မျက်စိကျန်းမာရေးအားကောင်းစေရန်အတွက်အထောက်အကူပြုနိုင်သောနည်းလမ်းများစွာကိုသင်ကြားဖူးပေလိမ့်မည်။သဘာဝသစ်ရွက်၊အသီးအနှံများကလည်းမျက်စိကျန်းမာရေးအတွက်အထောက်အကူပြုနိုင်သည်ကိုလည်း သိရှိသင့်သည်။ သင့်မျက်စိကို နေရောင်ခြည်ဒဏ်မှကာကွယ်နိုင်ရန်အတွက် သစ်ရွက်များ၊ ကြက်ဥ အနှစ်၊ ဖရုံသီး၊ မုန်လာဥတို့ကိုအသုံးပြုနိုင်သည်။ လေလာဆန်းစစ် ချက်များအရ အဝါရောင်၊ လိမ္မော်ရောင်၊ အစိမ်းရောင်ရှိသောအသီး အရွက်များသည် အသက်အရွယ်ကြီးရင့်မှုကြောင့်ဖြစ်သော မျက်စိ ရောဂါများ၊ မျက်စိကွယ်သည်အထိဖြစ်နိုင်သောရောဂါများကိုပင်ကာကွယ်နိုင်သည်။အောက်ဖော်ပြပါအသီးအနှံလေးမျိုးကိုစားသုံး ခြင်းဖြင့် သင့်မျက်စိကျန်းမာရေးကိုအထောက်အကူပြုနိုုင်မည် ဖြစ်သည်။
၁။ မုန်လာဥ
မျက်စိအမြင်စွမ်းအားကောင်းမွန်စေရန်အတွက်မုန်လာဥ၏အရည်အသွေးများသည် အရေးပါသော အရာဖြစ်သည်။မုန်လာဥတွင်များစွာပါဝင်သောဘီတာကယ်ရိုတင်းဓာတ်သည်ဗီတာမင်အေအဖြစ်သို့ပြောင်းလဲနိုင်ပြီး မျက်စိအမြင်အားကောင်း စေရန် (အထူးသဖြင့် ညဘက်တွင် အမြင်အာရုံပိုမိုကောင်းမွန် စေရန်)အတွက် အထောက်အကူပြုသည်။ မုန်လာဥတွင်ပါဝင်သော ဘီတာကယ်ရိုတင်းဓာတ်၏ ၅ ရာခိုင်နှုန်းခန့်သည် အစာခြေဖျက် စဉ်တွင်ထွက်ရှိပြီး ကျန်သောရာခိုင်နှုန်းများသည် ဟင်းထဲတွင် ထည့်ချက်ခြင်းဖြင့်လည်းကောင်း၊ ဆီထည့်ခြင်းဖြင့်လည်းကောင်း ပိုမို ထွက်ရှိစေနိုင်ပြီး မျက်စိအတွက် အထောက်အကူပြုမည်ဖြစ်သည်။
၂။ ကန်စွန်းဥ
ကန်စွန်းဥ၊ သို့မဟုတ် လိမ္မော်ရောင်ရှိသောအစား အသောက်အသီးအနှံများသည် ဘာအတွက်ကြောင့် လိမ္မော်ရောင် ဖြစ်နေသည်ကိုအံ့သြနေပါသလော။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့ သို့သောအသီးအနှံများတွင် Carotenoid ဓာတ်ပါဝင်သောကြောင့် ဖြစ်သည်။ Carotenoid သည် လူကိုအကျိုးပြုသော Anti-oxidant တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေနိုင်သောအဆိပ် အတောက်များကိုဖယ်ရှားပေးနိုင်ပြီး မျက်စိအမြင်စွမ်းအားကို တိုးတက်စေသည့်အပြင် ခန္ဓာကိုယ်ခုခံအားစနစ်ကိုလည်း တိုးတက် စေနိုင်မည်ဖြစ်သည်။ ထို့အတွက်ကြောင့် လိမ္မော်ရောင်ရှိသော အစားအစာများကိုုပျော်ရွှင်စွာစားသုံးသင့်သည်။
၃။ ဟင်းနုနွယ်
မျက်စိကိုအာဟာရဖြည့်တင်းစေရန်အတွက်ဟင်းနုနွယ်နှင့်အခြားအစိမ်းရောင်ရှိသောအသီးအရွက်များကိုစားသုံးသင့်သည်။ အစိမ်းရောင်ရှိသောဟင်းသီးဟင်းရွက်များတွင် Anti-oxidantများ ဖြစ်သော Lutein Zeaxanthin တို့ပါဝင်ပြီး အသက်အရွယ် ကြီးသောအခါတွင်ဖြစ်တတ်သောမျက်စိထိခိုက်ခြင်းကို ကာကွယ်နိုင်သည်။ Lutein သည် မျက်စိတိမ်စွဲခြင်း၊ မျက်စိသွေးကြောများအား နည်းခြင်းတို့ကိုလည်း လျော့နည်းစေနိုင်သည်။ အသီးအရွက်များ အရောင်ပိုရင့်လေ Lutein ပိုမိုပါဝင်လေဖြစ်သည်။ အဆီဓာတ်သည် အစာအိမ်မှLuteinစုပ်ယူမှုပိုုမိုုအားကောင်းစေသဖြင့်ဟင်းနုနွယ်နှင့်အခြားအစိမ်းရောင်ရှိသောဟင်းသီးဟင်းရွက်များတွင်အနည်းငယ်ထည့်ပြီးစားသုံးသင့်သည်။Anti-oxidant Luteinနှင့်Zeaxanthin ပါဝင်သောအခြား အသီးအနှံများဖြစ်သော ကိုက်လန်၊ မုန်လာရွက်၊ ဂေါ်ဖီထုပ်၊ မုန်ညင်း၊ သခွားမွှေး၊ ပန်း မုန်လာမျိုးအစရှိ သည်တို့ကလည်းမျက်စိကျန်းမာရေးအတွက်အထောက်အကူပြုစေနိုင်သောအသီးအရွက်များဖြစ်သည်။
၄။ မှော်ပင်၊ ရေညှိ
အစိမ်းရောင်ဟင်းသီးဟင်းရွက်များအပြင်ပင်လယ်ထဲတွင်ရှိသောစိမ်းပြာရောင်ရေညှိအစရှိသည်တို့တွင်လည်း မျက်စိအတွက် အာဟာရဖြစ်စေသောအရာများစွာ ပါဝင်သည်။ အစိမ်းရောင်ရှိ သောအပင်များကဲ့သို့ပင် မှော်ပင်ရေညှိအမျိုးနွယ်ဝင်များတွင်လည်း Chlorophyll ပါဝင်သည်။ Chlorophyll တွင် လူ့ခန္ဓာကိုယ် အတွက်လိုအပ်သောသံဓာတ်ပါဝင်ပြီးသွေးနီဥဖြစ်ပေါ်ခြင်းကိုတိုးတက်လျင်မြန်စေသည့်အပြင်အဆိပ်အတောက်များကိုဖယ်ရှားပေးပြီးသွေးလှည့်ပတ်မှုကို ပိုအားကောင်းစေနိုုင်သည်။ မှော်ပင်၊ ရေညှိအမျိုးအစားများကို အမှုန့်အနေဖြင့်ရရှိနိုင်ပြီးရေ၊ အချိုအရည် အစရှိသည်တို့နှင့်ရောနှောသောက်သုံုးနိုင်သည်။
၅။ အသီးအနှံများ
တရုတ်ဆီးသီး
ဘီတာကယ်ရိုတင်းဓာတ်နှင့် ဗိုက်တာမင်အေဓာတ်များ ပါဝင်သည်။
ဘယ်ရီသီး
Anti-oxidant ဖြစ်သော Anthocyanins ဓာတ်ပါဝင် ပြီးမျက်စိရောဂါများကိုုကာကွယ်ပေးနိုင်သည်။
သခွားမွှေးသီး
ဘီတာကယ်ရိုတင်းဓာတ်နှင့် ဗိုက်တာမင်စီကြွယ်ဝစွာ ပါဝင်သည်။
မာလကာသီး
အူတိုင် ပန်းရောင်၊ သို့မဟုတ် အနီရောင်ရှိသော မာလကာသီးများတွင် ဘီတာကယ်ရိုတင်းဓာတ်များစွာ ပါဝင်သည်။
ကီဝီသီး
ဗိုက်တာမင်စီနှင့် မျက်စိအားကောင်းစေရန်အတွက် လိုုအပ်သောဇင့်ဓာတ်ပါဝင်သည်။
သံပရာသီး
ဗိုက်တာမင်စီအပြင် အခြားအာဟာရဓာတ်များစွာပါဝင်ပြီး Anti-oxidant ဖြစ်သော Lutein နှင့် Zeaxanthin တို့ပါဝင်သည်။
တည်သီး
ဘီတာကယ်ရို တင်းနှင့် ဗိုက်တာမင်စီ ဓာတ်များပါဝင်သည်။
ပန်းသီး
ဗိုက်တာမင် အေနှင့် ဗိုက်တာမင်စီတို့ ပါဝင်ပြီး အသက်အရွယ် ကြီးရင့်မှုကြောင့်ဖြစ်စေ နိုင်သော မျက်စိရောဂါ များကို ကာကွယ်ပေးနိုင်သည်။