ကောင်းမွန်စွာ အိပ်စက်အနာယူနိုင်စေဖို့

တစ်နေ့တာပင်ပန်းနွမ်းနယ်ခဲ့သမျှ၊ လုပ်ဆောင်ခဲ့သမျှအလုပ်တာဝန် များကိုအိပ်စက်ခြင်းဖြင့် အပန်းဖြေအနားယူလေ့ရှိကြသည်။တစ်ခါ တစ်ရံအိပ်ရာပေါ်တွင်လှဲလိုက်ရုံဖြင့် ချက်ခြင်းအိပ်ပျော်သွားခြင်း မျိုးရှိသကဲ့သို့စိတ်ထဲတွင်အတွေးပေါင်းစုံဖြင့်ဟိုတွေးဒီတွေးတွေး တောကာအိပ်မပျော်သောအခြေအနေမျိုးကိုလည်းလူတိုင်းနီးပါးကြုံတွေ့ဖူးပေလိမ့်မည်။ ကျန်းမာပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နေ စေဖို့ကလည်း လူနေထိုင်မှုစရိုက်ပုံစံ (အထူးသဖြင့် စားချိန်၊ အိပ်ချိန်၊ အလုပ်ချိန်၊ လေ့ကျင့်ခန်းလုပ်ချိန်) အစရှိသည်တို့ကိုလည်း လိုက်လျောညီထွေစွာလုပ်ဆောင်နိုင်ရန် အရေးကြီးပေသည်။ အိပ် စက်အနားယူခြင်းအလေ့အထသည် မိမိတို့၏စိတ်ခံစားမှု အခြေအနေကိုလည်း ပြောင်းလဲစေနိုင်သည်။ လုံလောက်စွာအိပ် စက်ခြင်းမရှိပါက စိတ်ညစ်ညူးခြင်း၊ စိတ်ဓာတ်ကျခြင်းအစရှိသည် တို့ကိုခံစားရစေနိုင်သည်။စာမေးပွဲဖြေဆိုရန်ရှိခြင်း၊စိတ်လှုပ်ရှားစရာကြုံရမည့်ရက်နှင့်နီးကပ်လာခြင်း၊အလုပ်တာဝန်များပိနေခြင်း၊ပူပန်သောကများကိုတွေးနေခြင်းတို့ကြောင့်အိပ်မပျော်ခြင်းများ ဖြစ်စေကာစိတ်ပိုင်းဆိုင်ရာသာမကဘဲရုပ်ပိုင်းဆိုင်ရာကိုပါထိခိုက်လာစေနိုင်မည်ဖြစ်သည်။

အချိန်အနည်းငယ်သာလိုအပ်
ဆန်းစစ်လေ့လာတွေ့ရှိချက်များအရ အိပ်ရေးပျက်ခြင်း တစ်ရက်၊ နှစ်ရက်ဖြစ်ရုံဖြင့် ဦးနှောက်ဇီဝဖြစ်စဉ်ကို သိသာစွာ ပြောင်းလဲစေနိုင်ပြီး မိမိတို့၏စိတ်ခံစားမှုများကိုမကောင်းသည့်ဘက် သို့ပြောင်းလဲစေနိုင်သည်။ University of Pennsylvania မှ ဆန်းစစ်ချက်တွင် လူတစ်စုကိုတစ်နေ့လျှင် လေးနာရီသာတစ်ပတ်တိတိအိပ်စက်စေပြီး လေ့လာချက်များအရထိုသူတို့တွင် နေ့ဘက် အချိန်များ၌ စိတ်ပင်ပန်းနွမ်းနယ်နေခြင်း၊ စိတ်တိုလွယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဝမ်းနည်းလွယ်ခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ကိုခံစား စေရကြောင်းတွေ့ရှိရသည်။ပုံမှန်စိတ်ဓာတ်အခြေအနေမျိုးပြန်ရ စေနိုင်ဖို့အတွက် ပုံမှန်အိပ်ချိန်ကို ပြန်လည်အိပ်စေပြီး ရက်အနည်း ငယ်ကြာမှသာ ပြန်လည်ရရှိကြောင်းတွေ့ရှိရသည်။

ယနေ့ခေတ် လူနေမှုပုံစံများအရ လူအများစုသည် တဖြည်း ဖြည်းအိပ်ချိန်နည်းလာသည်ကို ဝမ်းနည်းစွာတွေ့ရှိရပြီး လုံလောက် သည့်ကျန်းမာရေးအတွက် ကောင်းမွန်သည့်အိပ်စက်အနားယူခြင်း မျိုးကိုမရရှိနိုင်တော့ပေ။လွန်ခဲ့သောအချိန်ကာလများထက်ခန္ဓာ ကိုယ်ဇီဝဖြစ်စဉ်များပြောင်းလဲမှုမရှိသော်လည်း အိပ်ချိန်အားဖြင့် ၂၅ ရာခိုင်နှုန်းလျော့နည်းလာကြကြောင်းတွေ့ရှိရသည်။ ၁၉၀ဝ ပြည့်နှစ် ကျွန်တော်တို့၏အဘိုးအဘေးခေတ်တွင် တစ်နေ့လျှင် အိပ်ချိန်ကိုး နာရီခန့်ရှိခဲ့သော်လည်း ယခုအချိန်တွင်မူ ယေဘုယျအားဖြင့် ခုနစ် နာရီခန့်သာရှိတော့ကြောင်းတွေ့ရှိရသည်။ နေရာဒေသအချိန် ရာသီဥတုကွာခြားခြင်းတို့ကြောင့်လည်းအိပ်စက်အနားယူချိန်မတူညီကြောင်းကိုလည်းတွေ့ရှိရသည်။ မြောက်အမေရိကတိုက်၏သုံးပုံပုံတစ်ပုံသည် တစ်နေ့လျှင် ခြောက်နာရီထက်နည်းစွာအိပ်စက် ကြသည်။ အမေရိကန်ကဲ့သို့သောတိုင်းပြည်မျိုးတွင် ယေဘုယျ အားဖြင့် တစ်နေ့လျှင် လေးနာရီမှ ငါးနာရီခန့်သာအိပ်စက်အနားယူ ကြသည်။ ယနေ့ခေတ် လူနေထိုင်မှုပုံစံအရ ဖုန်းအသုံးပြုခြင်း၊ စာတို ပို့ခြင်း၊ အင်တာနက်အသုံးပြုခြင်း၊ ဖျော်ဖြေရေးအစီအစဉ်များ ကြည့်ရှုခြင်း အစရှိသည်တို့ကြောင့်လည်း အိပ်စက်အနားယူချိန် တစ်စထက်တစ်စလျော့နည်းလာကြောင်းတွေ့ရှိရသည်။ နည်းပညာ တိုးတက်လာသဖြင့် ကမ္ဘာကြီးကိုအထောက်အကူပြုနိုင်သော်လည်း ကျန်းမာရေးရှုထေထာင့်အရ စနစ်တကျအသုံးချတတ်ရန်မှာ များစွာ အရေးကြီးပေသည်။

အိပ်ရေးပျက်ခြင်းနှင့်စိတ်ဓာတ်ကျခြင်းတို့သည် ဆက်စပ် နေတတ်ခြင်းကြောင့် အောက်ပါအချက်များကိုသတိပြုမိရန်လိုအပ် ပေသည်။
၁။လုံလောက်စွာအိပ်စက်အနားယူခြင်းသည်လူတစ်ယောက်၏ကျန်းမာပျော်ရွှင်ကောင်းမွန်သောဘဝနေထိုင်မှုပုံစံကို ရရှိစေနိုင်သည်။
၂။စိတ်လှုပ်ရှားခြင်းကြောင့် အိပ်မပျော်ခြင်းဖြစ်ပေါ်ပါက စိတ် ရှုပ်ထွေးခြင်း၊ စိတ်တိုခြင်းတို့ကိုဖြစ်ပေါ်စေပြီး တဖြည်း ဖြည်းနှင့် ရေရှည်ညအိပ်မပျော်ခြင်းကိုပါ ခံစားရစေနိုင် သည်။
၃။အိပ်စက်အနားယူရန်ခက်ခဲခြင်းသည်လည်းစိတ်ဓာတ်ကျခြင်း၏ပထမဆုံးရောဂါလက္ခဏာတစ်ခုပင်ဖြစ်သည်။
၄။အိပ်စက်အနားယူခြင်းကြောင့်ခန္ဓာကိုယ်နှင့်ဦးနှောက် အတွက်လိုအပ်သည့်ဇီဝဖြစ်စဉ်များကို ကောင်းမွန်စွာ လည်ပတ်စေနိုင်သည်။
အိပ်ရေးပျက်ခြင်းများ ရက်ဆက်လာပါက ပြန်လည်ဖြည့် ဆည်းပေးရန်လိုအပ်ပါသည်။ ထိုသို့ဖြည့်ဆည်းပေးရန်အတွက် ပြန်လည်အိပ်စက်ပေးခြင်းဖြင့်ပြုလုပ်နိုင်သော်လည်းပုံမှန်အိပ်စက် ခြင်းကဲ့သို့ လန်းဆန်းမှုမျိုးရရှိနိုင်မည်မဟုတ်ချေ။ ဦးနှောက်သည် အိပ်စက်ချိန်များအတွင်းတွင် မိမိ၏မှတ်Óဏ်ကို ပြန်လည်စိစစ် သိမ်းဆည်းထားသောလုပ်ငန်းကိုလုပ်ဆောင်သည်။ ထို့အတွက် ကြောင့် အိပ်ရေးပျက်ခြင်းများပြားလာပါက ခန္ဓာကိုယ်လုပ်ငန်း ဆောင်တာများကို ထိခိုက်စေနိုင်သည်။ အိပ်ရေးပျက်ခြင်းများပြား ခြင်းကြောင့် စိတ်ခံစားမှုကိုထိခိုက်စေနိုင်ပြီး စိတ်ခံစားမှုများကို ဆိုးရွားကာ ကျန်းမာရေးကိုပါထိခိုက်လာစေနိုင်သည်။ သို့ဖြစ်ပါ သောကြောင့် နေ့စဉ်လူနေထိုင်မှုစရိုက်တွင် ပုံမှန်အိပ်စက်ခြင်း အလေ့အထကို ကျင့်သုံုးရန်လိုအပ်ပေသည်။

အိပ်ရေးပျက်ခြင်း၊အိပ်မပျော်ခြင်းကိုကာကွယ်နိုင်ရန် အိပ်ဆေးများကိုအသုံးပြုနိုင်သော်လည်း လေ့လာတွေ့ရှိချက်များအရ အိပ်ဆေးများသည် အိပ်ချိန်ကို ၁၁ မိနစ်မှ ၁၉ မိနစ်သာ ပိုမိုစေ ကြောင်းတွေ့ရှိရသည်။ သို့သော်လည်း အိပ်ဆေးများကို ရေရှည် သုံးစွဲပါက ပုံမှန်ဇီဝဖြစ်စဉ်များကိုထိခိုက်စေနိုင်သောကြောင့် နား လည်တတ်ကျွမ်းသောဆရာဝန်များနှင့် တိုင်ပင်ပြီးမှသာသုံးစွဲသင့်သည်။ပူပန်သောကများ၊စိတ်ဖိစီးမှုများကိုတတ်နိုင်သမျှ မေ့ ဖျောက်ထားပြီး ကောင်းမွန်စွာအိပ်စက်အနားယူသင့်သည်။ တရား ထိုင်ခြင်း၊ စိတ်တည်ငြိမ်စေရန် ယောဂလေ့ကျင့်ခန်းများပြုလုပ်ခြင်း တို့ကိုလည်းပြုလုပ်သင့်သည်။ အိပ်စက်အနားယူခြင်းသည် လူသား အားလုံးတို့အတွက် မရှိမဖြစ်လိုအပ်သောအရာတစ်ခုဖြစ်သည့် အလျောက် ကောင်းမွန်စွာနေထိုင်သောဘဝပုံစံကိုရရှိစေရန် ကြိုးစား ရယူသင့်ပေသည်။

ဆက်စပ် ဆောင်းပါးများ