာဏကိုသိပါ
ပန်းဝတ်မှုန်ပမာဏတွေများနေရင်အိမ်အပြင်ဘက်မှာလှုပ်ရှားရတဲ့လှုပ်ရှားမှုတွေကိုမလုပ်ပါနဲ့။ လေထန်တဲ့ရက်တွေနဲ့ နေ့ခင်းပိုင်းအချိန်တွေဟာ ပန်းပွင့်တွေ၊အပင်တွေပွင့်ပြီးဝတ်မှုန်တွေထုတ်တဲ့အချိန်မို့ပိုပြီးဆိုးပါတယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်ဖို့အစီအစဉ်ရှိတယ်ဆိုရင် အိမ်အတွင်းမှာပဲပြောင်းလုပ်ဖို့ စီစဉ်ပါ။

အကာအကွယ်တွေ ဝတ်ဆင်ပါ
မျက်လုံးတွေကိုကပ်ငြိနိုင်တဲ့ပန်းဝတ်မှုန်ပမာဏကို လျှော့ ချဖို့ လုံခြုံတဲ့နေကာမျက်မှန်ဝတ်ဆင်ပါ။ လျှာထိုးဦးထုပ်တွေ ဆောင်း ခြင်းဟာ ဆံပင်ကို ပန်းဝတ်မှုန်တွေကပ်ငြိတာကိုကာကွယ်ပေးနိုင် ပါတယ်။ ခန္ဓာကိုယ်ကိုလည်းတတ်နိုင်သမျှလုံခြုံအောင်ဝတ်ဆင် ခြင်းဟာပန်းဝတ်မှုန်တွေအိမ်ထဲကိုအမှတ်တမဲ့ပါမလာအောင်ကာကွယ်ပေးနိုင်ပါတယ်။ပန်းဝတ်မှုန်တွေဟာ ခေါင်းအုံးတွေ၊အိပ်ရာခင်းတွေနဲ့အိမ်တွင်းပရိဘောဂတွေအပေါ်ရောက်လာတဲ့အခါ ပန်းဝတ်မှုန်တွေနဲ့ ထိတွေ့တဲ့အချိန် ပိုကြာပြီးမျက်လုံးဓာတ်မတည့်မှု ပိုဆိုးနိုင်ပါတယ်။

ပြတင်းပေါက်တွေကိုဖွင့်ထားပါ
ရာသီဥတုကပူပြီးအပြင်မှာနေသာနေတယ်ဆိုရင် လေ ကောင်းလေသန့်ရှူဖို့ ပြတင်းပေါက်တွေကိုဖွင့်ထားရတာကို နှစ်သက် ကြပါတယ်။ ဒါပေမဲ့ ဒီလိုဖွင့်ထားရင် အိမ်ထဲ ၊ ဒါမှမဟုတ် ကားထဲကို ပန်းဝတ်မှုန်တွေ အလုံးအရင်းနဲ့ဝင်လာနိုင်ပါတယ်။ ပြူတင်းပေါက် တွေဖွင့်ထားမယ့်အစား လေအေးစက်ဖွင့်ထားပါ။ လေစစ်ဆန်ခါ ကိုလည်းပုံမှန်လဲပေးပါ။ Filter တွေဟာ လေထဲမှာပါလာတဲ့ ပန်းဝတ်မှုန်တွေကို စစ်ထုတ်ပေးပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းမှုကိုဂရုစိုက်ပါ
အပြင်ကပြန်လာတဲ့အခါမှာသင့်ရဲ့အရေပြားတွေမှာပါးလွှာတဲ့ပန်းဝတ်မှုန်တွေကပ်ငြိပါရှိလာနိုင်ပါတယ်။ အထူးသဖြင့်မျက်နှာနဲ့လက်တွေမှာကပ်ငြိလာနိုင်တဲ့အတွက်တစ်ကိုယ်ရေသန့်ရှင်းမှုကိုဂရုစိုက်ပြီးဆေးကြောခြင်းအားဖြင့်ဓာတ်မတည့်တဲ့လက္ခဏာတွေကိုလျော့နည်းစေပါတယ်။သင့်ရဲ့ခြေတွေ၊လက်တွေကအဝတ်အစားတွေနဲ့ဖုံးအုပ်ထားတဲ့အပိုင်းမဖြစ်ခဲ့ရင် ရေချိုးလိုက်တာ အကောင်းဆုံးပါပဲ။

တစ်ခါသုံးမျက်ကပ်မှန်တွေကိုသုံးပါ

ပန်းဝတ်မှုန်တွေဟာစိုစွတ်တဲ့မျက်နှာပြင်တွေဖြစ်တဲ့မျက်လုံး၊မျက်ကပ်မှန်၊နှာခေါင်းနဲ့လည်ချောင်းတစ်ရှူးတွေကိုအလွယ်တကူကပ်ငြိနေနိုင်ပါတယ်။သင့်ရဲ့မျက်ကပ်မှန်တွေကိုမကြာခဏဆေးပေးခြင်းဟာကပ်တွယ်နိုင်တဲ့ပန်းဝတ်မှုန်ပမာဏကိုလျှော့ချပေးနိုင်ပေမဲ့အကောင်းဆုံးနည်းလမ်းကတော့မျက်ကပ်မှန်အသစ်ကိုလဲလှယ်တပ်ပေးခြင်းဖြစ်ပါတယ်။ပန်းဝတ်မှုန်ပမာဏများနေတဲ့အချိန်မှာ ပြန်သုံးလို့ရတဲ့မျက်ကပ်မှန်တွေသုံးတာထက်တစ်ခါသုံးမျက်ကပ်မှန်တွေသုံးတာဟာ ရောဂါလက္ခဏာတွေကို သိသိသာသာသက်သာစေနိုင်ပါတယ်။

မျက်လုံးတွေကိုမကြာခဏဆေးကြောပါ

မျက်ရည်အဖြစ်အသုံးပြုတဲ့အရည်တွေဟာမျက်လုံးတစ်ရှူးတွေကနေပန်းဝတ်မှုန်တွေကိုဆေးကြောဖို့ကူညီနိုင်ပါတယ်။ ဆေးဆိုင်မှာဝယ်လို့ရတဲ့ဆလိုင်းအမည်ခံတံဆိပ်အမျိုးမျိုးနဲ့အရည် တွေကိုဝယ်ယူနိုင်ပါတယ်။

မျက်လုံးတွေကို လက်နဲ့မပွတ်ပါနဲ့

မျက်လုံးယားတဲ့အခါလက်နဲ့ပွတ်တာလောက်ဆိုးတာမရှိပါဘူး။ဒီလိုပွတ်တာဟာမျက်လုံးဓာတ်မတည့်မှုဝေဒနာတွေကိုပိုဆိုးစေတဲ့နည်းလမ်းဖြစ်ပါတယ်။ ဒါဘာကြောင့်လဲဆိုတော့ ပန်း ဝတ်မှုန်ထိတွေတဲ့နေရာတွေကို ခန္ဓာကိုယ်ခုခံရေးစနစ်က Mast Cell တွေထုတ်ပေးလိုက်ပါတယ်။ ဒီဆဲလ်တွေထဲမှာ Histamine လို့ခေါ်တဲ့ ဓာတုပစ္စည်းတွေပါဝင်ပြီး ပန်းဝတ်မှုန်တွေကိုဖျက်စီးဖို့နဲ့ တခြား Mast Cellတွေကိုဆွဲဆောင်ဖို့ဖြစ်ပါတယ်။ မျက်လုံးကို ပွတ်လိုက်ရင် ဒီ Mast Cellတွေ ပျက်စီးသွားပြီး Histamine နဲ့တခြားယား ယံစေတဲ့ပစ္စည်းတွေ ထွက်လာစေပါတယ်။ဒါကြောင့်မျက်လုံးယားရင် မျက်ရည်အဖြစ်သုံးတဲ့အရည်၊ ဒါမှမဟုတ် Anti-Histamine မျက်စဉ်းတွေသုံးပြီး ဆေးကြောတာပိုကောင်းပါတယ်။

ဆေးဆိုင်မှာ အလွယ်တကူဝယ်လို၊ရတဲ့ဆေးတွေသုံးပါ

Anti-Histamineတွေဟာသောက်ဆေးအဖြစ်နဲ့ပါနှစ်မျိုးစလုံးသုံးနိုင်ပါတယ်။မျက်လုံးဓာတ်မတည့်တာ တစ်ခုတည်းဆိုရင်တော့AntiHistamineမျက်စဉ်းခတ်ပါ။မျက်လုံးတစ်ဖက်စီခတ်ပေးခြင်းဖြင့် ရောဂါလက္ခဏာတွေကို၁၂နာရီလောက်ကြာ အောင်သက်သာစေပါတယ်။ နှာခေါင်း၊လည်ချောင်းတွေပါယားယံလာရင်တော့ သောက်ဆေးပါသုံးရပါမယ်။ ဆေးမသောက်ခင် ဆေးညွှန်းတွေကိုသေချာဖတ်ပါ။ ဘေးထွက်ဆိုးကျိုးတွေ၊ ခေါင်းမူးတာမျိုးရှိနိုင်ပါတယ်။ဆရာဝန်ကသင်နဲ့သင့်လျော်မယ့် ဆေးကို ညွှန်ကြားပါလိမ့်မယ်။

လိုအပ်ရင်ဆရာဝန်ညွှန်ကြားတဲ့ဆေးကိုသောက်ပါ

ဆေးဆိုင်မှာအလွယ်တကူဝယ်လို့ရနိုင်တဲ့ဆေးဝါးတွေနဲ့မသက်သာတဲ့၊ပြင်းထန်တဲ့ဓာတ်မတည့်မှုတွေအတွက်ဆရာဝန်ညွှန်ကြားတဲ့ဆေးဝါးတွေကိုသောက်ရပါမယ်။အဲဒီဆေးဝါးတွေထဲမှာဆေးဝါးတွေ၊ကိုယ်ခံအားစနစ်ကိုထိန်းညှိပေးနိုင်တဲ့ဆေးတွေပါပါ တယ်။

မျက်စိရောဂါကုဆရာဝန်နဲ့ပြသပါ

အနည်းဆုံးတစ်နှစ် နှစ်ကြိမ်မျက်စိဆရာဝန်နဲ့ပြသပြီးစစ်ဆေးမှုခံယူဖို့လိုအပ်ပါတယ်။ဓာတ်မတည့်မှုဖြစ်တဲ့ရာသီကို တစ်နှစ်တစ်ကြိမ် မျက်စိစစ်ဆေးဖို့လအဖြစ်သတိရပြီးမျက်စိဆရာဝန်နဲ့ပြသသင့်ပါတယ်။

ဆက်စပ် ဆောင်းပါးများ